AD
AD
AD
play

စွဲဆောင်မှုကောင်းတဲ့ အမျိုးသားအနုပညာရှင်တွေ၊ မော်ဒယ်တွေက အမြဲပေါ်ထွက်နေတာပါ။ အဲဒီထဲကမှ အခုတလော နှုတ်ခမ်းနီမလေးတွေ သဘောကျ ဝန်းရံမှုအများဆုံး ဖြစ်နေတဲ့ တက်သစ်စ အနုပညာရှင်လေးတွေကို ရွေးထုတ် ဖော်ပြပေးလိုက်တယ်နော်။ ညီမလေးတို့၊ မမတို့ရဲ့ အကြိုက်တွေနဲ့ ထပ်တူကျနေမလား ကြည့်လိုက်ရအောင်နော်...

၁။ ဇေယံ

play

ဒဂုံတက္ကသိုလ်ရဲ့ ချယ်ရီ သင်္ကြန်ပွဲ က ပုံရိပ်လေးတွေကနေတဆင့် မိန်းကလေးပရိသတ်တွေ သဲသဲလှုပ်အားပေးခဲ့တဲ့ မော်ဒယ်လ် ချောချောလေး ဖြစ်ပါတယ်။ ဇေယံရဲ့ ဆံပင်လည်းရှည်၊ ချစ်စရာကောင်းတဲ့ အပြုံးချိုချိုလေးတွေနဲ့ အတူ ယောက်ျား ပီသတဲ့ ခန္ဓာကိုယ် အချိုးအစားက မိန်းကလေးတွေကို ရင်ခုန်စေတဲ့အရာတွေပါပဲ။ ဇေယံက အခုဆိုရင် MTV တွေမှာ ပါဝင်သရုပ်ဆောင် နေပါပြီ။ အဆိုတော်သာဒီးလူရဲ့ လိုသလိုသုံး ဆိုတဲ့ MTV ထဲမှာ ပါဝင်သရုပ်ဆောင်ထားတဲ့အပြင် မဂ္ဂဇင်းကာဗာ Star တစ်ယောက် အဖြစ်လည်း အောင်မြင်နေပြီလို့ သိရပါတယ်။

ဇေယံကို ၀န်းရံချင်တယ်ဆိုရင် သူ့ရဲ့ Facebook Account က Zay Yan ဖြစ်ပါတယ်။

၂။ ရှင်မွေလ

play

ရှင်မွေလက သရုပ်ဆောင်အကယ်ဒမီမြင့်မြတ်နဲ့ ခပ်ဆင်ဆင်တူလို့ မြင့်မြတ်ပေါက်စ လေးလို့ ပရိသတ်တွေက ချစ်စနိုးနဲ့ခေါ်နေကြ တာပါ။ သူက အခုဆိုရင် ဗီဒီယိုဇာတ်ကားတွေအပြင် ရုပ်သံဇာတ်လမ်းတွဲတွေကိုပါ ရိုက်ကူးနေရသူတစ်ယောက်ဖြစ်ပါတယ်။ အနုပညာကို ဝါသနာပါလွန်းတဲ့ ရှင်မွေလ က မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးက ဖွင့်တဲ့ သရုပ်ဆောင်သင်တန်းဆင်း တစ်ယောက် လည်းဖြစ်ပါတယ်။

ရှင်မွေလကို အားပေးနေပေမဲ့ Facebook Account ကို မသိသေးသူတွေအတွက် သူ့ရဲ့အကောင့်ကို ဖော်ပြပေးလိုက်တယ်နော်။ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်က Shin Mway La ပါ။

၃။ ဝီလျှံထွန်း (Project K)

play

ဂီတရေစီးကြောင်းထဲမှာ အောင်မြင်တဲ့ အဆိုတော်အဖွဲ့ ဖြစ်တဲ့ Project K အဖွဲ့ဝင် ဝီလျှံထွန်း ဖြစ်ပါတယ်။ ဂီတအလုပ်မှာလည်း အောင်မြင်မှုတွေရရှိပိုင်ဆိုင်ထားသလို သရုပ်ဆောင်ဘက်မှာလည်း ရေဒီယိုကက်ဆက် ဇာတ်လမ်းတွဲ တွေထဲမှာ ပါဝင်သရုပ်ဆောင် နေသူတစ်ဦးပါ။  သူတောင်းစားညီလာခံဆိုတဲ့ ဇာတ်လမ်းလေးမှာ သူတောင်းစားဂိုဏ်းချုပ် အဖြစ် ပါဝင်သရုပ်ဆောင်ထားပါသေးတယ်။

သူရဲ့ Facebook Account ကို သိချင်ကြတဲ့ ကောင်မလေးပရိသတ်တွေအတွက် ဝီလျှံထွန်းရဲ့အကောင့်က William Tun(Project K) ဖြစ်ပါတယ်။

၎။ ထက်ဦးထွဋ်

play

မြန်မာနိုင်ငံရဲ့ ပထမဆုံး Boy Lover ဇာတ်လမ်းတွဲဖြစ်တဲ့  Innocence ထဲမှာ ခေါင်းဆောင်မင်းသားတစ်ယောက်အနေနဲ့ ပါဝင်နေသူတစ်ဦးပါ။ အရင်ကလည်း Mister ပြိုင်ပွဲတွေ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး Title ဆုတွေလည်း ရရှိပိုင်ဆိုင်ခဲ့ပါတယ်။ သူကတော့ ငယ်ငယ်ကတည်းက သရုပ်ဆောင်အလုပ်ကို လုပ်ခဲ့ တာပါ။ ငယ်စဉ်က မဟော်သဓာ တရားစီရင်ခန်း ဇာတ်လမ်းတွေမှာ မဟော်သဓာရဲ့ ဖွားဖက်တော် ညီအစ်ကိုနေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ထက်ဦးထွဋ်ရဲ့ Facebook Account လေးကတော့ Htet Oo Htut ပါပဲ။ အပြေးလေး ဝန်းရံကြဖို့ ပြောပြလိုက်တယ်နော်။

၅။ ဘုန်းမင်းနေလ

play

ဘုန်းမင်းနေလက သရုပ်ဆောင် အကယ်ဒမီ ခင်ဇာခြည်ကျော် ရဲ့ သားပါ။ ခင်ဇာခြည်ကျော်ရဲ့ အနုပညာမျိုးစက်သစ်လေးဆိုရင်လည်း မမှားပါဘူး။ ဘုန်းမင်းနေလက အခုချိန်မှာ ကျောင်းပညာရေး ကိုပဲ အဓိက ဦးစားပေးဆောင်ရွက်နေတာဖြစ်ပါတယ်။ ဒါပေမယ့် မိခင်နဲ့အတူ ဂျာနယ်၊ မဂ္ဂဇင်း ကာဗာတွေရိုက်ကူးနေရတဲ့ Cover Star တစ်ယောက်အဖြစ် ရပ်တည်နေပါတယ်။

Phonemin Nay La လို့ နာမည်ပေးထားတဲ့ သူ့ရဲ့ Facebook Account အကောင့်လေးကို သွားမွှေချင်တဲ့ နှုတ်ခမ်းနီမလေးတွေ အတွက် ဖော်ပြပေးလိုက်တယ်နော်။

၆။ J-Fire

play

သူကတော့ အဆိုတော် J-Fire ပါ။ မကြာခင်က ကောက်ရိုးလေးတစ်မျှင်ဆိုတဲ့ MTV တစ်ပုဒ်ထဲနဲ့ ပရိသတ်တွေရဲ့ နှလုံးသားကို ဆွဲကိုင်လှုပ်ခတ်စေခဲ့သူပါ။ အရမ်းဝလွန်းတဲ့ ခန္ဓာကိုယ်ကိုပိုင်ဆိုင်ခဲ့ပြီးတဲ့နောက် အခုချိန်မှာတော့ အရမ်းကို ကြည့် ကောင်းပြီး စမတ်ကျတဲ့ ခန္ဓာကိုယ်အချိုးအစားကို ပိုင်ဆိုင်ထားပါတယ်။  ဂီတလမ်းကြောင်းပေါ်မှာ အောင်မြင်ဖို့ ကြိုးစားနေရတဲ့အချိန် ပရိသတ်တွေရဲ့ အားပေးမှုက သူ့အတွက် အင်အားတစ်ခုဖြစ်စေမှာပါ။ J Fire က ၂၀၁၇ ခုနှစ်ထဲမှာလည်း တပင်ရွှေထီး ဆိုတဲ့ တစ်ကိုယ်တော်အခွေ ထွက်ရှိထားတာဖြစ်ပါတယ်။

J Fire ရဲ့ အကြောင်းကို သိချင်ကြတဲ့ ပရိသတ်ချောချောလေးတွေအတွက် J Fire ရဲ့ Facebook Account ဖြစ်က Aung Ko Nyein ဆိုတဲ့ အကောင့်လေးပါ ဆိုတာကို လက်တို့ ပြောပြလိုက်ပြီနော်။

၇။ ဟိန်းမင်းသူ

play

သူကတော့ ရည်မှန်းချက်ကြီးမားလှတဲ့ အဆိုတော်ပေါက်စလေးပါ။ သူ့ကို ကမ္ဘာကျော်အဆိုတော် ဂျက်စတင်ဘီဘာနဲ့တူတယ်ဆိုပြီးတော့ သူ့ရဲ့ ပရိသတ်တွေက ချစ်စနိုးနဲ့ မြန်မာနိုင်ငံက ဂျက်စတင်ဘီဘာလေး လို့တောင် တင်စားခေါ်ဝေါ်နေကြပါတယ်။ သူက Slient ဆိုတဲ့ တစ်ကိုယ်တော်အခွေလည်း ထွက်ရှိပြီးခဲ့ပါပြီ။ အခုလည်း MRTV-4 ရုပ်သံလိုင်းမှာပြသနေတဲ့ အရိပ်ဆိုတဲ့ ရုပ်သံဇာတ်လမ်းတွဲ ထဲမှာလည်း သရုပ်ဆောင်တစ်ယောက်အဖြစ် ပါဝင်ထားပါတယ်။

မြန်မာဂျက်စတင်ဘီဘာလေးကို သဘောကျတယ်ဆိုရင် ကောင်မလေးချောချောလေးတို့ရေ Hein Min Thu အကောင့်ကို မြန်မြန်လေး Follow လုပ်ထားလိုက်တော့နော်။

၈။ ထူးအောင်

play

ထူးအောင်က အခုလက်ရှိမော်ဒယ်လောကမှာ အောင်မြင်နေသူတစ်ယောက်ဆိုရင်လည်း မမှားပါဘူး။ ခန့်ညားတည်ကြည်ပြီး စမတ်ကျတဲ့ ဖက်ရှင်တွေကြောင့် မိန်းကလေးပရိသတ်တွေရဲ့ ရင်ထဲကို ထိမှန်စေတာတော့ အမှန်ပါပဲ။ ထူးအောင်ဟာ အခုဆိုရင် သရုပ်ဆောင်အလုပ်တွေလည်း လုပ်နေပြီနော်၊ ရုပ်ရှင်ဇာတ်ကားကြီးတွေမှာရော၊ ဗီဒီယိုဇာတ်ကားတွေမှာရော၊ ရုပ်သံဇာတ်လမ်းတွဲ တွေ မှာပါ ပါဝင်သရုပ်ဆောင်နေပြီနော်။

ကဲ ထူးအောင်ရဲ့ စမတ်ကျတဲ့ Body & Fashion တွေကို လေ့လာချင်ကြတဲ့ Fan ချောချောလေးတို့ရေ Htoo Aung ဆိုတဲ့ ဖေ့စ်ဘွတ် အကောင့်ကို သွားပြီး ဝန်းရံဖို့ မမေ့နဲ့နော်။

၉။ ပိုင်တံခွန်

play

ပိုင်တံခွန်ကတော့ အခုလက်ရှိမှာ သရုပ်ဆောင်အလုပ်တွေလည်း အမြဲမပျက်ဆောင်ရွက်နေသလို ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေမှာ လည်း Brand Model အဖြစ် ပါဝင်နေသူတစ်ယောက်ပါ။ သူက တိရစ္ထာန်လေးတွေကိုလည်း အရမ်းချစ်တတ်သူပါ။ ဖော်ရွှေတဲ့ အပြုံးချိုချိုလေးတွေကနေတဆင့် ပရိသတ်ကို ဖမ်းစားနိုင်တာကြောင့် မိန်းကလေးပရိသတ်တွေ အချစ်ပိုနေရတဲ့ မင်းသားတွေထဲမှာ သူလည်း တစ်ယောက်အပါအဝင်ပါပဲ။

ပိုင်တံခွန်ရဲ့ အကောင့်ကိုတော့ မိန်းကလေးအများစု သိပြီးသားဖြစ်မှာပါ။ မသိသေးဘူးဆိုရင်တော့ ပိုင်တံခွန်ရဲ့အကောင့်က Paing Takhon (Ptk Official) ဖြစ်ပါတယ်။

Photo: Facebook

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD