AD
AD
AD
play

 

ငယ်စဉ်ကလေးဘဝကတည်း အနုပညာလောကနဲ့ မစိမ်းခဲ့သူတစ်ယောက်က သရုပ်ဆောင် အိစိကွေးလေးပါ။ အိစိကွေးဟာ ဧပြီ(၁၈) ရက်နေ့ည(၁၁)နာရီကျော်လောက်က သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ငယ်ငယ်တုန်းက ရိုက်ထားတဲ့ ဓာတ်ပုံလေးတွေကို "ဟိုးငယ်ငယ်တုန်းက အမှတ်တရပုံလေးများ" ဆိုတဲ့ စာသားလေးနဲ့အတူ ပြန်တင်ထားတာတွေ့ရပါတယ်။

play

 

သူတင်ထားတဲ့ ပုံတွေထဲမှာ အနုပညာရှင်တွေနဲ့ ရိုက်ထားတဲ့ ပုံလေးနဲ့မိသားစုနဲ့အတူ ရိုက်ထားတဲ့ ပုံလေးတွေ ပါဝင်တာ တွေ့ရပါတယ်။ အိစိကွေးဟာ အနုပညာရှင်များရဲ့ ကလေးဘဝနေရာတော်တော်များများမှာ ပါဝင်သရုပ်ဆောင်ခဲ့ပြီး ကလေးတစ်ယောက်အိစိကွေးအဖြစ် ပရိသတ်တွေ အသိအမှတ်ပြု အားပေးခံရသူလည်း ဖြစ်ပါတယ်။

ကလေးဘဝကတည်းက သူပါဝင်ထားတဲ့ ဇာတ်ကားတွေဟာ တော်တော့်ကို များခဲ့ပါတယ်။

play

 

အခုဆိုရင် လူပျိုပေါက်အရွယ်ရောက်နေပြီဖြစ်တဲ့ အိစိကွေးဟာ အဆိုပိုင်းကိုလည်း ဝါသနာပါသူတစ်ယောက်ဖြစ်ပါတယ်။ အရွယ်ရောက် လာတဲ့ အချိန် ဇာတ်ကားရိုက်ကူးမှုတွေ ကျဲသွားခဲ့ပေမယ့် သူဝါသနာပါတဲ့ ဂီတနဲ့ ပရိသတ်တွေကို ထပ်ပြီး အဆက်အသွယ်မပြတ်အောင် လုပ်နိုင်သူလည်း ဖြစ်ပါတယ်။

အခုဆိုရင် အိစိကွေးဟာ ဇာတ်လမ်းတွဲတွေ ပြန်လည်ရိုက်ကူးနေပြီလို့ သိရပါတယ်။

play

 

သူ့ကို ငယ်စဉ်ကတည်းက အားပေးလာတဲ့ ပရိသတ်တွေဟာ သူ့ရဲ့ မွေးကျေးဇူးရှင်တွေပါပဲလို့ Duwun Media ကို ဖြေဆိုဖူးပါတယ်။

"ကျွန်တော် ၄ နှစ်ခွဲကတည်းက ဒီအနုပညာအလုပ်ကိုလုပ်လာတယ်။ ပရိသတ်တွေကလည်း ကျွန်တော် ငယ်ငယ်ကတည်းက သရုပ်ဆောင်တာလေးကို ချစ်ကြတယ်။ အဲ့ဒါကြောင့် အားပေးတာမော်ဒယ်လ်တွေလို၊ မင်းသားတွေလို ချောတဲ့ အထဲမှာလည်း ကျွန်တော်မပါဘူး။ အရပ်အမောင်းတွေ Body တွေလည်း ကျွန်တော့်မှာမရှိဘူး။ ကျွန်တော့်မှာရှိတာက သရုပ်ဆောင်တာ အဲ့ဒါကို အားပေးကြတာ။ ကျွန်တော့်ကို ထမင်းကျွေးထားတာ ပရိသတ်ပါ။ မိဘတွေကလည်း မွေးကျေးဇူးရှင်တွေ ဖြစ်သလို ပရိသတ်တွေက လည်း မွေးကျေးဇူးရှင်ပါပဲ'' လို့ သူက ဆိုပါတယ်။

play

 

အိစိကွေးဟာ မတ်လ(၂၃)ရက်နေ့က ပြုလုပ်ကျင်းပခဲ့တဲ့ မြန်မာရုပ်ရှင်ထူးချွန်ဆုပေးပွဲအခမ်းအနားမှာလည်း ရွှေကြိုတစ်ယောက်အဖြစ် ပါဝင်ခဲ့ ပါသေးတယ်။

 

Photo : အိစိကွေး FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD