AD
AD
AD
play

 

သရုပ်ဆောင် သာထက်ဥာဏ်ဇော်က မိခင်နဲ့ ညီလေးအတွက် အတော့်ကို စိတ်မကောင်းဖြစ်လို့နေပါတယ်။ မျက်စိရှေ့မှာတင် မိခင်နဲ့ ညီလေးကို ဆုံးရှုံးလိုက်ရတဲ့အတွက် ခံစားနေရတာ ဖြစ်ပါတယ်။

ဖြစ်နိုင်ရင် ညီလေးနဲ့ နေရာချင်းလဲလိုက်ချင်တယ်ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

"ချစ်ရသော မေမေနှင့် တစ်ဦးတည်းသော သားငယ်လေး .ခဏလေးခွဲမယ်နော် ...

မျက်စိရှေ့ကြီးမှာဆိုတော့ ပြောမပြတတ်အောင် ခံစားရတယ် မေမေနှင့်သားငယ်လေး ...

accident ဖစ်ပြီးလို့ မေမေနှင့်သားငယ်လေးကို

သားရှာတွေ့တွေ့ချင်း သရဏဂုံတွေကို နားနားမှာ

ကပ်ပြီးအသေအချာရွတ်ဖတ်ပေးတာ မေမေနှင့်ညီလေး

ကြားမယ်လို့သားထင်ပါတယ်။

( သားငယ် နောင်ဘဝကျရင် ညီကိုထပ်ဖြစ်ရအောင်ကွာ ...

အဲ့အခါကျရင် ကိုကြီးအငယ်လုပ်ပေးပါ့မယ် )

ညီလေးရယ် ဖြစ်နိုင်ရင် နေရာချင်းလဲလို့ရရင် လဲလိုက်ချင်တယ်ကွာ ." ဆိုပြီး ပြောထားတာပါ။

play

 

မေမေနဲ့ညီလေးတို့နဲ့အတူ နောင်ဘဝမှာ ရေစက်များဆုံခဲ့ရင်လည်း ဒီလိုမိသားစုဘဝလေး ပြန်ရချင်တယ်ဆိုပြီးလည်း ရေးသားထားတာပါသေးတယ်။

"မေမေ သားတို့မိသားစုနောင်ဘဝတွေရေစက်များဆုံခဲ့ရင် သားဒီမိသားစုဘဝလေးကိုပြန်ရချင်တယ်။သားမေမေကို ချစ်လို့တောင်မဝသေးဘူးမေမေ ။ အရာအားလုံးစိတ်ချပါနော် ... မေမေနဲ့သားငယ်လေး လှူတန်းခဲ့သော အရှိန်အဟုန်များစွာဖြင့်

ကောင်းရာဘုံဘဝကို အမြန်ဆုံးရောက်ပါစေလို့ သားဆုတောင်းပါတယ် ... " ဆိုပြီးတော့ ဆုတောင်းစကားလေးလည်း ပြောထားပါတယ်။

play

 

သာထက်ဥာဏ်ဇော်ရဲ့ မိခင်နဲ့ညီလေးဖြစ်သူတို့ကို နေပြည်တော်နားမှာဖြစ်ပွားခဲ့တဲ့ ကားအက်စီးဒင့်ကြောင့် ဆုံးရှုံးခဲ့ရတာပါ။

သရုပ်ဆောင် သာထက်ဥာဏ်ဇော်ဟာ သင်္ကြန်တွင်း မန္တလေးသင်္ကြန်မှာ ပရိသတ်တွေနဲ့ အတူရှိနေခဲ့တာပါ။သင်္ကြန်ပြီးလို့ ရန်ကုန်ကို ပြန်လာတဲ့အချိန် နေပြည်တော်နားမှာ အက်စီးဒင့်ဖြစ်သွားခဲ့တာ ဖြစ်ပါတယ်။

play

 

ပရိသတ်တွေက သရုပ်ဆောင် သာထက်ဥာဏ်ဇော်အတွက် စိုးရိမ်နေကြသလို မိခင်နဲ့ညီလေးဖြစ်သူအတွက် စိတ်မကောင်းဖြစ်နေကြသလို အနုပညာလောကထဲက သူငယ်ချင်းတွေကလည်း သာထက်ဥာဏ်ဇော်အတွက် ဝမ်းနည်းနေကြပါတယ်။

 

Photo : သာထက်ဥာဏ်ဇော်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD