AD
AD
AD
play

 

သင်္ကြန်တစ်တွင်းလုံးမှာ မြန်မာနိုင်ငံက ပရိသတ်တွေနဲ့ အပြတ်ကဲထားတဲ့ အိမ့်ချစ်လေးက ကိုရီးယားကို ခရီးဆက်ရဦးမယ်လို့ သိရပါတယ်။ ဧပြီ(၂၂) ရက်နေ့ ကိုရီးယားမှာ ပြုလုပ်မယ့် ကိုရီးယားရောက် မြန်မာတွေအတွက် သင်္ကြန်ဆက်ကျပေးဦးမယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာလည်း တွေ့ရပါတယ်။

play

 

"မနက်ဖြန်ည Korea ထွက်ပြီ ကိုရီးယားရောက်ရွှေမြန်မာတွေအတွက်

သင်္ကြန်ဆက်ကျပေးလိုက်ဦးမယ်" ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ဧပြီ(၁၇) ရက်နေ့ ရေးသားထားတာပါ။

ကိုရီးယားနိုင်ငံရောက် မြန်မာတွေအတွက် ကျင်းပပြုလုပ်မယ့် မဟာသင်္ကြန်ပွဲတော်မှာ သူမက ပါဝင်ဖျော်ဖြေရမှာ ဖြစ်ပါတယ်။ ပရိသတ်တွေအတွက် မနားတမ်း ကြိုးစားနေသူလေးပါ။

play

 

သင်္ကြန်တွင်းကလည်း သင်္ကြန်အကြိုနေ့နဲ့ အကျနေ့တို့ ရန်ကုန်က ပရိသတ်တွေအတွက် ဖျော်ဖြေခဲ့ပြီးတော့ အကြတ်နေ့နဲ့ အတက်နေ့ကမန္တလေးကပရိသတ်တွေနဲ့အတူ ဖျော်ဖြေခဲ့တာ တွေ့ရပါတယ်။

play

 

အိမ့်ချစ်(Eint Chit) ဟာ ငယ်စဉ်ကတည်းက ဂီတနဲ့ မစိမ်းသလို ဖခင် ဦးချစ်ကောင်းနဲ့အတူ စတိတ်စင်ပေါ်မှာ ဖျော် ဖြေလာ သူ တစ်ဦးလည်း ဖြစ်ပါတယ်။အိမ့်ချစ်ဟာ အတွဲခွေများစွာမှာ ပါဝင်သီဆိုဖူးခဲ့သလို "ကိုယ်တိုင်ရေး ပုံတူပန်းချီ" ၊ အချစ်ရေးစတဲ့ တေးသီချင်း ခွေများနဲ့ ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး ဖခင်ဖြစ်သူ ဦးချစ်ကောင်းနဲ့အတူ "၅၂၈"  ဖျော်ဖြေပွဲကြီးကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် တစ်ဦးဖြစ်ပါတယ်။

၂၀၁၇ခုနှစ် နိုဝင်ဘာ(၃) ရက်နေ့က ကျင်းပခဲ့တဲ့ သူမရဲ့ တစ်ကိုယ်တော် ဖျော်ဖြေပွဲကြီးကလည်း အောင်မြင်ခဲ့ပါသေးတယ်။

Photo : အိမ့်ချစ် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD