AD
AD
AD
play

လက်ရှိမှာ သရုပ်ဆောင် ဒိန်းဒေါင်ရဲ့ သမီးဖြစ်သူ သရုပ်ဆောင် ဒိန်းပိုပိုဒေါင်ဟာ ဆုမဲကိစ္စတွေနဲ့ စိတ်ရှုပ်လို့နေပါတယ်။ သူမဆီမှာ မဲဝယ်ထားသော မဲသားများအတွက် ပူပန်ပေးနေသလို သူမရဲ့  ဒိုင်ဖြစ်တဲ့သရုပ်ဆောင် ဖြိုးသီရိထွန်းနဲ့ ပတ်သက်တဲ့ သူများအတွက်ကိုလည်း စိတ်ရှုပ်ခံနေရတယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ပြောထားပါတယ်။

ဆုမဲကိစ္စတွေနဲ့ ပတ်သက်ပြီး အလိမ်ခံလိုက်ရတဲ့နောက်ပိုင်းမှာ အားလုံးအဆင်ပြေအောင် ဖခင်ဖြစ်သူ ဒိန်းဒေါင်နဲ့ သူမဘက်က ဆောင်ရွက်ခဲ့ပေမယ့်လည်း ငွေကြေးပါသွားတဲ့ မဲသားတွေနဲ့ နားလည်မှုတွေလွဲကာ အခုချိန်ထိ အဆင်မပြေဘူးတွေရှိနေခဲ့ပါတယ်။ မဲသားအားလုံးရဲ့ ပိုက်ဆံကို ယူပြီးပြေသွားတဲ့ ဒိုင်ဖြစ်သူ သရုပ်ဆောင်ဖြိုးသီရိထွန်းကိုလည်း ယခုအချိန်ထိ ဘယ်သူကမှ ဆက်သွယ်လို့ မရသလို ဒိန်းပိုပိုဒေါင်တို့ဘက်က ဖြိုးသီရိထွန်းတို့ကို ကာကွယ်ပေးနေတဲ့ဆိုတဲ့ သတင်းတွေကြောင့် ပြဿနာတွေဟာ ပိုဆိုးလို့ နေခဲ့တာပါ။အဲ့ဒါတွေနဲ့ ပတ်သက်ပြီး ဒိန်းပိုပိုဒေါင်က သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလို ပြောထားပါသေးတယ်။

play

"ဖြိုးသီရိထွန်း လူတွေ လူလိုနားလည်စွာနဲ့ ဖြိုးသီရိထွန်း ဆီသွားတောင်းနော်..ကျွန်မအဖေ ကြားထဲက စေတနာနဲ့လိုက်ကူညီ ပေးနေတာ နော် ဒီ့ထက်မရောင့်တတ်ကြနဲ့ အိမ်ပေါ်ထိခေါ်တင်ပေးပြီး စာချုပ်ချုပ်ခိုင်းတာကိုပဲကျေးဇူးတင်ကြ။ သူတို့ဘာလို့ပြေးသွားလဲတဲ့။ ကဲဟုတ်ပြီ ကျွန်မဖြေမယ်..ကျွန်မတို့ကသူတို့ကိုအချိန်တခုထိပဲထိန်းသိမ်းနိုင်မယ်..၂ယောက်ကို လွှတ်ပေးပြီး တစ်ယောက်ကိုထိန်းချုပ်ထားလို့ လွတ်သွားတဲ့၂ယောက်က ကျွန်မတို့လူတယောက်ကိုအဲ့အိမ်ကပြန်ပေးစွဲထားပါတယ်လို့ ရဲကိုသွားတိုင်ရင် ရှင်တို့ကျွန်မတို့အစားချုပ်ထဲဝင်ပေးမလား ပြော? သူတို့ပိုက်ဆံရှာချင်တယ် ထွက်ခွင့်ပြုပါဆိုလို့ ပိုက်ဆံရှာဖို့ လွှတ်လိုက်တဲ့ချိန် သူတို့ပြေးသွားတယ်။ အိမ်မှာဆက်ထားလို့လဲ ရောင်းစားလိုက်လို့ 3 ယောက်ပေါင်းမှ သိန်းတစ်ရာပြည့်အောင် မရဖူး..ဒါကျွန်မ အရှုင်းဆုံးပြောပြတာနော်..သူ့တို့ကိုအိမ်မှာဆက်ထားလို့ သူတို့ပိုက်ဆံရှာလို့မရဘူး.. ကျွန်မတို့ပါသွားတာ တစ်ရာ နှစ်ရာမဟုတ်ဘူး ထောင်ဂဏန်း ထောင်တောင် တစ်ထောင် နှစ်ထောင်မဟုတ်8ထောင်နီးပါးသိလား" ဆိုပြီး ပြောထားပါတယ်။ 

play

 

သူမကိုယ်တိုင် သိန်းရှစ်ထောင်ကျော်နီးပါး အလိမ်ခံလိုက်ရတဲ့အတွက် အပူတွေ များလို့နေပါတယ်။အဲ့ဒါကြောင့် သူမအနေနဲ့လည်း ဖြိုးသီရိထွန်းနဲ့ ပတ်သက်တဲ့  လူတွေကို တက်နိုင်သလောက်ထိပဲ ကူညီနိုင်မယ်ဆိုပြီး ပြောထားပါသေးတယ်။

"ကျွန်မတို့ဘက်က ဖြိုးသီရိထွန်း လူတွေကို တတ်နိုင်သလောက်ထိပဲကူညီပေးနိုင်မယ် ပိုက်ဆံရဖို့မရဖို့က သူ့ဆီသွားတောင်း ပြောပြီးသား ကုလားမနိုင် ရခိုင်လာမမဲကြနဲ့ တိုင်လာမပတ်ကြနဲ့ ကိုယ့်အပူနဲ့ကိုယ် သောကများနေတယ်..ကျွန်မမရှင်းပေးနိုင်သေး ဘူးဆိုတာလဲ အမြတ်တပြားမှမရဖူးသေးလို့ ရဖူးတဲ့သူသာဆို ရထားတဲ့အမြတ်နဲ့လျော်ထားပေးတယ် ဒီလောက်စိတ်ရှုပ်မခံဘူး..အဓိကက ကျွန်မအဖေနဲ့မဆိုင်တာကို ဖုန်းတဂွမ်ဂွမ်ဆက်ပြီး မပူမကပ်ကြနဲ့..ရှင်တို့လဲရှင်တို့နည်း ရှင်တို့ဟန်နဲ့ ဖြိုးသီရိထွန်း တို့နောက်လိုက်ကြ..ကျွန်မတို့လဲ လိုက်နေတယ်..လာအာရုံမနောက်နဲ့တော့.."လို့ ဆိုထားပါတယ်။

play
သီရိယဉ်ကျေးသူနာမည်နဲ့အနုပညာအလုပ်တွေ လုပ်နေတဲ့ မဖြိုးသီရိထွန်းရဲ့ ဖေ့စ်ဘွတ်အကောင့်

 

သရုပ်ဆောင် ဒိန်းပိုပိုဒေါင်အနေနဲ့ ဆုမဲများ ရောင်းရာမှာ ဒိုင်ကိုမပြပဲ ဘာဖြစ်ဖြစ်သူမအာမခံတယ်ဆိုတဲ့ စကားတွေကြောင့် မဲသားများဟာ သူမဆီက ဝယ်ယူခဲ့ကြတာဖြစ်ပြီး ယခုလို အလိမ်ခံရမှုမှာ သူမဆီက ဝယ်ထားတာကြောင့် သူမမှာ တာဝန်ရှိတယ်ဆိုတဲ့ မှတ်ချက်တွေက သူမတင်ထားတဲ့ ပို့စ်အောက်မှာ ပြည့်လို့နေပါတယ်။

ဒိန်းပိုပိုဒေါင်ဟာ သရုပ်ဆောာင်ဖြိုးသီရိထွန်း ဆီက ဆုမဲများကို ဝယ်ယူကာ တစ်ဖက်မဲသားများဆီသို့ ငါးသောင်းသော်လည်းကောင်း တစ်သိန်းသော်လည်းကောင်း အမြတ်စားကာ ဝယ်ရောင်းလုပ်ခဲ့တာဖြစ်ပါတယ်။

play

 

သူမကိုယ်တိုင်လည်း ဖြိုးသီရိထွန်းဆီက သိန်းရာချီ ဝယ်ခဲ့သလို သူမကို ယုံကြည်ပြီးတစ်ဆင့်ခံ ဝယ်ယူခဲ့တဲ့ မဲသားတွေလည်း ရှိလို့နေခဲ့တာပါ။ ဒိုင်ဖြစ်သူ ဖြိုးသီရိထွန်းက ဆုမဲများကို မလျော်နိုင်လို့ ထွက်ပြေးခဲ့ပေမယ့်လည်း မေလ(၄)ရက်နေ့မှား ဒိန်းပိုပိုဒေါင်နဲ့ ဖခင်ဖြစ်သူ ဒိန်းဒေါင်တို့ဟာ ဖြိုးသီရိထွန်းတို့ကို ရှာဖွေနိုင်ခဲ့ပြီး မဲကိစ္စများဖြေရှင်းပေးဖို့အတွက် အလိမ်ခံရသော မိသားစုပေါင်းများစွာရဲ့ရှေ့မှာ စာချုပ်ချုပ်ခဲ့တယ်လို့ သိရပါတယ်။

ထို့နောက်ဖြိုးသီရိထွန်းတို့ မိသားစုမှာ ငွေရှာမည်လို့ ပြောတာပြီး ထွက်သွားခဲ့ပေမယ့် အခုချိန်ထိ ဘယ်သူမှ ဆက်သွယ်၍ မရဘဲ ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။ ဖြိုးသီရိထွန်းဟာ သရုပ်ဆောင်လမ်းကြောင်းပေါ်သို့ ရောက်ရှိနေသူ တစ်ယောက်ဖြစ်ပြီး ဇာတ်ကားရိုက်ကူးမှုတွေ ပြုလုပ်ကာ သရုပ်ဆောင်တစ်ယောက်အဖြစ် ပရိသတ်တွေ သိနေသူတစ်ဦးလည်း ဖြစ်ပါတယ်။

play

 

ဒိန်းပိုပိုဒေါင်ဟာ လက်ရှိမှာ အဆိုပါ မဲနဲ့ပတ်သက်ပြီး မဲဝယ်စုသူ မေမြတ်သူသူကြွယ်က မေလ(၆)ရက်နေ့ထုတ် မြန်မာအလင်းသတင်း စာကနေ သူမဝယ်ယူထားသော မဲများကို ပြန်လည်လျှော်ပေးဖို့အတွက် တောင်းခံထားတာတွေ့ရပါတယ်။ ဒိန်းပိုပိုဒေါင်အနေနဲ့

မေမြတ်သူသူကြွယ်ဆီက ယူထားသော ငွေကျပ်သိန်း(၂၉၀)ကို ပြန်မပေးခဲ့ပါက တည်ဆဲဥပဒေများနဲ့အညီ တရားစွဲဆိုသွားမှာ ဖြစ်တယ်လို့ အဆိုပါသတင်းစာမှာ ဖော်ပြထားပါတယ်။

 

Photo : ဒိန်းပိုပိုဒေါင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD