AD
AD
AD
play

 

ထပ်ဆင့်အကယ်ဒမီဆုရှင် စန္ဒယားတင်ဝင်းလှိုင်က ယခုလက်ရှိအချိန်မှာ ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဧပြီ(၁၉)ရက်နေ့ကစလို့ နှလုံးရောဂါနဲ့ အထူးကြပ်မတ်ကုသဆောင်မှ ဆေးကုသမှု ခံယူနေတယ်လို့ သိရပါတယ်။ ယင်းသတင်းနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိနိုင်ဖို့အတွက် Duwun Media က ဆက်သွယ်မေးမြန်းကြည့်ရမှာ ဆေးကုသမှု ခံယူနေရတာ မှန်ကန်ကြောင်းကို စန္ဒယားတင်ဝင်းလှိုင်တို့အိမ်မှ အတည်ပြုပေးခဲ့ပါတယ်။

play

 

စန္ဒယားတင်ဝင်းလှိုင်ဟာ ၂၀၁၇ခုနှစ်အတွက်  ကျင်းပပြုလုပ်တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ ကွမ်းလုံရက်လေးဆယ်နဲ့ အကောင်းဆုံး ရုပ်ရှင်တေးဂီတဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

စန္ဒယားတင်ဝင်းလှိုင်ဟာ ၂၀၁၄ခုနှစ်က ကြယ်စင်မောင်ကွန်း ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး တေးဂီတဆုကို ရရှိပြီးခဲ့သူလည်း ဖြစ်ပါတယ်။

play

 

အကယ်ဒမီဆုပေးပွဲမှာလည်း စန္ဒယားတင်ဝင်းလှိုင်က အကယ်ဒမီစင်မြင့်ထက်မှာ  မြန်မာ့အသံနှင့်ရုပ်မြင်သံကြားဌာနနဲ့ ပတ်သက်ပြီး ထည့်သွင်းပြောချက်တွေရှိခဲ့ပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး အကယ်ဒမီပေးပွဲပြီးနောက်မှာ စန္ဒယားတင်ဝင်းလှိုင်အနေနဲ့ အကယ်ဒမီစင်မြင့်ထက်မှာ ပြောကြားခဲ့တာတွေနဲ့ ပတ်သက်ပြီး ပြန်လည်တောင်းပန်ဖို့အတွက် မတ်လ ၂၈ ရက် နေ့လည်ပိုင်းက ရန်ကုန်မြို့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားဌာနမှာ ပြုလုပ်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်ထွေးကပြောကြားခဲ့ပါတယ်။

play

 

ဦးတင်ဝင်းလှိုင်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်ပြီး မတ်လ ၂၆ ရက်က ပြန်ကြားရေးဝန်ကြီးဌာနရဲ့ ဖေ့ဘုတ်ပေ့ခ်ျစာမျက်နှာက တစ်ဆင့် အသိပေးကြေညာချက် ထုတ်ပြန်ခဲ့သလို စန္ဒာရားတင်ဝင်းလှိုင်သို့ အိတ်ဖွင့်ပေးစာဆိုပြီး ထုတ်ပြန်ထားပါတယ်။

Photo : Zarni Tike

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD