AD
AD
AD
play

 

မေလ ၁၃ရက်နေ့ ဒီနေ့ဟာ အမေများနေ့ဖြစ်ပါတယ်။ အမေကိုချစ်တဲ့ သားသမီးတိုင်းကတော့ လူမှုကွန်ယက်စာမျက်နှာပေါ်မှာ သူတို့ အမေကို ဘယ်လောက်ထိချစ်ကြောင်း ဝန်ခံပြောပြနေကြပါတယ်။ အဲ့ဒီအထဲမှာမှ အမေ မရှိတော့တဲ့ သားတစ်ယောက်ဖြစ်တဲ့ ဒါရိုက်တာ သားညီရဲ့ ရင်ဖွင့်ပြောစကားကိုလည်း အခုလိုဖော်ပြလိုက်ပါတယ်။

' အမေ ! ဒီနေ့ အမေများနေ့တဲ့ ၊ အမေမရှိတော့တဲ့သားအတွက် အမေ့ကျေးဇူးကို တတ်နိုင်သလောက်လေး ဆပ်နိုင်အောင် ကြိုးစား နေပါတယ် ။ သိပ်အများကြီးမဟုတ်ပါဘူးအမေ၊ သား အနီးအနား ပတ်ဝန်းကျင်မှာ ရှိနေတဲ့မိဘမဲ့ ကလေးငယ်လေးတွေအတွက် တစ်ခုခုလုပ်ပေးနိုင်မယ်လို့ သားထင်တဲ့ပရဟိတ ဇာတ်ကားလေး ဒီနေ့ ကန်တော့ပွဲပေးမယ် အမေ ။ တမင်လည်း ဒီနေ့ကို ရွေးချယ် ခဲ့တာပါ ။ အဲ့ဒီဇာတ်ကားလေးက ခိုကိုးရာမဲ့နေတဲ့ ကလေးငယ်တွေအတွက် တစ်ဖက်တစ်လမ်းက နည်းနည်းလေးပဲ အထောက်အပံ့ ဖြစ်ခဲ့မယ်ဆို သားကျေနပ်ပါတယ် အမေ ။ သားညီ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေ ရေးသားခဲ့ပါတယ်။

play

 

ဒါရိုက်တာသားညီဟာ သရုပ်ဆောင်ဒွေး(ခ) ကိုသားကြီးရဲ့ ချစ်လှစွာသော ညီအရင်းတစ်ယောက်ဖြစ်ပါတယ်။ အရင်က သရုပ်ဆောင်

အလုပ်တွေကိုလည်း အစ်ကိုဖြစ်သူနဲ့အတူ လက်တွဲအလုပ်လုပ်ခဲ့ပါသေးတယ်။ ဒွေးသေဆုံးသွားပြီးတဲ့နောက် သားညီကလည်း အနုပညာလောကနဲ့ အနည်းငယ် ဝေးကွာသွားခဲ့ပါသေးတယ်။

play

 

ခုနောက်ပိုင်းမှာတော့ အနုပညာလောကထဲ ပြန်လည်ဝင်ရောက်လာတဲ့ သားညီဟာ ယခင်ကလို သရုပ်ဆောင်ပိုင်းတင်မက ဒါရိုက်တာဘက်ကိုပါ အားကြိုးမာန်တက်နဲ့ကြိုးစားလာတာကိုတွေ့ရပါတယ်။ အခုဆိုရင် ဇာတ်ကားတော်တော်များများကို ဒါရိုက်တာ လုပ်လာပြီဖြစ်ကာ ဒါရိုက်တစ်ယောက်အနေနဲ့ ပရိသတ်တွေကပါ လက်ခံလာကြတာကိုလည်း တွေ့ရပါတယ်။

သားညီအနေနဲ့ သရုပ်ဆောင် ဘဝမှာ ဖန်တီးခွင့်မရတာလေးတွေကို ဒါရိုက်တာ ဘဝမှာ ဖန်တီးခွင့်ရလာတယ်လို့လည်း ယခင်က အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ။်

Photo: သားညီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD