AD
AD
AD
play

 

သရုပ်ဆောင်ဟိန်းဝေယံရဲ့အသက် ၂၉နှစ်ပြည့် မွေးနေ့အလှူအမှတ်တရအနေနဲ့ သူ့ရဲ့ပရိသတ်တွေနဲ့အတူမေလ ၁၃ရက်နေ့ မနက်ပိုင်းက ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ထမင်း၊ ဟင်းမျိုးစုံလှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေအများကြီးကလည်း လာရောက်အားပေးကြတာကို တွေ့ရပါတယ်။

လာရောက်အားပေးကြတဲ့ ပရိသတ်တွေထဲက အဘွားအိုတစ်ဦးကလည်း မွေးနေ့ဆုတောင်းစကားဆိုခဲ့ပါသေးတယ်။

'' ကျန်းမာပါစေ၊ ချမ်းသာပါစေ၊ ဒီ့ထက်မက လှူနိုင်တန်းနိုင်ပါစေ'' ဆိုပြီးတော့ ဆုတောင်းစကားဆိုရင်း လာရောက်လှူဒါန်းကြ တဲ့ အတွက်လည်း အရမ်းကို ပျော်တယ်လို့ ဟိန်းဝေယံ ဖေ့စ်ဘွတ်အကောင့်ရဲ့ Live လွှင့်နေတဲ့အချိန်မှာ ပြောခဲ့တာပါ။

play

 

သရုပ်ဆောင်ဟိန်းဝေယံ ရဲ့ မွေးနေ့ကတော့ မေလ ၁၂ ရက်နေ့မှာ အသက် ၂၉ နှစ်ပြည့်ခဲ့တာပါ။ မွေးနေ့မှာလည်း မိသားစုနဲ့အတူ ပဲခူးမြို့ကြက်ခတ်ဝိုင်းပရိယတ္တိစာသင်တိုက်မှသံဃာအပါးနှစ်ရာငါးဆယ်အား နေ့ဆွမ်းကပ်မှုအတွက်အလှူ ငွေ ၁၂သိန်းကျော် ၆သောင်း ၅ထောင်လှူ ဒါန်းကုသိုလ်ပြုခဲ့တယ်လို့ သိရပါတယ်။

 

play

 

ဟိန်းဝေယံက လက်ရှိမှာ ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးလျက်ရှိပါတယ်။ အခုဆိုရင် ဟိန်းဝေယံက သရုပ်ဆောင်ပိုင်းသာမက ဒါရိုက်တာပိုင်းမှာလည်း သူရိုက်ကူးချင်တဲ့ ဇာတ်မျိုးဆိုရင် ဒါရိုက်တာ အဖြစ် ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။မာယာကကြိုး ရုပ်ရှင်ဇာတ်ကားဟာ သူကိုယ်တိုင် ဇာတ်လမ်းကို ရေးသားထားတာဖြစ်ပြီး ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။အဲ့ဒီဇာတ်ကားထဲမှာ ဟိန်းဝေယံ၊ ဇေရဲထက်၊ရတနာဗို၊နဲ့အခြားသော သရုပ်ဆောင် များစွာ ပါဝင်ထား တဲ့ ဇာတ်ကားတစ်ကားလည်း ဖြစ်ပါတယ်။

Photo: ဟိန်းဝေယံဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD