AD
AD
AD
play

 

အကယ်ဒမီများရှင် သရုပ်ဆောင်ရန်အောင် ဟာ ဒီနေ့ အမေများနေ့မှာ အမေ အမေ ဆိုပြီးတော့ ခေါ်ခွင့်ရတာ ကြည်နူးလိုက်တာလို့ ဆိုပါတယ်။ အမေရယ်လို့ ခေါ်နေနိုင်တုန်းမို့ ကိုယ့်ကိုယ်ကို ကျေနပ်လို့ မဆုံးဘူးလို့ ဆိုပါတယ်။

"အမေရေ ၊ မေမေရေ။ မွေးသမိခင် ရေ၊  ခေါ်ရတာ အရသာရှိလိုက်တာ အမေ။ ကျွန်တော် အမေ့ကိုချစ်စနိုးနဲ့ ၊ "မွေးသမိခင်"လို့ခေါ်လေ့ရှိပါတယ်။ အမေကလည်း "ရှင်"လို့ ပြန်ထူးလေ့ရှိပါတယ်။ ကျွန်တော် အလွန်ကြည်နူး ပီတိဖြစ်ရတယ် အမေ။
ဒီအချိန်ထိ အမေ့ကို အမေရယ်လို့ခေါ်နိုင်နေလို့လည်း ကိုယ့်ကို ကိုယ် ကျေနပ်လို့မဆုံးပါဘူး အမေ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာရေးသားခဲ့ပါတယ်။

play

 

ဘုရားမှာ ပန်း နဲ့ သစ်သီးလှူရင်း သူ့အတွက် ဆုတောင်းစကားဆိုပေးတဲ့ မိခင်ကြောင့် ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားရတဲ့ ခံစားချက်ကိုလည်း အခုလိုရေးသားထားပါသေးတယ်။

''တစ်နေ့က ကျွန်တော်ရှုတင်မသွားခင် အမေ့အတွက် ဘုရားကပ်လှူဖို့ သစ်သီးနဲ့ပန်းနဲ့ သေချာဆေးကြော,ပန်းကန်ပြားနဲ့ ထည့်ပြီး အမေ၊ အမေကိုယ်တိုင်ဘုရားကပ်ပြီး အမေ့အတွက် ဆုတောင်းပါ။ လို့ ပြောခဲ့ပြီး နပ်စ်မလေးနဲ့ပို့ ခိုင်းလိုက်ပါတယ်။ ညနေ ကျွန်တော် ရှုတင်ကပြန်လာပြီး အမေ့ အခန်းကို ဝင်နူတ်ဆက်ပါတယ်။အမေ့ကို ခေါင်းဖီးပေးရင်း အမေ မနက်က သစ်သီးနဲ့ပန်းကို ဘုရားလှူပြီး ဆုတောင်းရဲ့လားလို့မေးတော့ နပ်စ်မလေးက ဝင်ဖြေပါတယ်။ လှူတယ်အစ်ကို၊ အဖွား သူ့အတွက်ဆုမတောင်းဘူး အစ်ကို့အတွက် ဘဲဆုတောင်းပေးနေတာတဲ့ ။ရင်ထဲမှာ လှိုက်ခနဲဖြစ်သွားရတယ်'' လို့ သူ့ရဲ့ ခံစားချက်လေးကိုပြောပြခဲ့ပါတယ်။

play

 

အဲ့ဒီနောက် မိခင်ကြီးကိုဖက်ရင်း မိဘတိုင်းက သားသမီးကို မွေးကတည်းကနေ အခုချိန်ထိ ချစ်ကြသလို၊ သားသမီး တိုင်းကလည်း မိဘတွေကို သေသည်အထိ ပြန်ချစ်နိုင်စေဖို့ တွေးခဲ့မိတယ်လို့ ဆိုပါတယ်။ သရုပ်ဆောင်အကယ်ဒမီရန်အောင်ကတော့ သရုပ်ဆောင် ဘက်မှာလည်း အရည်အချင်းပြည့်ဝပြီး အကယ်ဒမီဆုတွေလည်း အများကြီး ပိုင်ဆိုင်ထားတဲ့ ဝါရင့်အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။သူ့အနေနဲ့ ဂီတဘက်မှာလည်း အောင်မြင်မှုတွေရရှိထားတဲ့ အနုပညာရှင် တစ်ယောက် ဖြစ်ပါတယ်။

Photo:  ရဲအောင်ဖေ့ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD