AD
AD
AD
play

 

ကျောက်ကပ်ရောဂါကြောင့် ကျန်းမာရေးချို့ယွင်းနေတဲ့ ဦးမန်းဝင်းဟာ ၂ ရက်တစ်ကြိမ် ဆေးခန်းပြနေရတာ ဖြစ်ပြီး ပြနေကျ ဆေးရုံ ၃ ရက်ပိတ်ထားတာကြောင့် ဝေဒနာကို ပိုမိုခံစားနေရတယ်လို့ သိရပါတယ်။

"ဆေးရုံ ၃ ရက်ပိတ်တော့ ကျောက်ကပ်မဆေးရဘူး

ဒီနေ့တော့ မောနေပါပြီ

ဆေးရုံကလည်း တစ်နှစ်လုံးမှ ၃ ရက်ပဲပိတ်တာ

ကျောက်ကပ်ဆေးတဲ့သူက တစ်နေ့ဆိုတစ်နေ့ သိသာတယ် ပရိသတ်ကြီး ကျောက်ကပ်ရောဂါမဖြစ်အောင် ဂရုစိုက်ကြပါ

ပုံကတော့ သင်္ကြန်​ အတက်နေ့ အခြေအနေပါ" လို့ သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။

ပရိသတ်တွေက သူ့ရဲ့ပုံကို ကြည့်ပြီး စိတ်မကောင်းဖြစ်နေကြကာ သင်္ကြန်တွင်းဖွင့်တဲ့ ဆေးခန်းတွေကို ပြောပြနေကြပါတယ်။

play

 

အမြင်အာရုံလည်း ချွို့ယွင်းနေပြီဖြစ်တဲ့ ဦးမန်းဝင်းရဲ့ဖ့စ်ဘွတ်စာမျက်နှာကိုတော့ သူ့အစား သူ့မိသားစုက သုံးပြီး ပရိသတ်ကို သူ့ရဲ့အခြေအနေ အသိပေးနေတာ ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ တစ်လကျော်က ဦးမန်းဝင်းရဲ့ အခြေအနေကို Duwun Media က မေးမြန်းစဉ်မှာတော့ ဇနီးဖြစ်သူက အခုလို ဖြေကြားပေးခဲ့ပါတယ်။

play

 

"လက်ရှိကျန်းမာရေးအခြေအနေက အောက်ဆီဂျင် အမြဲမပြတ်ရှူနေရတယ်။ အထိုင်အထကို မောပါတယ်။ ထူထူထောင်ထောင်တော့ ရှိပါတယ်။ အရမ်းကြီး စိုးရိမ်ရတဲ့ အနေအထားမှာတော့ မရှိပါဘူး။ ဒါပေမဲ့ ဦးမန်းဝင်းက သွေးတွေအရမ်းတိုးတော့ မျက်စိသွေးကြောတွေပေါက်ပြီးတော့ မျက်စိအမြင်အာရုံကတော့ မျှော်လင့်ချက် ရာခိုင်နှုန်းနည်းသွားပြီ။ ညာဘက်က အခြေအနေ တော်တော်ဆိုးတယ်။ ဘယ်ဘက်က သွေးပေါင်ကျတဲ့အခါဆိုရင် ရေးရေးလေးမြင်တယ်" လို့ ဦးမန်းဝင်းရဲ့ဇနီးက ပြောပြပါတယ်။

အဆုတ်အားနည်းတဲ့အတွက် အောက်ဆီဂျင်က အမြဲအမြတ်ပေးနေရပြီး ကျောက်ကပ်လည်း နှစ်ရက်တစ်ကြိမ် ဆေးနေရကာ နေ့တိုင်းလိုလို ဆေးခန်းပြနေရတာ ဖြစ်ပါတယ်။

Photos : ဦးမန်းဝင်းဖေ့စ်ဘွတ်

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD