AD
AD
AD
play

 

ကိုရီးယားရောက် ရွှေမြန်မာတွေကို ဖျော်ဖြေဖို့ရောက်နေတဲ့ သရုပ်ဆောင်စိုးပြည့်လေးက သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ နာရီပိုင်းလောက်က ဓာတ်ပုံအသစ်လေးတွေ တင်လိုက်ပါတယ်။ သူမတင်လိုက်တဲ့ ဓာတ်ပုံလေးတွေက ကိုရီးယားဝတ်စုံလေးတွေနဲ့ ရိုက်ထားတဲ့ ပုံလေးတွေ ဖြစ်ပါတယ်။

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ အသားရည်လေးတွေကို ပိုင်ဆိုင်ထားတဲ့ သူမခန္ဓာကိုယ်လေးနဲ့ ကိုရီးယားနန်းတွင်ဝတ်စုံလေးက လိုက်ဖက်လွန်းလှပါတယ်။

play

 

ချစ်ဖို့ကောင်းတဲ့ သူမရဲ့ ပုံရိပ်လေးတွေကိုလည်း ပရိသတ်တွေအတွက် ပြန်လည်ဝေမျှပေးလိုက်တယ်နော်။ကိုရီးယားကို ပထမဆုံးရောက် ဖူးတဲ့ စိုးပြည့်လေးက တော်တော်ကို ပျော်နေမှာပါ။  ကိုရီးယားရောက် မြန်မာတွေနဲ့တွေ့ဆုံဖို့ ရောက်ရှိနေတာလည်း ဖြစ်ပါတယ်။ ဖျော်ဖြေရေးမှာ သူမနဲ့အတူ အိမ့်ချစ်လည်း ပါဝင်တယ်လို့ သိရပါတယ်။

ဧပြီ(၂၂)ရက်နေ့ ကိုရီးယားမှာ ပြုလုပ်မယ့် ကိုရီးယားရောက် မြန်မာတွေအတွက် သင်္ကြန်ဆက်ကျဦးမှာ ဖြစ်ပါတယ်။သင်္ကြန်တစ်တွင်းလုံးမှာ စိုးပြည့်က နေပြည်တော်က ပရိသတ်တွေနဲ့အတူ သင်္ကြန်တွင်းကို ဖြတ်သန်းခဲ့တာ ဖြစ်ပါတယ်။

play

 

နှစ်ဆန်း(၁)ရက်နေ့ကလည်း မိသားစုနဲ့အတူ နှစ်သစ်ကူးအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ မြန်မာ့နှစ်သစ်ကူး အလှူအဖြစ် လှည်းကူးမြို့နယ်မှာရှိတဲ့ စိတ္တသုခတရားရိပ်သာမှာ အလှူငွေ ကျပ်(၁၀)သိန်းတိတိ လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

စိုးပြည့်သဇင်ကတော့ လက်ရှိမှာ ပရိသတ်တော့ အားပေးမှု ရရှိထားတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။ အသက်(၂၅)နှစ်အရွယ် အနုပညာရှင်မလေး စိုးပြည့်ဟာ အသက်(၁၈)နှစ်အရွယ်နဲ့ အကယ်ဒမီရရှိခဲ့သူဖြစ်ပါတယ်။

play

 

သူအကယ်ဒမီ ရရှိခဲ့တဲ့ ဇာတ်ကားကတော့ "မိုးညအိမ်မက်မြူ" ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။

စိုးပြည့်သဇင်ကတော့ သရုပ်ဆောင်ပိုင်းမှာသာမက အဆိုပိုင်းမှာလည်း ပရိသတ်အားပေးမှု ရရှိထားသူ တစ်ယောက်ဖြစ်ပါတယ်။ သီချင်းပိုင်းနဲ့ ပတ်သက်ပြီး ချစ်သူရွေးမယ် တေးစီးရီးနဲ့ အချစ်ကို ရှာဖွေတွေ့ရှိခြင်း ဆိုတဲ့ တေးစီးရီးများကို ထွက်ရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

 

Photo : စိုးပြည့်သဇင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD