AD
AD
AD
play

 

ပြည်သူ့အချစ်တော် သရုပ်ဆောင် အိန္ဒြာကျော်ဇင်က တူမလေးဖြစ်သူ မေတိုးခိုင်ရဲ့ မွေးနေ့အလှူလေးမှာ ကိုယ်တိုင်ကိုယ်ကျ ပါဝင်ပေးခဲ့ တာကို တွေ့ရပါတယ်။ ရွှေပြည်သာမြို့နယ်က "လိုတရ"ဟင်္သာတဘုန်းကြီးကျောင်းမှာ မေတိုးခိုင်ရဲ့ မွေးနေ့အလှူကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ 

မေ(၇) ရက်နေ့ ကျရောက်ခဲ့တဲ မေတိုးခိုင်ရဲ့ မွေးနေ့အလှူမှာဆိုရင် ကျောင်းထိုင်ဘုန်းကြီးကို ဝတ္ထုငွေလှူဒါန်းခဲ့ပြီး မိဘမဲ့ ကလေးအယောက် (၄၅၀)ကို အစားအစားများ ၊ အသုံးအဆောင်များနဲ့ ဆေးပစ္စည်းများလှူဒါန်းခဲ့တယ်လို့ အိန္ဒြာကျော်ဇင်ရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ပြောထားတာ တွေ့ရပါတယ်။

play

 

"၇ရက်နေ့က လှော်ကား,ဝါးတစ်ရာလမ်းမကြီး,ရွှေပြည်သာမြို့နယ်က"လိုတရ" ဟင်္သာတဘုန်းကြီး ကျောင်းမှာ တူမလေးဖူးဖူး May Toe Khine မေတိုးခိုင် ရဲ့မွေးနေ့အလှူလေးသွားလုပ်ခဲ့ပါတယ်။ကျောင်းထိုင်ဘုန်းဘုန်းကို ဝတ္ထုငွေကပ်ပြီး, မိဘမဲ့ကလေးအယောက်၄၅၀ကို အစားအစာများ,အသုံးအဆောင်များ နဲ့ ဆေးပစ္စည်းများလဲလှူဒါန်းခဲ့ပါတယ်"လို့ ဆိုပါတယ်။

မနက်ခင်းမှာ အလှူတွေနဲ့ ဖြတ်သန်းခဲ့ပြီး ညပိုင်းမှာ တူမလေး မေတိုးခိုင်အတွက် Birthday Surprise တစ်ခု ဖန်တီးပေးဖြစ်တယ်ဆိုပြီး ပြောထားတာလည်း တွေ့ရပါတယ်။

play

 

မေတိုးခိုင်ဟာ အနုပညာလမ်းခရီးမှာ စတင်လျှောက်လှမ်းနေသူ တစ်ဦးဖြစ်ပါတယ်။ အသက်(၂၃)နှစ်ပြည့်သွားပြီဖြစ်တဲ့ မေတိုးခိုင်ဟာ မွေးနေ့တိုင်း အမှတ်တရတွေ ရှိခဲ့ပေမယ့်လည်း အသက်(၁၈)နှစ်ပြည့်မွေးနေ့ကတော့ သူမအတွက် အမှတ်တရလေး တစ်ခုရှိခဲ့ပါတယ်တဲ့။

မွေးနေ့ရောက်တိုင်း အိမ်မှာပဲ ဖြတ်သန်းဖြစ်တာများပေမယ့် အသက်(၁၈)နှစ်ပြည့်မွေးနေ့မှာ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ အတူ ပျော် ဖြစ်တာလေးက သူမအတွက် အမှတ်တရလေး ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

မေတိုးခိုင်ရဲ့ အဒေါ်ဖြစ်သူ အိန္ဒြာကျော်ဇင်ဟာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိထားသူတစ်ဦးပါ။ အဒေါ်ဖြစ်သူကိုယ်တိုင် ပရိသတ်အားပေးမှုကို ရရှိထားသလို ချစ်စရာမျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ေ မတိုးခိုင်ဟာလည်း ပရိသတ်အားပေးမှုကို ရရှိထားသူလေးပါ။

အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ အိန္ဒြာကျော်ဇင်ဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံးအမျိုးသမီးဇာတ်ဆောင်ဆုကို ရရှိထားသူ တစ်ဦးဖြစ်ပါတယ်။

play

 

အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ပြီး ပြေသုဒြာနဲ့ ပြေဓီရဆိုတဲ့ ရင်သွေးလေး နှစ်ယောက်နဲ့ သာယာတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်ထားသူ တစ်ဦးဖြစ်ပါတယ်။

 

Photo : အိန္ဒြာကျော်ဇင် FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD