AD
AD
AD
play

 

ပရိသတ်တွေရဲ့ အချစ်တော် အေးသောင်းက သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေအတွက် စကားလက်ဆောင်ပါးထားပါတယ်။ သူမပြောထားတဲ့ စကားလက်ဆောင်က သူမကျင့်သုံးတဲ့ "ပ" သုံးလုံးအကြောင်းပါ။သူမက ဘယ်လိုအရာတွေကို လက်ကိုင်ကျင့်သုံး လဲဆိုတာကို လွန်ခဲ့တဲ့ မိနစ်ပိုင်းလောက်က ယခုလို ပြောပြထားပါတယ်။

play

 

"ပြုံးတယ်။ ကိုယ်နဲ့မသိတဲ့သူတွေ့ရင်တောင်ကိုယ်ကအရင်ပြုံးပြတယ်။ မိတ်ဆွေသစ်ရတာပေါ့။

ပြိုင်တယ်။မနေ့က ကိုယ်နဲ့ ဒီနေ့ကိုယ်ပေါ့။ အခြားသူဆိုတာက ကိုယ်နဲ့ ဖြတ်သန်းပုံ ကြီးပြင်းပုံ နဲ့ ရည်မှန်းချက်တွေမတူနိုင်ဘူးလေ။

ပျော်ပျော်နေတယ်။အပျော်မလွန်ပေမဲ့ စိတ်ညစ်စရာတွေကို အကြာကြီးဆုတ်ကိုင်မထားဘူး။ ပျော်ပျော်နေ သေခဲ မှတ်လား။

ကိုယ်ကျင့်သုံးတဲ့ "ပ " သုံးလုံး။" ဆိုပြီး ပြောထားတာပါ။

သူမပြောထားတဲ့  စကားလေးကြောင့်  သူမရဲ့ ပရိသတ်တွေကလည်း အဲ့လိုလေးပဲ နေတော့မယ်ဆိုပြီး ကောမန့်တွေမှာ ပြောထားတာရှိပါတယ်။

play

 

မြန်မာဆန်တဲ့အလှတွေနဲ့ ပရိသတ်တွေရဲ့ ရင်ထဲကို ရောက်လာတဲ့ အေးသောင်းရဲ့ အချစ်ရေးဟာလည်း ပရိသတ်စိတ်ဝင်စားစရာ တစ်ခုပါ။ ချစ်သူရှိနေပြီလို့ ပရိသတ်တွေသိအောင် ပြောပြထားတဲ့ သူမက အခုချိန်မှာ မိသားစု သိုက်သိုက်ဝန်းဝန်းရှိကြတဲ့ သူ့ သူငယ်ချင်းတွေရဲ့ မိသားစုဘဝလေးတွေကို  အားကျနေပြီလို့ Duwun Media ကနေ ဖွင့်ဟဝန်ခံခဲ့ပါတယ်။

'' ပေါက်စီကြိုက်တဲ့ မိသားစုလေးနဲ့ ကလေးလေးတွေရှိမယ်၊ ကိုယ့်ယောက်ျားအတွက် ကိုယ့်အမျိုးသားအတွက် အေးချမ်းတဲ့မိသားစု လေးရှိမယ်။ နောက်ပြီးတော့ ကိုယ့်ရဲ့ သားသမီးလေးတွေနဲ့ ပျော်စရာကောင်းတဲ့ မိသားစုဘဝလေးကိုတော့ ပိုင်ဆိုင်ချင်တာပေါ့။ မိန်းကလေးကျတော့လည်း မိခင်စိတ်ဆိုတာ မွေးကတည်းက ပါလာတဲ့သူတွေချည်းပဲလေ။ သူငယ်ချင်းမိသားစုလေးတွေမြင်ရင် သဘောကျတယ်။ တစ်ခါတလေကျရင်တော့ ကိုယ်တစ်ယောက်တည်းနေရတာကြိုက်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုး မိသားစုလေးနဲ့ ယောက်ျားနဲ့ တွဲတက်လာတဲ့အချိန်လေးတွေကို အားကျမိတာတော့ အမှန်ပါပဲ'။ ပေါက်စီရဲ့ အချစ်ရေးကတော့ ချစ်နေဆဲ။ ပေါက်စီက ချစ်ရတာကြိုက်တယ်လေ အဲ့ဒီတော့ ချစ်လည်းချစ်တယ်၊ လွမ်းစရာရှိရင်လည်း လွမ်းတယ်။ ပေါက်စီ အားကျပြီးတော့ ကြည့်နေရတာတွေကတော့ အများကြီးပဲ ကိုယ့်အလှည့်ကတော့ စောင့်နေရမှာပေါ့နော်၊ ဘယ် အချိန်ရောက်မလည်း မသိသေးဘူး၊ Target ထားထားတာမျိုးတော့မရှိသေးပါဘူး။ သူ့အပေါ်မူတည်တာပေါ့'' လို့ သူကဆိုပါတယ်။

play

 

အနုပညာအသိုင်းအဝိုင်းက ပေါက်စီလို့ ချစ်စနိုးခေါ်ကြတဲ့ အေးဝတ်ရည်သောင်းက လက်ရှိမှ အနုပညာအလုပ် တွေလည်း ပြန်လည် လုပ်ကိုင်လာပြီ ဖြစ်သလို ပရိသတ်တွေရဲ့ အားပေးမှုကို ပြန်လည်ရရှိလာသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Photo : အေးဝတ်ရည်သောင်း ၊ Nay Min Tun

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD