AD
AD
AD
play

 

အဆိုတော် ဝိုင်းလေးက မိသားစုနဲ့အတူ ဒီနေ့(ဧပြီ၁၈ရက်)က ကင်ဆာကလေးငယ်တွေအတွက် လိုအပ်တာတွေကို သွားရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

ကလေးငယ်တွေအတွက် အချိုရည်နဲ့ မုန့်တွေ လှူဒါန်းခဲ့သလို ကင်ဆာကလေးတွေအတွက် ဆေးပဒေသာပင်လှူဒါန်းခဲ့တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

"ကျွန်မ နှင့် မိသားစုများအားလုံးအတွက် ယနေ့ကောင်းမှု  ကင်ဆာ ကလေးငယ်တွေ အတွက် အချိုရည်နဲ့ မုန့်တွေ လိုက်ဝေရင်း ဆေးပဒေသာပင်လှူဒါန်းခဲ့ပါတယ်။ ကျန်းမာပျော်ရွှင်ကြပါစေ" ဆိုပြီး ပြောထားတာ တွေ့ရပါတယ်။

အလှူပြုလုပ်နေတဲ့ ဝိုင်လေးရဲ့ ပုံရိပ်လေးတွေကိုလည်း ယခုလိုပဲ ဖော်ပြေပေးလိုက်တယ်နော်။

play

 

ဝိုင်းလေးက သင်္ကြန်တစ်တွင်းလုံး Forever Thingyan မဏ္ဍပ်မှာ ပရိသတ်တွေနဲ့အတူ ရှိနေခဲ့တာပါ။ဝိုင်းလေးဟာ Miss Myanmar World အလှမယ်တစ်ယောက် ဖြစ်သလို ဂီတလောကမှာ အောင်မြင်မှု ရရှိဖို့အတွက် ကြိုးစားနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

သူမရဲ့ သီချင်းတွေဟာ လက်ရှိမှာ ပရိသတ်အားပေးမှု ရရှိထားသလိုပဲ သူမဟာ နာမည်ကြီးဖို့ထက် သီချင်းတွေ အောင်မြင်ချင်တယ်ဆိုတဲ့ ခံယူချက်နဲ့ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

play

 

ဝိုင်းလေးကတော့ အိမ်မက်ဆုံရာသီချင်းဆိုပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ရင်းကစပြီး ပရိသတ်တွေရရှိလာတဲ့ အနုပညာရှင် တစ်ယောက် လည်း ဖြစ်ပါတယ်။

Selfie အမည်ရှိတဲ့ သူ့ရဲ့ တစ်ကိုယ်တော်အခွေကိုလည်း ၂၀၁၆ ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး သီချင်းအများစု က လည်း ပရိသတ်အကြိုက်နဲ့ ထပ်တူကျခဲ့တာပဲ ဖြစ်ပါတယ်။

 

Photo : ဝိုင်းလေး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD