AD
AD
AD
play

 

သရုပ်ဆောင် သွန်းဆက်ဟာ လှိုင်သာမြို့နယ်ထဲမှာရှိတဲ့ သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ကျောင်းမှာ အဓိဌာန်ဝင်တရားအားထုတ်ခဲ့တယ်လို့ သိရပါတယ်။ သစ်တံခါးကျောင်းမှာ (၃)ရက်တိုင်တိုင် အဓိဌာန် ဝင်ခဲ့တာ ဖြစ်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

သူမပြုလုပ်ခဲ့တဲ့ ကောင်းမှုကုသိုလ်များကိုလည်း ပရိသတ်တွေနဲ့အတူ (၇)ရက်သားသမီးတွေ ကုသိုလ်ရအောင် အမျှပေးဝေထားပါသေးတယ်။

play

 

"သစ်တံခါးဆရာတော်ဘုရားကြီးရဲ့ အေးချမ်းတဲ့မေတ္တာရိပ်အောက်မှာ သစ္စာပြုအဓိငှာန် ( ၃) ရက် တိုင်တိုင် အောင်မြင်စွာ ကုသိုလ်ပွားများအားထုတ်ခဲ့ပါတယ်ရှင်       (၇) ရက်သားသမီးများ အား မေတ္တာပို့ဆုတောင်းပေးခဲ့ပါတယ်      

ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ( သာဓု သာဓု သာဓု )      

ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ( သာဓု သာဓု သာဓု )      

ကုသိုလ် အမျှ အမျှ အမျှ ယူတော်မူကြပါကုန်သော် ( သာဓု သာဓု သာဓု )" ဆိုပြီးတော့ သူမက ပြောထားပါတယ်။

play

 

သွန်းဆက်ဟာ ဇာတ်ကားရိုက်ကူးမှုတွေနားထားတဲ့ အချိန်မှာ ဘာသာရေးဘက်ကို အားသွန်ခွန်စိုက် ကြိုးစားနေတာလည်း တွေ့ရပါတယ်။

သွန်းဆက်ဟာ မိခင်နဲ့အတူ သွန်းဆက်က မိခင်နဲ့အတူ ၂၀၁၇ခုနှစ်၊ စက်တင်ဘာ ၂၅ရက်နေ့က ရန်ကုန်မြို့ သုဝဏ္ဏဘူမိခေမာရာမ သီလရှင်စာသင်တိုက် မိခင်နဲ့အတူ သီလရှင် ဝတ်ခဲ့ပါသေးတယ်။သူမကငယ်စဉ်ကတည်းက သီလရှင်ဝတ်ချင်ခဲ့တာဖြစ်ပြီး မနှစ်ကမှ သူမရဲ့ စိတ်ကူးကို အကောင် အထည်ဖော်နိုင်ခဲ့တာ ဖြစ်ပါတယ်။

play

 

ပြီးခဲ့တဲ့ ရက်ပိုင်းလောက်ကလည်း စိုးရန်အောင်နဲ့ သက်သခင်တို့ရဲ့ မင်္ဂလာပွဲမှာလည်း ပါဝင်ကူညီဆောင်ရွက်ပေးခဲ့တာ တွေ့ရပါတယ်။

သူ့ကို ဟာသဇာတ်ကားတွေမှာ အများဆုံးတွေ့ရတတ်ပါတယ်။ သွက်လည်းသွက် ခပ်စွာစွာကောင်မလေးတစ်ယောက်ကို ပရိသတ် တွေက အမြဲတမ်းသတိထားမိကြမှာပါ။ သွန်းဆက်က အခုဆိုရင် ဗီဒီယိုဇာတ်ကားပေါင်းများစွာမှာလည်း ခေါင်းဆောင် မင်းသမီး အဖြစ်ပါဝင်ရိုက်ကူးနေတာဖြစ်ပါတယ်။ နောက်ထပ် ရုပ်ရှင်ဇာတ်ကားကြီးတွေလည်း ရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

Photo: သွန်းဆက်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD