AD
AD
AD
play

 

ဇာတ်ပို့ဇာတ်ရံလောကမှာ ပရိသတ်အားပေးမှု ရရှိထားပြီး နေရာတစ်နေရာ ရရှိထားတဲ့ သရုပ်ဆောင် ကြူကြူသင်းက ဝိတ်ချဖို့ အစီအစဉ်တော့မရှိသေးဘူးလို့ ဆိုပါတယ်။ နှလုံးသိပ်မကောင်းတဲ့သူမဟာ ဝိတ်ချဖို့ အခက်အခဲရှိတာကြောင့် ဝိတ်ချဖို့တော့ မရှိပါဘူးတဲ့။

သရုပ်ဆောင် ကြူကြူသင်းဆိုတာနဲ့ သူမရဲ့ ထူးခြားတဲ့ ခန္ဓာကိုယ်ကိုပါ တွဲမြင်ကြမှာ အမှန်ပါ။ ဝဝတုတ်တုတ် ခန္ဓာကိုယ်ကိုမှ အောက်ပိုင်းကြီးပြီး ရေအိုးတင်လို့ရအောင်ကို လှပနေတဲ့ ခန္ဓာကိုယ်ဟာ သူမကို ပရိသတ်တွေ စိတ်ဝင်စားစေတဲ့ အချက်တွေထဲက တစ်ခုပါ။

play

 

တချို့ပရိသတ်တွေဆိုရင် သူမရဲ့ တင်ပါးကို အစစ်လားအတုလားဆိုပြီး ဝေခွဲမရဖြစ်နေကြပါတယ်။ အဲ့ဒါနဲ့ ပတ်သက်ပြီးတော့လည်း ကြူကြူသင်းက ယခုလို ပြောပြခဲ့ပါတယ်။

"အမအနုပညာလောကထဲ ဝင်လာခါစက ပိန်တယ်။ ပိန်တယ်ဆိုတာက အရပ်ကလည်းရှည်တယ်။ ပိန်လည်းပိန်းတယ်။အသက်(၂၅)(၃၀)လောက်မှာ အမဝလာတာပေါ့။ အမကို ပရိသတ်တွေ သတိထားမိစေတာဆိုရင် တုန်တုန်တုန်ပေါ့။အမက အောက်ပိုင်းနည်းနည်းကြီးတော့ သူ့တို့အတွက် ပိုပြီး ဟာသမြောက်တာပေါ့နော်။ အဲ့ဒါနဲ့ ပတ်သက်ပြီး ပရိသတ်တွေစတဲ့အပေါ် အမက ဘယ်လိုမှမနေပါဘူး။ ဘာလို့လည်း ဆိုတော့ သူတို့က ချစ်လို့စတာလေ။ အပြင်မှာတွေ့တဲ့အခါကျရင်လည်း အစစ်လားအတုလားဆိုပြီး မေးကြတယ်။ တချို့ကို ကိုင်ကြည့်ကြတာလည်း ရှိတယ်။ တချို့ဆိုမေးတုန်းရှိသေး ကိုင်ကြည့်ပြီးသွားပြီ။ ကိုယ်ဖင်လေးကို ကိုင်ပြီးတိန်တိန်တိန်ဆိုပြီး ရိုက်ကြည့်တာ တွေလည်း ရှိတယ်။ ပထမတုန်းကတော့ လန့်သွားတာမျိုးရှိတယ်။ ဒါပေမယ့် ကိုယ့်ကို ချစ်လို့ဒီလိုမျိုးလုပ်တာဆိုပြီးတွေးမိပါတယ်။ အတွေးပီတိလေး ဖြစ်ရတာပေါ့နော်။ အဲ့ဒါတွေနဲ့ ပတ်သက်ပြီး စိတ်အနှောင့်အယှက်တော့ မဖြစ်ပါဘူး။ " ဆိုပြီးတော့ Duwun Media ကို ဖြေဆိုပေးထားပါတယ်။

play

 

အနုပညာမျိုးရိုးကနေ ဆင်းသက်လာတဲ့ ကြူကြူသင်းဟာ အနုပညာလောကမှာ တစ်ချိန်က နာမည်ကြီး အောင်မြင်ခဲ့တဲ့ အန်တီဒေါ်ဂွက်ထော် ရဲ့ သမီးအဖြစ် ပရိသတ်တွေ သိခဲ့ကြတာပါ။ အဲ့ဒီနောက်ကစပြီး သူမပါဝင်တဲ့ ဇာတ်ကားတိုင်းမှာ သရုပ်ဆောင် ပီပြင်မှုတွေကြောင့် ကြူကြူသင်းဆိုပြီး ပရိသတ်တွေနဲ့ ပိုပြီး ရင်းနှီးစေခဲ့တာလည်း ဖြစ်ပါတယ်။

မကြာခင်မှာလည်း သူမပါဝင်ထားတဲ့ "ဖိုးရှိတ်" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီဇာတ်ကားကို ဒါရိုက်တာ နေပိုင်းက ရိုက်ကူးထားတာ ဖြစ်ပြီး မြင့်မြတ်၊ သဉ္ဇာနွယ်ဝင်းတို့အပြင် အခြားသော အနုပညာရှင်တွေများစွာ ပါဝင်သရုပ်ဆောင်ထားကြပါ တယ်။ ဖိုးရှိတ်ရုပ်ရှင်ဇာတ်ကားကြီးကိုတော့မေလ(၁၈) ရက်နေ့မှာ ရုံတင်ပြသသွားမယ်လို့ သိရပါတယ်။

Postby

 

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD