AD
AD
AD
play

 

သရုပ်ဆောင်ရွှေမှုံရတီက သူမရဲ့ ပရိသတ်တွေအတွက် ဖေ့စ်ဘွတ်အကောင့်သစ်တစ်ခု ထပ်ဖွင့်လိုက်ပါတယ်။ ဖေ့စ်ဘွတ်အကောင့်သစ်ကို မေလ ၁၆ ရက်နေ့က ဖွင့်လိုက်တာ ဖြစ်ပြီး Shwe Mhone Yati ဆိုတဲ့ နာမည်နဲ့ပဲ အသုံးပြုနေတာ ဖြစ်ပါတယ်။ ရွှေမှုံ အကောင့်သစ် ဖွင့်လိုက်တာကို ညီမဖြစ်သူ ငွေမှုံရတီက သူ့ဖေ့စ်ဘွတ်ကနေ ပြောထားတာပါ။

''ဒါ သဲ account ပါ။ ဟို account မရခင် ဒါပဲသုံးမှာပါတဲ့။ ရတုန်း add လိုက်ကြအုံးနော်''  ဆိုပြီးတော့ ငွေမှုံရတီရဲ့ ဖေ့စ်ဘွတ်အကောင့် ကနေ ဖော်ပြပေးခဲ့ ပါတယ်။

play

ရွှေမှုံရတီရဲ့ ဖေ့စ်ဘွတ်အကောင့်ဟာ မေလ ၁၅ ရက်နေ့တုန်းက ဟက်ကာတွေရဲ့ သိမ်းပိုက်ခြင်းကို ခံလိုက်ရတာဖြစ်ပါတယ်။ ရွှေမှုံရတီဟာ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်ဟက်ခံလိုက်ရတာကို သိတောင်မသိခဲ့ပါဘူး။ အခုချိန်မှာ ဖေ့စ်ဘွတ်အကောင့်အသစ်ဖွင့်လိုက်ပေမယ့်လည်း ယခင် သုံးခဲ့တဲ့ Followers (၇၅) သိန်းကျော် ရှိတဲ့ အကောင့်ကို ပြန်ရခဲ့ရင်လည်း အဲ့ဒီအကောင့်ကိုပဲ ပြန်သုံးမယ်ဆိုပြီး ပရိသတ်တွေကို ပြောထားပါသေးတယ်။

play

 

သူမရဲ့ ပရိသတ်တွေကြောင့် ဖေ့စ်ဘွတ်ကို သုံးဖြစ်နေတာဖြစ်ပြီး သူမဖေ့စ်ဘွတ်အကောင့်ဟက်ခံရတာနဲ့ ပတ်သက်ပြီးတော့လည်း Duwun Media ကို ယခုလို ပြောပြခဲ့ပါတယ်။

'' အကောင့် ဟက်သွားတာလားဆိုတော့ ဟုတ်တယ်၊ တစ်ခုပဲ ညီမကလေ အဲ့ဒီဟာတွေကို သိပ်လည်း နားမလည်သလို သိပ်လည်း စိတ်မဝင်စားတာပါတယ်။ ညီမပြောဖူးပါတယ် ဒီဖေ့စ်ဘွတ်သုံးတယ်ဆိုတာ We Love တွေကြောင့်သုံးဖြစ်တာပါ။ သုံးရင်း သုံးရင်းနဲ့ Follower တွေတက်လာတယ်၊ Like တွေများလာတယ် ဒါပါပဲ။ ညီမပြောချင်တာကလေ ညီမအတွက် ဖေ့စ်ဘွတ်က ဘဝတစ်ခုမဟုတ်ဘူး။ ဖေ့စ်ဘွတ်က လုံးဝဘဝတစ်ခု မဟုတ်တဲ့အခါကျတော့ ဟက်တော့လည်း ဟက်တယ်ပေါ့နော်။ နောက်တစ်ခု ထပ်ဖွင့်ရမှာပေါ့။ ဘာလုပ်လို့ရမှာလဲ ညီမလည်း မတတ်နိုင်ဘူးလေ''ဆိုပြီးတော့ ရွှေမှုံရတီက ပြောပါတယ်။

play

၂၀၁၈ ခုနှစ် မေလ(၁၆)ရက်နေ့ကမှ အသက်(၂၀)ပြည့်သွားတဲ့ ရွှေမှုံရတီဟာ မကြာခင်မှာ အဆိုတော်ရွှေထူးနဲ့ အတူ ရုပ်ရှင်ဇာတ်ကားကြီး ရိုက်ဖို့ ရှိတယ်လို့ သိရပါတယ်။အသက် ၁၃ နှစ်အရွယ်နဲ့ သရုပ်ဆောင်မင်းသမီးတစ်ယောက်ဖြစ်လာတဲ့ ရွှေမှုန်ရတီဟာ ငယ်ရွယ်သေးပေမဲ့ အရမ်းကို ရင့်ကျက်တဲ့ မိန်းကလေးတစ်ယောက်ပါ။ထူးခြားတဲ့ ဟန်ပန်၊ ဆန်းသစ်တဲ့ ဝတ်ဆင်မှုတွေကြောင့် ဝေဖန်မှုများစွာ ခံရပေမဲ့ ကိုယ်လုပ်စရာရှိတာကို ယုံကြည်မှုရှိရှိနဲ့ လုပ်ဆောင်နေတဲ့ သူလည်း ဖြစ်ပါတယ်။

အနုပညာပျိုးခင်း (၁) ရဲ့ စင်တင်မင်းသမီးတစ်လက်ဖြစ်တဲ့ ရွှေမှုံရတီဟာ အနုပညာလောကကို စတင်ဝင်ရောက်ခဲ့တဲ့ လွန်ခဲ့တဲ့ ၆ နှစ်ကျော်ကတည်းက သရုပ်ဆောင်ကောင်းသူအဖြစ် နာမည်ရလာသူဖြစ်ပြီး လက်ရှိမှာလည်း ထိပ်တန်းမင်းသမီးတစ်လက်အဖြစ် ရပ်တည်နေပါတယ်။

Postby

 

Photo: ငွေမှုံရတီဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD