AD
AD
AD
play

ထိုင်းနိုင်ငံမှာရှိတဲ့ ခိုင်နှင်းဝေပရဟိတကိုယ်စားလှယ်အသင်းဟာ ဒီနေ့(မေလ ၈)ရက်နေ့ မနက်ပိုင်းမှာတော့ အလုပ်မရရှိသေးတဲ့ မြန်မာနိုင်ငံသား အယောက်၂၀၀ ကို အလှူလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံမှာ ဖွဲ့စည်းထားတဲ့ ပရဟိတအသင်းရဲ့ ရည်ရွယ်ချက်ကိုလည်း ခိုင်နှင်းဝေက ပြောပြခဲ့ပါတယ်။

"ကျွန်မတို့ ခိုင်နှင်းဝေပရဟိတအသင်းအနေနဲ့ ပြည့်ပရောက်မြန်မာများကို တတ်စွမ်းသမျှကူညီပေးနိုင်ရန်ရည်ရွယ်ပြီး ထိုင်းနိုင်ငံ ခိုလမြို့မှာ အသင်းသား ၃၈ယောက်ဖြင့် ခိုင်နှင်းဝေပရဟိတ ကိုယ်စားလှယ်အသင်းကိုဖွဲ့စည်းထားပါတယ်။ ထိုင်းနိုင်ငံခိုင်နှင်းဝေပရဟိတ ကိုယ်စားလှယ်အသင်းအနေနဲ့  ယနေ့ ပထမအကြိမ်အဖြစ် အလုပ်မရရှိသေးသော MOU အယောက်၂၀၀ကို တစ်ဦးလျှင် ဆန်(၄)ကီလို, ကြက်ဥ(၄)လုံး နဲ့ ဆီ၁ဗူးတို့ကို ထောက်ပံ့လှူ ဒါန်းပေးခဲ့ပါတယ်'' လို့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play

ထိုင်းနိုင်ငံရှိ ခိုင်နှင်းဝေ ပရဟိတကိုယ်စားလှယ်အသင်းကိုတော့ မတ်လမှာ စတင်ဖွဲ့စည်းခဲ့တာလို့ သိရပါတယ်။

'' ထိုင်းမှာ ဖျော်ဖြေရေးတစ်ခုသွားရင်းနဲ့ ပရဟိတလုပ်နေကြတဲ့ ပရိသတ်တချို့က ဒီမှာလည်း အသင်းအဖွဲ့လေးတစ်ခုလုပ်ချင် တယ်လို့ ပြောတော့ အစ်မတို့ကလည်း ကြိုဆိုတယ်။ ပရဟိတအလုပ်ကို ဘယ်လိုလုပ်ရမလဲ ဘယ်လို စည်းကမ်းတွေထားရမယ် ဆိုတာကို သေချာပြောပြခဲ့တယ်၊ ဒီတစ်ခေါက်တော့ ပထမဆုံးအကြိမ် အလှူလေးလုပ်ဖြစ်ပြီ၊ မေလထဲမှာလည်း ထိုင်းက ပရဟိတ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံဖို့လည်းရှိတယ်၊ ရက်အတိအကျတော့မသိသေးဘူး'' လို့ Duwun Media ကိုဖြေဆိုခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက်မြန်မာပြည်သားများအနေနဲ့ ဒုက္ခရောက်နေသော မြန်မာပြည်သားတွေကို တဖက်တလမ်းကနေပါဝင် ကူညီ လှူဒါန်း လိုပါက ထိုင်းနိုင်ငံခိုလမြို့ခိုင်နှင်းဝေပရဟိတအသင်းကိုယ်စားလှယ် ခေါင်းဆောင်များဖြစ်ကြသော ထိုင်းဖုန်းနံပတ်(0949053787 (ကိုသိန်းတိုးအောင်)၊ ဦးအေဝမ်း---0634937126 တို့သို့ဆက်သွယ်လှူဒါန်းနိုင်တယ်လို့သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာကနေ ရေးသား ခဲ့ပါသေးတယ်။

 

play

ခိုင်နှင်းဝေဟာ ပရဟိတအလုပ်တွေနဲ့ ပတ်သက်လာရင် စွမ်းစွမ်းတမံဆောင်ရွက်နေသူတစ်ဦးပါ။ သူ့အနေနဲ့ United Act ရဲ့ ကလေး သူငယ် လူကုန်ကူးမှု တားဆီးရေးဆိုင်ရာ အထူးသံတမန် ခန့်အပ်ခြင်း ခံရတဲ့ အနုပညာရှင်တစ်ဦးဖြစ်ပြီး သံတမန်အဖြစ် ခန့်အပ်ခြင်း ခံရပြီး နောက်ပိုင်းမှာလည်း အမျိုးသမီးတွေနဲ့ ကလေးတွေအတွက်သူမတတ်စွမ်းသလောက် အားတက်သရော ပါဝင်ကူညီဆောင်ရွက် ပေးသူ တစ်ဦးလည်းဖြစ်ပါတယ်။ အဲ့ဒီနောက် ပြည်သူ့ဂုဏ်ရည်ဆု အတွက် ဆန်ခါတင်စာရင်းထဲပါဝင်နေသူတစ်ဦး လို့ သိရပါတယ်။

Postby

 

Photo: ခိုင်နှင်းဝေဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD