AD
AD
AD
play

သရုပ်ဆောင် စံရတီမိုးမြင့်ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ မေလ(၁၀)ရက်နေ့ မနက်ပိုင်းက 9MC ရဲ့ ထိန်းသိမ်းမှုအောက်ကို ရောက်ရှိသွားခဲ့ပါတယ်။ သူမအကောင့် ယခုလို ဖြစ်သွားတာနဲ့ ပတ်သက်ပြီး သူမရဲ့ ပရိသတ်တွေက စိတ်တိုလို့နေကြတာလည်း တွေ့ရပါတယ်။

အဲ့ဒါနဲ့ ပတ်သက်ပြီး စံရတီမိုးမြင့်က သူမရဲ့ ပရိသတ်တွေကို ယခုလို ပြောထားတာပါတယ်။

"9MC အဖွဲ့ကိုမဆဲပါနဲ့နော်..တကယ်က မနေ့က ဘောလုံးပွဲကြည့်နေတုန်း သဲအကောင့်ကို mcpouksa1234@gmail.com ဆိုတဲ့အကောင့်နဲ့ ခိုးတာပါ..အဲ့ဒါကို 9MC အဖွဲ့က မရရအောင် ပြန်ယူထားပေးတာပါ။ အဲ့ဒါသဲအကောင့်ကို mcpouksa ဆိုတဲ့အကောင့်က သုံးရက်အတွင်းပြန်ယူ မယ်ပြောနေလို့ 9MC အဖွဲ့ကစောင့်ကြည့်ပေးနေတာပါ။ သဲလဲအခုဒီအကောင့်ကို သုံးနေပါတယ်လို့. စိတ်မပူပါနဲ့နော်.. အဓိက သဲရဲ့ We Love San Yati Moe Myint ကအသဲလေးတွေစိတ်မပူကြပါနဲ့လို့နော်"ဆိုပြီး သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက် ရေးသားထားတာတွေ့ရပါတယ်။

play

 

ထို့အပြင် သူမရဲ့ အကောင့်ကို ဟတ်ပြီး ပိုက်ဆံတောင်းတဲ့ သူကိုလည်း ပိုက်ဆံလိုချင်ရင် ဒီတိုင်းအလှူခံလည်း ရပါတယ်ဆိုပြီး ပြောထား ပါသေးတယ်။

"mcpouksalay ဆိုတဲ့တစ်ယောက်လည်း အရမ်းယုတ်မာတာဘဲနော်..အကောင့်ထဲ ဘာမှလဲမရှိပါဘူး။ ပိုက်ဆံလိုချင်ရင်လည်း သဲကတိရိစ္ဆာန် လေးတွေကိုတောင်လှူပါတယ်။ လိုချင်ရင်လည်း ဒီတိုင်းအလှူလာခံလဲပေးပါတယ်ရှင်" ဆိုပြီး ပြောထားပါတယ်။

စံရတီမိုးမြင့်ရဲ့ ပရိသတ်တွေကတော့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့် ပြန်ရသွားတဲ့အတွက် ဝမ်းသာနေကြပါတယ်။

play

 

ယခုလက်ရှိမှာလည်း အနုပညာရှင်များရဲ့ အကောင့်တွေကိုဟတ်ပြီး ပိုက်ဆံအလှူခံတဲ့ ကိစ္စမျိုးတွေ ဖြစ်ပေါ်နေတာ တွေ့ရပါတယ်။ စံရတီမိုးမြင့်ဟာ ယခုနောက်ပိုင်းမှာ ဇာတ်ကားရိုက်ကူးမှုတွေ ပြန်လည်ပြုလုပ်လာတာ တွေ့ရပါတယ်။ ယခင်က ကျန်းမာရေးအခြေအနေ ကြောင့်ဇာတ်ကားရိုက်ကူးမှုတွေ ကျဲနေခဲ့တာ ဖြစ်ပြီးအ ခုဆိုရင်တော့ ဇာတ်ကားရိုက်ကူးမှုတွေ ပြုလုပ်လာသလို ဇာတ်လမ်းတွေကိုလည်း ရွေးချယ်ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

 

Photo : စံရတီမိုးမြင့်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD