AD
AD
AD
play

 

သင်္ကြန်တစ်တွင်းလုံး ဘားအံက ပရိသတ်တွေနဲ့ အတူရှိနေခဲ့တဲ့ အဆိုတော် မိစန္ဒီက နှစ်ဆန်း(၁)ရက်နေ့မှာ ရန်ကုန်ကို ချက်ချင်းပြန်လာပြီး စတုဒီသာအလှူလေး ဖြစ်မြောက်အောင် စီစဉ်ခဲ့ပါတယ်။

နှစ်စဉ်နှစ်တိုင်း နှစ်ဆန်း(၁)ရက်နေ့ကို စတုဒီသာ အလှူလုပ်ခဲ့တဲ့ မိစန္ဒီက ဒီနှစ်ကိုလည်းစတုဒီသာအလှူလေးပြုလုပ်ခဲ့ပါတယ်။

play

 

နှစ်ဆန်း(၁)ရက်နေ့မှာ သူမက ရေခဲမုန့်Truck ကားကြီးကို တစ်နေကုန် ငှားပြီး ရွှေဂုံတိုင် မိဘမဲ့ကလေး ပြုစုရေးကျောင်း၊ ပါရမီနားက အမျိုးသမီးလေ့ကျင့်ရေးကျောင်းက ကလေးတွေရယ်၊ ကမ္ဘာအေးဘုရားတို့မှာ ရေခဲမုန့် စတုဒီသာ အလှူလေး ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

"မိစန္ဒီ မနေ့ကနှစ်ဆန်းတစ်ရက်နေ့မှာ သူငယ်ချင်းတွေနဲ့ ရေခဲမုန့်စတုဒီသာ အလှူလေး လုပ်ခဲ့ပါတယ်။သင်္ကြန်မှာ ဘားအံမှာ သီချင်းဆိုပြီး နှစ်ဆန်းတစ်ရက်နေ့ မနက် ၃ နာရီလောက်မှ ရန်ကုန်ပြန်ရောက်တော့ စီစဉ်ချိန်လည်း မရ.. နှစ်တိုင်းလည်း စတုသီသာ လုပ်နေကြဆိုတော့.. လုပ်ကလည်း လုပ်ချင်ဆိုတော့ နှစ်ဆန်းတစ်ရက်နေ့မှာ ဗိုလ်တထောင်ဘုရားရှေ့မှာ ရောင်းနေတဲ့ ရေခဲမုန့် truckကားလေးကို တစ်နေကုန် ငှားလိုက်ပြီး ရွှေဂုံတိုင် မိဘမဲ့ ကလေး ပြုစုရေးကျောင်းရယ်၊ ပါရမီနားက အမျိုးသမီးလေ့ကျင့်ရေးကျောင်းက ကလေးတွေရယ်.. နောက်ပြီး ကမ္ဘာအေး ဘုရားမှာရယ် ရေခဲမုန့် စတုဒီသာ အလှူလေးလုပ်ဖြစ်ခဲ့ပါတယ်." ဆိုပြီး ပြောထားပါတယ်။

play

 

တချို့ဆိုရင် ရေခဲမုန့် ရောင်းနေတယ်ထင်လို့ လာလာဝယ်စားကြတယ်တဲ့။ သူမရဲ့အလှူအတွက် မိစန္ဒီတစ်ယောက် ပျော်လို့နေပါတယ်။

"ဒီရာသီမှာ ကလေးတွေရော လူကြီးတွေရော ရေခဲမုန့်ကို လိုလိုလားလား စားကြတာမို့ ကမ္ဘာအေးဘုရားမှာဆို ရောင်းတယ်ထင်တယ် လာလာဝယ်ကြနဲ့ ပျော်စရာလည်းကောင်းတယ်.. ကျောင်းက ကလေးတွေလည်း ရေခဲမုန့်ကားကြီး ကျောင်းရောက်လာပြီး စားရတော့ ပိုပျော်ရတယ်.. စားရတဲ့ လူတွေရော.. လှူရတဲ့ လူတွေရောပျော်စရာကောင်းခဲ့ပါတယ်.. " ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါသေးတယ်။

play

 

သူမရဲ့ အလှူအစီအစဉ်မှာ ပါဝင်လှူဒါန်း အားပေးကြတဲ့ သူငယ်ချင်းတွေ အကုန်လုံးကိုလည်း ကျေးဇူးတင်ကြောင်း ပြောထားပါသေးတယ်။

သူမပြုလုပ်တဲ့ အလှူဒါနလေးကြောင့် သူမရဲ့ ပရိသတ်တွေအားလုံး နှစ်သစ်ကစပြီး အမြဲတမ်း ရေခဲမုန့်လေးကို ကိုယ်စိတ်နှစ်ပါး အေးချမ်းပါစေဆိုပြီး ဆုမွန်ကောင်း တောင်းပေးထားတာကိုလည်း တွေ့ရပါတယ်။

 

Photo : မိစန္ဒီ FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD