AD
AD
AD
play

 

သင်္ကြန်တစ်တွင်းလုံး ပျက်ကွက်ခဲ့တဲ့ အိမ်ရှင်ထီးတာဝန်တွေကို ဒီနေ့မှာ ပြန်လည်ထမ်းဆောင်နေရသူက သားငယ်ပါ။

အဆိုတော် သားငယ်က သင်္ကြန်တွင်းတုန်းက ဖျော်ဖြေရေးအစီအစဉ်များနဲ့ ဇနီးနားမှာ မနေနိုင်ခဲ့တာကြောင့် အခုသင်္ကြန်ပြီးချိန်မှာတော့ ဇနီးသည်အနားမှာနေပြီး အိမ်မှုကိစ္စတွေ ဝိုင်းလုပ်ပေးနေတာတွေ့ပါတယ်။

play

 

မိန်းမကို ဦးစားပေးတတ်သူ သားငယ်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာလည်း ယခုလို ရေးသားထားပါသေးတယ်။

"သင်္ကြန်တစ်တွင်းလုံး ပျက်ကွက်ခဲ့သော အိမ်ရှင်ထီး တာဝန်များအား ကျေပွန်စွာပြန်လည်ထမ်းဆောင်

ဖီလင်-မိန်းမကိုဦးစားမပေးတတ်သူမို့" လို့ ပြောထားပါတယ်။

ဇနီးသည်နား ကပ်ချွဲနေတဲ့ ပုံလေးတွေ တင်ပြီးတော့ အဲ့လိုမျိုးစားလေးကို ရေးထားတာပါ။

play

 

သင်္ကြန်တစ်တွင်းလုံး သားငယ်က My Tel မဏ္ဍပ်မှာ ဖျော်ဖြေခဲ့တာ ဖြစ်ပါတယ်။အဆိုတော် သားငယ်တို့ဇနီးမောင်နှံဟာ ပရိသတ်ချစ်ခင်မှု ရရှိထားသူလည်း ဖြစ်ပါတယ်။

အဆိုတော် သားငယ်ဟာ သူဝါသနာပါရာ အနုပညာအလုပ်နဲ့ ရပ်တည်နေတဲ့သူလည်း ဖြစ်ပါတယ်။

play

 

ဝါသနာပါရာ ဂီတဘက်ကို လျှောက်လှမ်းရင်းနဲ့ မူရင်းအလုပ်ဖြစ်တဲ့ အကြော်ကြော်တဲ့ အလုပ်ကိုလည်း မစွန့်လွှတ်ပဲ အားရင် အားသလို သွားရောက်လုပ်ကိုင်ဖြစ်နေတာကို တွေ့ရပါတယ်။

အဲ့လိုအချက်လေးတွေကြောင့်လည်း ပရိသတ်အားပေးမှုကို ပိုမိုရရှိခဲ့တာ ဖြစ်ပါတယ်။

play

 

သားငယ်ရဲ့ "လမ်းကလေး" လို့ နာမည်ပေးထားတဲ့ ပထမဆုံး တေးစီးရီးဟာလည်း ဖေဖော်ဝါရီ(၂) ရက်နေ့က ထွက်ရှိခဲ့ပြီး ဖြစ်ပါတယ်။အဲ့ဒီအခွေလေးဟာ ပရိသတ်အားပေးမှု ရရှိခဲ့တာကိုလည်းတွေ့ရပါတယ်။ အခွေရောင်းရတဲ့ ငွေတွေထဲက အမြတ်အစွန်းများကိုလည်း သားငယ်ဖောင်ဒေးရှင်းကနေတစ်ဆင့် (ABD) ပရဟိတသွေးအလှူရှင်များအသင်းကို လှူဒါန်းနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုတော် သားငယ်ကိုတော့ Myanmar idol Season 2 ကနေ ပရိသတ်အားပေးမှုအများကြီးရရှိခဲ့တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ပါတယ်။

 

Photo : သားငယ် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD