AD
AD
AD
play

 

သရုပ်ဆောင် ယဉ်လက်တစ်ယောက် အလုပ်သွားရင်းနဲ့ ကားအက်ဆီးဒင့်ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ သူမက လမ်းကြောင်း အမှန်အတိုင်းမောင်နေပေမယ့် သူမရဲ့ ကားကို တစ်ဖက်က ဝင်တိုက်ခဲ့တာ ဖြစ်ပါတယ်။ တစ်ဖက်ကား ဝင်တိုက်တဲ့ ဘက်ကလည်း သူမထိုင်နေတဲ့ဘက်ဖြစ်နေခဲ့တယ်လို့ သိရပါတယ်။ ဒီထက်သာ အရှိန်ပြင်းပြင်းနဲ့ တိုက်မိခဲ့ရင် သူမသေပြီလို့ Duwun Media ကို ဖြေဆိုခဲ့ပါတယ်။

"တော်တော်တော့ လန့်သွားတယ်။ အဲ့ဒီ့ထက်သာအရှိန်ပြင်းရင်တော့ သေပြီ။ သမီးကအလုပ်သွားမလို့ ကားပေါ်မှာ မိတ်ကပ်ပြင်နေတာ ကိုယ့်လမ်းကြောင်းအတိုင်းပဲ တည့်တည့်ကြီး ထွက်လိုက်ရုံပဲရှိသေးတယ် ဘေးကနေပြီးတော့ ဝင်တိုက်တာ။ ထိုင်တဲ့နေရာ ကွက်တိပဲ နည်းနည်းလေးသာ အရှိန်ပြင်းရင် သွားပြီ။ တစ်ခုခုတော့ ဖြစ်မှာပဲ။ မျက်ခုံးမွှေးဆွဲ နေတာ ဆိုတော့ နေရင်းထိုင်ရင်း မျက်လုံးက ကန်းဦးမယ်" လို့ ယာဉ်တိုက်မှု ဖြစ်စဉ်ကို ပြောပြခဲ့ပါတယ်။

play

 

ယာဉ်တိုက်မှု ဖြစ်ဖြစ်ချင်းမှာတော့ သူမအနေနဲ့ အရမ်းကို လန့်သွားခဲ့တယ်တဲ့။ ဒါပေမယ့်လည်း အခုချိန်မှာတော့ ယာဉ်တိုက်တာနဲ့ ပတ်သက်ပြီး အားလုံး ပြီးသွားပြီဖြစ်ကာ ကားကိုလည်း ဝက်ရှော့(ပ်) ပို့လိုက်ပြီလို့ ဆိုပါတယ်။

"အခုတော့ အားလုံးပြီးသွားပါပြီ။ ဘာမှမလုပ်ပါဘူး ရဲတွေလည်းမခေါ်တော့ဘူး။ ဖြစ်ဖြစ်ချင်းကတော့ လန့်သွားတာပေါ့။ အလုပ်လည်း ဖျက်လိုက် ရတယ်။ ကားလည်း ဝက်ရှော့(ပ်) ပို့လိုက်ရတယ်'' လို့  သူမက ဆက်လက်ပြောပြခဲ့ပါတယ်။

play

 

သူမရဲ့ ဖေ့စ်ဘွတ်မှာလည်း ကားအက်ဆီးဒင့် ဖြစ်တာနဲ့ ပတ်သက်ပြီး ယခုလို တင်ခဲ့ပါသေးတယ်။

"ဒီနေ့အတွက် အလုပ်ကို ယဉ်လက်မလာနိုင်တော့တဲ့အတွက် အနူးညွတ်တောင်းပန်ပါတယ်။ ဘာကြောင့်များ ဒီရက်ပိုင်း အတိုက်အခိုက်တွေ သိပ်များနေရတာလဲကွယ် ကိုယ်ထိုင်နေတဲ့နေရာတည့်တည့်ကြီး ကိုယ့်လမ်းကြောင်းအမှန်အတိုင်း ပုံမှန်လေး မောင်းနေတာပါ။သူ့ဘက်က အခုထက် နည်းနည်းလေးသာ ပိုပြီးအရှိန်ပြင်းခဲ့ရင်....။ ဟုတ်ကဲ့ … ကျွန်မ ကုသိုလ်လေးထပ်ပြီးဆက်ပေးဖို့လိုလာပြီ…" လို့ ရေးသားထားပါတယ်။ သူမတင်ထားတဲ့ ပို့စ်ကြောင့် ပရိသတ်တွေ တော်တော်ကို စိုးရိမ်နေကြပါတယ်။

play

 

ယဉ်လက်ဟာ သရုပ်ဆောင်သစ်တစ်ဦးဖြစ်ပေမယ့်လည်း ပရိသတ်အားပေးမှု အခိုင်အမာရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။ ဖိုက်တင်ခန်း တွေနဲ့ နာမည်ကြီးခဲ့တဲ့ သူမက တိုက်ကွမ်ဒို ခါးပတ်နက် ရရှိထားသူလေးလည်း ဖြစ်ပါတယ်။ သူမကို သရာစောထိ ရုပ်ရှင်ဇာတ်ကားကနေ ပရိသတ်တွေပိုသတိထားမိတာ ဖြစ်ပြီး ပြီးခဲ့တဲ့ လပိုင်းလောက်က ထုတ်လွှင့်ပြသခဲ့တဲ့ စစ်ကိုမုန်း၍တိုက်ခဲ့သည် ဇာတ်လမ်းမှာ "ခင်လေး" အမည်နဲ့ ထူးအောင် (ဦးကျော်) နဲ့ အတွဲညီညီ သရုပ်ဆောင်နိုင်တဲ့အတွက် ပရိသတ်အားပေးမှု ပိုမိုရရှိလာခဲ့ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD