AD
AD
AD
play

 

ခန္ဓာကိုယ်ဝဝလေးနဲ့ ချစ်စရာကောင်းတဲ့ မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် ဗီဗာဟိန်းက သူ့ရဲ့ ဘဝမှာ ဖေ့စ်ဘွတ်မသုံးချင် လောက်အောင်ကို စိတ်ဓာတ်တွေကျခဲ့ရတဲ့ အချိန်တွေ ရှိခဲ့ပါတယ်တဲ့။တစ်ခါတစ်လေ ဖေ့စ်ဘွတ်မှာ သူမကို အရမ်းနှိမ်တဲ့ ကောမန့်တွေလည်း ရှိခဲ့တာကြောင့် အားငယ်ပြီး ငိုခဲ့ရတဲ့အချိန်တွေလည်း ရှိခဲ့တယ်လို့ ဆိုပါတယ်။

"ဗီဗာဟိန်းဆိုတာနဲ့ ခန္ဓာကိုယ် ဝဝလေးကို တွဲမြင်နေကြတာ။Gym ဆော့တယ်ဆိုတာကလည်း ပိန်ဖို့အတွက်တော့မဟုတ်ပါဘူး။ အခုလက်ရှိ ခန္ဓာကိုယ်ကိုပဲ ဆက်ပြီးမဝဖို့အတွက် ထိန်းထားမှာပါ။ ခန္ဓာကိုယ်နဲ့ပတ်သက်ပြီးတော့ ကိုယ့်ကို အရမ်းနှိမ်လာတဲ့ ကောမန့်မျိုးတွေလည်း ကြုံဖူးတယ်။ ဖေ့စ်ဘွတ်လုံးဝသုံးချင်စိတ်မရှိတော့ပဲ ပိတ်ထားခဲ့တဲ့ အချိန်တွေလည်း ရှိခဲ့ပါတယ်။  အဲ့လိုအခါကျတော့ ခံစားရတာမျိုး မဟုတ်ပေမယ့် စိတ်အားငယ်တဲ့အခါတွေလည်း ရှိပါတယ်။ မိန်းကလေးဆိုတဲ့အတွက်ကြောင့်လေ။တစ်ခါတစ်လေ ငိုရတဲ့အချိန်တွေလည်း ရှိတယ်။ အဲ့အချိန်တွေမှာတော့ ကိုယ့်ဘာသာကိုယ်အားတင်းပြီးတော့ ဆက်ကြိုးစားသွားမှာပါ။ " လို့ သူမက Duwun Media ကို ပြောပြခဲ့ပါတယ်။

play

 

ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး Body Shaming အလုပ်ခံရတာတွေလည်း ရှိသလို အဲ့လို လုပ်လာတဲ့သူတွေကိုလည်း သူတစ်ပါးရဲ့ အားနည်းချက်ကို ပြောမှ ကျေနပ်တယ်ဆိုရင်လည်း သူမမှာ တားပိုင်ခွင့်မရှိပါဘူးတဲ့။

"Body Shaming အလုပ်ခံရတာတွေလည်း ကြုံဖူးပါတယ်။ ဒါပေမယ့်လည်း အဲ့လိုပြောတဲ့သူတွေကို သူတစ်ပးရဲ့ အားနည်းချက်ကို ပြောမှ ကျေနပ်မယ်ဆိုရင်လည်း ဆက်ပြောကြပေါ့။ ကိုယ်ကမပြောနဲ့လို့ပြောလို့မှမရတာ။ ကိုယ်ကပရိသတ်ပိုင်တဲ့သူ အနုပညာရှင်ဆိုတော့ သူတို့ကြိုက်ရင် အားပေးမှာပဲ မကြိုက်ရင်တော့ ပြောမှာပဲပေါ့။ Body Shaming လုပ်တာနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်ပါဘူး။ကိုယ်ကမှ မလှတာ အဲ့တော့ ပြောကြမှာပါ။ ကိုယ်ကလည်း ပိန်အောင်မလုပ်နိုင်ဘူးလေ။ အစားကလည်းအရမ်းစားတဲ့ ထဲမပါပါဘူး။ လေတိုက်တိုင်း ဝနေတဲ့ သူဆိုတော့လည်း မတ်နိုင်ဘူးနော်။ " ဆိုပြီး သူမကို ဝေဖန်မှုတွေနဲ့ ပတ်သက်လို့ ခံစားချက်ကို ပွင့်ပွင့်လင်းလင်းနဲ့ ပြောပြခဲ့တာ ဖြစ်ပါတယ်။

play

 

၂၀၀၉ ခုနှစ်ကတည်းက ဂီတလောကထဲကို ရောက်ရှိလာတဲ့ ဗီဗာဟိန်းဟာ ပရိသတ်တွေကို အမြင်တစ်မျိုးနဲ့ ဆွဲဆောင်နိုင်ခဲ့သူလည်း ဖြစ်ပါတယ်။ "ဗူးသီးမှအရီးလာမတော်နဲ့၊တောင်ပြုံး၊ ဗျို့ဟေ့သံ၊စတဲ့သီချင်းများနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်ရှိခဲ့တဲ့သူလည်း ဖြစ်ပါတယ်။ ဂီတနဲ့ ပတ်သက်လို့လည်း မနောနဲ့ တွဲဖက်ကာ သီချင်းခွေထုတ်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။

အခုလက်ရှိမှာ သူမအနေနဲ့ ဂီတပိုင်းသာမက သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေ ရိုက်ကူးနေပြီလို့ သိရပါတယ်။

Photo : ဗီဗာဟိန်း

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD