AD
AD
AD
play

 

ခင်လေးနွယ်ရဲ့ မွေးနေ့လေးက ဧပြီ(၃၀)ရက်နေ့ကတည်းက ဖြစ်ပါတယ်။ မွေးနေ့လေးမှာ သူငယ်ချင်းတွေ မအားတာကြောင့် မေလ(၆)ရက်နေ့ကမှ မွေးနေ့အလှူလေးပြုလုပ်ဖြစ်တယ်လို့ ဆိုပါတယ်။

မွေးနေ့အလှူအနေနဲ့ မေရီချက်(ပ်)မင်းနားမကြားသော ကလေးများကျောင်းမှာ မွေးနေ့ကိတ်ခွဲခဲ့ပြီးအလှူပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအလှူလေးဟာ သူမတစ်ယောက်တည်းရဲ့ အလှူမဟုတ်ပါဘူးတဲ့။

play

 

သူငယ်ချင်းတွေအားလုံးရဲ့ အလှူလေးဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားတာတွေ့ရပါတယ်။

"ခင်ခင့် မွေးနေ့က ၄ လပိုင်း ၃၀ ရက်နေ့ ကတည်းက ပြီးသွားပါပြီ။ဒီနေ့မှ သူငယ်ချင်းတွေစုံလို့ အလှူလေး လုပ်ဖြစ်တာပါ..

ဒါခင်ခင့်တစ်ယောက်ထဲရဲ့ အလှူမဟုတ်ပါဘူး ..သူငယ်ချင်းတွေအားလုံးရဲ့ အလှူလေးပါ...

နားမကြားတဲ့ခလေးလေးတွေကို သွားလှူတာပါ။ သူတို့လေးတွေ ပျော်နေတာကိုကြည့်ရတာ အရမ်းကြည်နှူးဖို့ကောင်းပါတယ်     

သူငယ်ချင်းတွေ အားလုံးကိုလဲ အရမ်းချစ်ပါတယ်ရှင့်    GOD blessed you all" ဆိုပြီးတော့ ရေးသားထားပါတယ်။

သူမရဲ့ မွေးနေ့အလှူလေးမှာ သူငယ်ချင်းတွေဖြစ်ကြတဲ့ သက်မွန်မြင့်၊ မေကဗျာ၊ ဖူးစုံ၊မိုးပြည့်ပြည့်မောင်တို့အပြင်အခြားသော အနုပညာရှင်များလည်း ပါဝင်ခဲ့ကြပါတယ်။

play

 

ခင်လေးနွယ်ကတော့ လက်ရှိမှာ အနုပညာလှုပ်ရှားမှုကတော့ သိပ်မရှိတော့ပါဘူး။ ပွဲလေးတွေလောက်ပဲ တက်ဖြစ်နေတဲ့ သူမက သူငယ်ချင်းတွေနဲ့ ပေါင်းပြီး ဖက်ရှင်ဆိုင်တစ်ဆိုင် ဖွင့်ထားတယ်လို့ သိရပါတယ်။

အဲ့ဒီဖက်ရှင်ဆိုင် နာမည်ကတော့ KAY Fashion & Fabric House ဆိုတဲ့ ဆိုင်လေး ဖြစ်ပါတယ်။ ခင်လေးနွယ်ကတော့ အခုထက်ရှိ ပရိသတ်အားပေးမှု ရရှိထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

play

 

လက်ရှိမှာလည်း ဒီဇိုင်နာသင်တန်းလေးတွေ တက်ပြီးတော့ သူမကိုယ်တိုင်အဝတ်အစားလေးတွေကို ချုပ်ဖြစ်နေတာလည်း တွေ့ရပါတယ်။

 

Photo : ခင်လေးနွယ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD