AD
AD
AD
play

 

သရုပ်ဆောင်အိစိကွေးဟာ ကိုရီးယားနဲ့ မြန်မာပူးပေါင်းပြီးရိုက်မယ့် ဇာတ်လမ်းတွဲမှာ ပါဝင်ခွင့်ရဖို့ သွားရောက်ယှဉ်ပြိုင်ခဲ့တယ်လို့ သိရပါတယ်။ ဒီပြိုင်ပွဲကြီးမှာကနေေ သူ့အတွက် ဘဝမှာ အမှန်ကန်ဆုံးလုပ်ရပ်ကို လုပ်ခဲ့ရလို့ ဝမ်းသာမိတယ်လို့ ဆိုပါတယ်။

'' ဘဝမှာ အမှန်ကန်ဆုံးလုပ်ရပ်ကို လုပ်ခဲ့ရလို့ ဝမ်းသာတယ်။ ဒီနေ့မနက် ကိုရီးယားနဲ့ မြန်မာ ပေါင်းပြီး ဇာတ်လမ်းတွဲရိုက်ဖို့အတွက် Casting ဝင်ရပါတယ်။ အရင်ဆို Casting ဝင်ရင် ဒိုင်နဲ့ကိုယ်နဲ့ပဲရှိတယ်။ အခုဟာက အဲ့လိုမဟုတ်ပဲ ပြိုင်ပွဲတစ်ခုလိုပြိုင်ရပါတယ်။ အိစိ လည်း Casting ထင်ပြီး သွားခဲ့ပါတယ်။ ဟိုကိုရောက်တော့ အားလုံးက ဂြိုလ်သားမြင်သလို တိုးတိုးနဲ့အိစိကိုကြည့်ပြီးပြောကြတယ် သဘောပေါက်သွားပါပြီ ။ အခြေအနေအရ အိစိဝင်မပြိုင်သင့်ပါဘူး။ ဒါပေမယ့် လူကြီးတွေကလည်း ပြောပြီးသားဖြစ်နေတော့နောက်ဆုံးက ခုံတစ်ခုံမှာ ဝင်ထိုင် ဖြစ်ပါတယ်။ ဝါသနာ အရမ်းပါတဲ့သူတွေ အနုပညာကို အရမ်းရူးသွပ်တဲ့သူတွေ လာပြိုင်ကြတယ် တကယ်ကိုကြည်နူးစရာပါ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

 

play

 

မျိုးဆက်သစ်အနုပညာရှင်တွေအတွက် ဒီပြိုင်ပွဲဟာ အခွင့်ရေးကောင်းတစ်ခုပါလို့ဆိုပါတယ်။ ဒါကြောင့် ကိုရီးယား မြန်မာပူးပေါင်း ပြီးရိုက်ကူးမယ့် ဇာတ်လမ်းတွဲအတွက် ပြိုင်ပွဲကို လက်လျှော့ခဲ့လိုက်ပြီလို့ အခုလိုရေးသားခဲ့ပါသေးတယ်။

''နံပါတ် ၁ အိစိစ စဉ်းစားမိပါပြီ။ ဒီလိုမျိုးဆက်သစ်တွေ အရမ်းဝါသနာပါတဲ့သူတွေကို နေရာပေးသင့်တယ်။ သူတို့အတွက်ဒါဟာ အခွင့်ရေး ကောင်းတစ်ခုပါပဲ။ ဒါကိုအိစိ က ဝင်ပြိုင်လိုက်ရင် မဖြစ်သင့်တဲ့ကိစ္စတစ်ခုပါ။  ပြီးတော့ Interview တွေမှာဖြေရင် အသစ်တွေကြိုဆိုပါတယ်။ လက်တွဲခေါ်ပါမယ်ဆိုတဲ့စကားနဲ့ ဆန့်ကျင်ဘက်ဖြစ်မှာဆိုးလို့ အိစိ လက်လျော့ခဲ့ပါတယ်။ အဲ့အချိန်မှာပဲ ဘေးက ရှိတဲ့ ပြိုင်ပွဲဝင် တချို့ ကလည်းပြောကြပါတယ် အိစိကို ဒိုင်လာလုပ်တယ်ထင်တယ်ပေါ့ အိစိ သာပြိုင်နေရင် သူတို့ ပြိုင်မနေတော့ပါဘူးဆိုတဲ့ စကားကို ကြားရတော့ အရမ်း စိတ်မကောင်းဖြစ်မိတယ်'' လို့ ဆိုပါတယ်။

play

 

ဝါသနာရှင်အသစ်လေးတွေအတွက် အတွေ့အကြုံရှိပြီးသားလူတစ်ယောက်အနေနဲ့ လမ်းပိတ်မိနေမလားဆိုတာတွေးရင်း ပြိုင်ပွဲဝင်တွေကို အကြံဥာဏ်ကောင်းတွေ ပေးခဲ့တယ်လို့ ဆိုပါတယ်။

''ငါ မျိုးဆက်သစ် ဝါသနာရှင်တွေကို လမ်းပိတ်မိနေပြီလားဆိုပြီး တွေးရင်းနဲ့ ပြန်တော့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို တွန့်ဆုတ်မနေဘဲ ချခဲ့ပါတယ်။ မပြန်ခင်မှာလည်း ဘယ်လိုပြိုင်သင့်တယ် သူတို့အတွက် အကောင်းဆုံးဖြစ်အောင် အကြံဉာဏ်ပေးခဲ့ပါသေးတယ်။ လက်လျော့လိုက်ရလို့ စိတ်မကောင်းမဖြစ်မိပဲ လူသားတွေထဲက လူသားတစ်ယောက်စစ်စစ်ရဲ့ မှန်ကန်တဲ့လုပ်ရပ်ကိုလုပ်လိုက်ရလို့ ပီတိတွေနဲ့ အိမ်ကို ဝမ်းသာပြီး ပြန်လာခဲ့ပါတယ်။ ပြိုင်ပွဲဝင်တွေအားလုံးကံကောင်းပါစေဗျာ'' ဆိုပြီးတော့ ဆုတောင်းပေးခဲ့ပါသေးတယ်။

play

 

အိစိကွေးကိုတော့ ဟိုးငယ်ငယ်လေးကတည်းက ပရိသတ်တွေက အားပေးချစ်ခင်လာကြတာပါ။ အခုချိန်ထိလည်း အားပေးချစ်ခင် နေကြတဲ့ ပရိသတ်တွေရှိပါသေးတယ်။ ကျောင်းပညာရေးကို ဦးစားပေးနေရတဲ့ သူ့အနေနဲ့ အနုပညာအလုပ်တွေကို တဖြည်းဖြည်းနဲ့ ဆက်လုပ်နေဖြစ်တယ်လို့ သိရပါတယ်။

Photo: အိစိကွေးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD