AD
AD
AD
play

 

ကိုရီးယားရောက် မြန်မာတွေနဲ့ တွေ့ဆုံဖို့ စိုးပြည့်သဇင်က ကိုရီးယားကို ရောက်နေပြီလို့ သိရပါတယ်။ ဧပြီ(၂၂)ရက်နေ့ ကိုရီးယားမှာ ပြုလုပ်မယ့် ကိုရီးယားရောက် မြန်မာတွေအတွက် သင်္ကြန်ဆက်ကျဦးမှာ ဖြစ်ပါတယ်။

ကိုရီးယားကို ပထမဆုံးရောက်ခဲ့တဲ့ ခရီးစဉ်လေး ဖြစ်တာကြောင့် သူမပျော်လို့နေပါတယ်။သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောထားပါသေးတယ်။

play

 

"Korea ရောက်ရွှေမြန်မာတို့ရဲ့သင်္ကြန်ပွဲမှာသီချင်းဆိုဖို့.....ပထမဆုံးရောက်ခဲ့ရတဲ့ကိုးရီးယားခရီးစဉ်လေးပေါ့နော်....နွေဦးဆိုပေမဲ့ တော်တော်အေးနေပါသေးတယိ.....first time ဆိုတော့ပျော်လို့ပုံလေးတွေတင်မယ်နော်....သည်းခံပေး" ဆိုပြီး ရေးသားထားတာ တွေ့ရပါတယ်။

play

 

သင်္ကြန်တစ်တွင်းလုံးမှာ စိုးပြည့်က နေပြည်တော်က ပရိသတ်တွေနဲ့အတူ သင်္ကြန်တွင်းကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

နှစ်ဆန်း(၁)ရက်နေ့ကလည်း မိသားစုနဲ့အတူ နှစ်သစ်ကူးအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့နှစ်သစ်ကူး အလှူအဖြစ် လှည်းကူးမြို့နယ်မှာရှိတဲ့ စိတ္တသုခတရားရိပ်သာမှာ အလှူငွေ ကျပ်(၁၀)သိန်းတိတိ လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

play

 

စိုးပြည့်သဇင်ကတော့ လက်ရှိမှာ ပရိသတ်တော့ အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။

သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

play

 

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo : စိုးပြည့်သဇင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD