AD
AD
AD
play

 

မိတ်ကပ်ပညာရှင် မေဦးက နှစ်ဆန်းတစ်ရက်နေ့က ဗိုလ်တစ်ထောင်ဘုရားမှာ ကုသိုလ်တစ်ခုပြုခဲ့ပါတယ်။ သူအမြတ်တနိုး ဝတ်ဆင်ဖို့အတွက် ပြီးခဲ့တဲ့ (၂)နှစ်လောက်က ဝယ်ထားတဲ့ ပတ္တမြားလက်စွပ်လေးနဲ့ ဟန်လေးရဲ့ လက်စွပ်လေးကို ဗိုလ်တစ်ထောင် ဆံတော်ရှင် မြတ်ကြီးမှာ ဘုရားဌာပနအဖြစ် လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

လက်စွပ်နှစ်ကွင်းရဲ့ တန်ဖိုးဟာ စုစုပေါင်း(၈၆)သိန်းကျပ် တိတိရှိတယ်လို့လည်း မေဦးရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

"မေဦးတန်ဖိုးထား အမြတ်တစ်နိုးဝတ်ဆင်ဖို့ ကျန်ခဲ့တဲ့ နှစ်နှစ်လောက်က ဝယ်ထားခဲ့တဲ့ ပတ္တမြားလက်စွပ် နဲ့ ဦးဟန်လင်း ရဲ့ လက်စွပ် လေး(စုစုပေါင်း ငွေကျပ် ရှစ်ဆယ့်ခြောက်သိန်း ကျပ်တိတိ )ကို ဗိုလ်တစ်ထောင်ဆံတော်ရှင် မြတ်ကြီးမှာ နှစ်ဆန်းတစ်ရက်နေ့အလှူလေးအဖြစ် ဌာပနာပြုလှူဒါန်းခဲ့ပါတယ်" ဆိုပြီး ပြောထားပါတယ်။

နတ်လူသာဓုခေါ်နိုင်ကြပါစေဆိုပြီး အမျှပေးဝေထားတာ တွေ့ရပါတယ်။

play

 

မေဦးနဲ့ ဟန်လင်းတို့ဟာ ပရိသတ်အားကျရတဲ့ စုံတွဲတစ်တွဲလည်း ဖြစ်ပါတယ်။ သူတို့ရဲ့ အလှူအတန်းလေးကိုလည်း ပရိသတ်တွေက ဝမ်းမြောက် သာဓု ခေါ်ထားကြတာ ကောမန့်တွေမှာ တွေ့ရပါတယ်။

မေဦး တို့နှစ်ယောက် ဟာ လိင်တူစုံတွဲတွေဆိုပေမယ့် သူတို့အချစ်ကို အားကျနေကျတဲ့ သူတွေမနည်းပါဘူး။

 

Photo : မေဦး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD