AD
AD
AD
play

 

အဆိုတော် စန္ဒီမြင့်လွင်က ခင်ပွန်းဖြစ်သူကို စကားလုံး လှလှလေးတွေနဲ့ ချုပ်လိုက်ပါတယ်။ သူဘယ်လိုပုံစံလေး ဘယ်လိုအနေအထား လေးပဲ နေနေချစ်နေတဲ့ ခင်ပွန်းကြောင့် စိတ်ချမ်းသာနေရသလို ခင်ပွန်းကိုလည်းတစ်နေ့တခြားပိုပိုချစ်လာတယ်တဲ့။

play

 

"ကိုယ်ကသူများတွေလို ဘော်ဒီလေးလဲမလှပါဘူး  မျက်နှာလေးကလဲ ဝလုံးလေးရယ်ပါ 

အရပ်ကလေးကလဲရှည်သေးတာ  သူဌေးမလေးကလဲမဟုတ်ပြန်ဘူး  စိတ်ကလဲပုပ်သေး 

သီချင်းဆိုရင်လဲ အကြမ်းတွေချည်းပဲ(ယောကျာ်းမကောင်းကြောင်းတွေဆိုသေးတာ) လူကလဲကျွတ်ဆပ်ဆပ်မာကျောကျောရယ်ပါ

မှန်တာတွေပြောသစ္စာရှိမြတ်ပင်ပေါက်လွန်းလို့ လဲတချို့ လူတွေကိုယ့်ကိုမနှစ်မျို့ ပြန်ဘူး 

ကိုယ်ဘလိုပုံစံ ဘယ်လိုအနေအထားပဲဖြစ်ဖြစ်ကိုယ့်အပေါ်အရမ်းချစ်တဲ့ ကိုယ့်ရဲ့ အိမ်ဦးနတ်ကျားကျားကိုပိုပို ချစ်လာတယ်တစ်နေ့ တစ်ခြား" ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်မှာ လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ရေးသားထားတာတွေ့ရပါတယ်။

play

 

စန္ဒီမြင့်လွင် ရေးထားတဲ့ ပို့စ်အောက်မှာ သူမရဲ့ ပရိသတ်တွေ အနုပညာသူငယ်ချင်းတွေက သူမကို အားကျကြောင်း ပြောထားတဲ့ ကောမန့်တွေ အများကြီးပါပဲ။သာယာတဲ့ အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ စန္ဒီမြင့်လွင်ကို အားလုံးက အားကျနေကြပါတယ်။

ရှေ့သွားနောက်လိုက် ညီလွန်းလှတဲ့ စန္ဒီမြင့်လွင်တို့ စုံတွဲလေးဟာ အလှူအတန်းတွေနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူလေးပါ။ စန္ဒီမြင့်လွင်ဟာ မင်္ဂလာပွဲပြီးနောက်ပိုင်းမှာလည်း ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သလို သွားနေရတာကိုလည်း တွေ့ရပါတယ်။

play

 

ချစ်သူသက် တမ်း တစ်နှစ်ခွဲမှာ မင်္ဂလာပွဲလေးကို စီစဉ်ခဲ့တာ ဖြစ်ပြီး ချစ်သူကောင်လေးကတော့ သူမအပေါ် သဘောထားကြီး နားလည်ပေးတယ်လို့ ဆိုပါတယ်။

စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်လ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

Photo : စန္ဒီမြင့်လွင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD