AD
AD
AD
play

 

လက်ရှိမှာ ဖေ့စ်ဘွတ်အကောင့်ဟတ်ခံထားရတဲ့ မိုးစက်ဝိုင်က သူမရဲ့ ပရိသတ်တွေနဲ့ ဟက်ကာတွေကို ပြောချင်တဲ့စကားလေးကို We Love Moeset Wine ပေ့ခ်ျကနေ ပြောပြထားတာတွေ့ရပါတယ်။ မိုးစက်ရဲ့ အချစ်ရဆုံး ခွေးလေး jelly လေးဟာ သင်္ကြန်နောက်ဆုံးနေ့က ဆုံးသွားခဲ့တာကြောင့် မိုးစက်တစ်ယောက် အရမ်းကိုဝမ်းနည်းနေခဲ့ပါတယ်။

 ခွေးလေးဆုံးသွားပြီးနောက်ပိုင်းမှာ သူမအရမ်းကို ပူပင်သောက ရောက်နေခဲ့တာ ဖြစ်ပြီး အဲ့ဒီကြားထဲမှာ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ပါအဟတ်ခံခဲ့ရပါတယ်။

play

 

အဲ့ဒါတွေနဲ့ ပတ်သက်သူမရဲ့ We Love Moeset Wine ပေ့ခ်ျကနေ ယခုလို ပြောပြခဲ့ပါတယ်။ ကိုယ်လုပ်တဲ့အလုပ်က ကုသိုလ်လား အကုသိုလ်လားဆိုတာကို သေသေချာချာသိဖို့လိုတယ်ဆိုပြီး Hacker တွေကို အဲ့ဒီဗီဒီယိုဖိုင်ကနေ တစ်ဆင့်ပြောထားပါတယ်။

"မိုးစက်ခွေးလေးဆုံးပြီးနောက်ပိုင်းမှာ မိုးစက်လည်း ခံစားရတော့ လွတ်တာတွေ တစ်ရက်နှစ်ရက်လောက်တော့ ရှိပါတယ်။ jelly လေးဆုံး သွားတာကို အသိပေးတဲ့အချိန်က မိုးစက်ဖေ့စ်ဘွတ် သုံးဖြစ်တယ်။ နောက်ပိုင်းမသုံးတော့ဘူးပေါ့။ Jelly လေးအတွက် ဆုတောင်းပေး တဲ့ သူတွေကို  ကျေးဇူးတင်ကြောင်းပြောမလို့ဖေ့စ်ဘွတ်သုံးမယ်လို့ ပြင်လိုက်ချိန်မှာ မိုးစက် အကောင့်အဟတ်ခံလိုက်ရပြီ။ အဲ့ဒါဧပြီ(၁၉)ရက်နေ့ပါ။ မိုးစက်ပြောချင်တာက မိုးစက်ရှိလို့ မိုးစက်ရဲ့ ဖေ့စ်ဘွတ်အကောင့်ရှိတာပါ။

ဖေ့စ်ဘွတ်အကောင့်ရှိလို့ မိုးစက်ရှိတာမဟုတ်ပါဘူးဆိုတာ ပြောချင်ပါတယ်။ဟက်ကာတွေက ပထမက အလှူငွေဆိုပြီးတော့ ပိုက်ဆံတောင်း တာပေါ့။ ဒါပေမယ့် မိုးစက်ဒါတွေကို လက်မခံချင်ပါဘူး။ သူတို့ကိုယ်သူတို့ကတော့ ဟက်ကာတွေထဲမှာ သူတို့ရဲ့ ရည်ရွယ်ချက်က ကောင်းမှုကုသိုလ် လုပ်ချင်လို့တော့ ပြောတာပေါ့နော်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ကုသိုလ်နဲ့အကုသိုလ်တော့ ကွဲကွဲပြားပြားသိဖို့လိုပါတယ်။ မသိခြင်းဟာလည်း အပြစ်ရှိပါတယ်။ ဟက်ကာတွေထဲမှာတချို့ကလည်း ယုံယုံကြည်ကြည်ကိုယ်တတ်တဲ့ပညာနဲ့ လုပ်ပေးချင်တဲ့ ဆိုတဲဆန္ဒရှိပြီး တကယ်ကိုပဲ စေတနာကောင်းကောင်းနဲ့ လုပ်တာဖြစ်နိုင်ပါတယ်။ ကိုယ်တတ်တဲ့ပညာအတတ်ပညာနဲ့ လူတွေကို အကျိုးပြုတယ်ဆိုတာ ဒီလိုနည်းနဲ့ ပြုတာမဟုတ်ပါဘူး။

ကိုယ်လုပ်တဲ့အလုပ်ကို ကုသိုလ်အကုသိုလ်ကွဲပြားရမယ်။ ကိုယ်လုပ်တဲ့ကုသိုလ်ကို ရဲရဲဝင့်ဝင့်နဲ့ ဂုဏ်ယူစွာနဲ့ ပီတိဖြစ်နိုင်ရမယ်။ ကိုယ်လုပ်တာတောင် ကုသိုလ်အကုသိုလ်မကွဲပြားဘူးဆိုရင် သိပ်မဟုတ်ပါဘူး။ ဒါဟက်ကာတွေကို မိုးစက်ပြောချင်တဲ့ စကားပါ။ အခုဖေ့စ်ဘွတ်အကောင့်နဲ့လည်း ပတ်သက်ပြီး မိုးစက်မခံစားရပါဘူး။ jelly လေးလောက် ဘယ်ဒဏ်ရာဘယ်နာကျင်မှုမှမပြင်းထန်တော့ပါဘူး" လို့ သူမရဲ့ ဗီဒီယိုဖိုင်လေးထဲမှာ ပြောပြထားပါတယ်။

Postby

 

မိုးစက်ဝိုင်က လက်ရှိမှာ သူမရဲ့ ခွေးလေးကို ဆုံးရှုံးလိုက်ရလို့ စိတ်မကောင်းဖြစ်နေသလို သူမရဲ့ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်လို့ နေကြပါတယ်။ ယခုလက်ရှိအချိန်မှာ မိုးစက်ဝိုင်လိုပဲ အနုပညာရှင်များရဲ့ ဖေ့စ်ဘွတ်အကောင့်တော်တော်များများလည်း ဟတ်ခံထားခံရပြီး ငွေကြေးတောင်းခံမှုတွေရှိနေခဲ့သလို အကောင့်ဟတ်ပြီး အလှူလုပ်ခိုင်းတာတွေလည်း ရှိခဲ့ပါတယ်။

play

 

မိုးစက်ဝိုင်ကတော့ ၂၀၁၃ခုနှစ် Miss Universe Myanmar ရဲ့ အလှမယ် တစ်ဦးလည်း ဖြစ်ပါတယ်။ အဲ့ဒီအလှမယ် ပြိုင်ပွဲပြီးတဲ့နောက်ပိုင်းမှာ ပရိသတ်တွေ သတိထားမိလာတဲ့ သူမက ကြော်ငြာများ ရုပ်ရှင်ဇာတ်ကားများလည်း ရိုက်ကူးလျက်ရှိပါတယ်။

ဒါရိုက်တာကျော်ဇော်လင်းရိုက်ကူးမယ့် " သတ္တိရှိရင် လောင်းမလား" ရုပ်ရှင်ဇာတ်ကားနဲ့ ပက်ပက်စက်စက်ညှို့ ရုပ်ရှင်ဇာတ်ကားတို့မှာ ပါဝင်သရုပ်ဆောင်ထားပါတယ်။ သူမရဲ့ သရုပ်ဆောင်မှုတွေကိုလည်း ပရိသတ်တွေ မကြာခင်မှာ တွေ့မြင်ရတော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD