AD
AD
AD
play

 

အမြဲတမ်း ပျော်ပျော်နေတတ်တဲ့ ပိုင်တံခွန်က သူ့ကို ဆယ်လီတစ်ယောက်မှန်းမသိဘဲ ပြစ်မှုကျူးလွန်သူလို့ ထင်သွားတဲ့  အမျိုးသမီးကြီးတစ်ဦးကြောင့် ရယ်မောခဲ့ရပါသေးတယ်။

"လူများလို့ လုံခြုံ​ရေးညီကို​တွေ အပြင်​ပို့​ပေးတဲ့ မြင်​ကွင်းကို အန်​တီကြီးတ​ယောက်​က လက်​သီးလက်​​မောင်းတန်းပြီး ဟာ ဟိုမှာဟိုမှာ ဖမ်းသွားပြီ ဘာအမှုလည်းမသိဘူးတဲ့ ကျ​နော့်​မှာ ရီလိုက်​ရတာဗျာ ​အေး​လေ ရုပ်​ခံက ဒီ​လောက်​ဘဲရှိတာကို" လို့ သူ့ရဲ့ဖေ့စ်ဘွတ်မှာ သင်္ကြန်အတက်နေ့က ရေးသားထားပါတယ်။

play

 

သူ့ရဲ့စာကို ကြည့်ပြီး အားလုံးကလည်း သဘောတကျ ရယ်မောနေကြပါတယ်။

ပိုင်တံခွန်တင်တဲ့ ဖေ့စ်ဘွတ်ပို့စ်လေးတွေက တခုခုတော့ အမြဲစိတ်ဝင်စားစရာပါနေတတ်ပြီး ရယ်စရာလေးတွေ ပြောတာများတဲ့အတွက် သူ့ကို ချစ်ခင်သူက ပေါများလှပါတယ်။

play

 

ပိုင်တံခွန်က အစအနောက် သန်သူလည်းဖြစ်ပြီး ဖေဖော်ဝါရီလတုန်းက ရည်းစားရှိသလို စနောက်ခဲ့ဖူးလို့ ပရိသတ်တွေ စိတ်ဆိုးတာ ခံခဲ့ရဖူးပါတယ်။

ပိုင်တံခွန်နဲ့ အလှမယ် အိန်ဂျလမုန်တို့က နှစ်ယောက်သား တိုင်ပင်ပြီး ပရိသတ်ကို အကွက်ကျကျ နောက်ပြောင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ပိုင်တံခွန်က သူ့ရဲ့ အားလပ်ချိန်တိုင်းကို ပရိသတ်တွေနဲ့ Live ပြောပြီး ပရိသတ်တွေနဲ့ ရင်းရင်းနှီးနှီးနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။ မော်ဒယ်လောက ကနေ သရုပ်ဆောင်ပိုင်းကို ဝင်ရောက်လာတဲ့ ပိုင်တံခွန်ကတော့ပရိသတ်တွေအားပေးမှု ရရှိထားတဲ့ အနုပညာရှင် တစ်ဦးလည်း ဖြစ်ပါတယ်။

Photos : ပိုင်တံခွန် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD