AD
AD
AD
play

 

သင်္ကြန်လေးရက်စလုံးရော နှစ်ဆန်းတစ်ရက်နေ့မှာကော သံဃာတော်များအတွက် မပျက်မကွက်ဆွမ်းချက်ပြုတ်လှူဒါန်းခဲ့သူလေးက အဆိုတော် ပိုပိုပါ။

ပိုပိုဟာ အလှူနဲ့ ပတ်သက်လာရင် ဘယ်တော့မှ လက်မတွန့်သူလည်း ဖြစ်ပါတယ်။ ဒီနေ့ နှစ်ဆန်း(၁)ရက်နေ့မှာလည်း မနက်စောစော သံဃာတော်များအတွက် ကိုယ်တိုင် ဆွမ်းချက်ပြီး လှူဒါန်းခဲ့တယ်လို့ ဆိုပါတယ်။

play

 

"သင်္ကြန်လေးရက် စလုံး ရော နှစ်ဆန်းတစ်ရက်နေ့ မှာလဲ အိမ်ရှေ့တန်းဆွမ်း မပျက်မကွက်လှူဒါန်း အိပ်ရာထနောက်ကျတော့ အသဲအသန်ထချက်လှူ" ဆိုပြီး ရေးသားထားပါတယ်။

သူမပြုလုပ်သော ကုသိုလ်ကောင်းမှုများသည် နိဗ္ဗာန်မရောက်ခင် (၃၁)ဘုံအတွင်း ကျင်လည်နေသရွေ့သာသနာတော်ကို ချီးမြောက် ထောက်ပံလှူဒါန်းနိုင်ပါစေဆိုပြီး ဆုတောင်းထားပါသေးတယ်။

play

 

သူမအတွက် ဆုတောင်းထားသလို သူမရဲ့ ပရိသတ်တွေအတွက်ကိုလည်း ယခုလို ဆုတောင်းပေးထားတာကိုလည်း တွေ့ရပါတယ်။

"ပရိသတ်များလည်း စီးပွားရေး ကျန်းမာရေးများ ကောင်းမွန်အောင်မြင်ကြပါစေ" ဆိုပြီး ပြောထားပါသေးတယ်။

ပိုပိုက ဒီနေ့ နှစ်ဆန်းတစ်ရက်နေ့မှာ မိုးလင်းတာနဲ့ အလှူအတန်းတွေနဲ့ အစပြုခဲ့သလို နေ့လည်မှာလည်း အလှူလုပ်ဖို့ စီစဉ်ထားပါ သေးတယ်။နေ့လည်(၃)နာရီလောက်မှာ တောင်ဥက္ကလာပ ၇ ဆူဘုရားမှာ ရွှေရင်အေး အလှူလုပ်မယ်ဆိုပြီး ပြောထားပါသေးတယ်။

သူမရဲ့ဆွမ်းကုသိုလ်အလှူက ပုံရိပ်လေးတွေကို ပရိသတ်တွေ ကုသိုလ်ယူနိုင်ဖို့ ပြန်လည်ဖော်ပြပေးလိုက်ပါတယ်နော်။

play

 

အဆိုတော်ပိုပိုကတော့ ပထမဆုံးတစ်ကိုယ်တော်တေးစီးရီးဖြစ်တဲ့ ချစ်ဖူးခဲ့သမျှ တစ်ကိုယ်တော် အယ်လ်ဘမ်၊ အလွမ်း သီချင်းကြိုက်တဲ့ ရေဒီယို အယ်လ်ဘမ် တို့ကို ထွက်ရှိခဲ့ပြီးတော့ Master Piece  မီနီအယ်လ်ဘမ်လည်း ထွက်ရှိထားသူဖြစ်ပါတယ်။

သူမဟာ  "ကြောက်ကြောက်ကြောက်" ရုပ်ရှင်ဇာတ်ကားကြီးမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

 

Photo : ပိုပို FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD