AD
AD
AD
play

 

ချစ်စရာကောင်းပြီး ဖက်ရှင်ကျကျနေတတ်တဲ့ ဝါဆိုမိုးဦးက ကျောအလယ်လာက်အရှည်ရှိတဲ့ သူ့ရဲ့ ဆံပင်လေးတွေကို ညှပ်လိုက်ပါပြီ။ တစ်ခါမှ ဆံပင်အတို မညှပ်ဖူးတဲ့ သူမက အခုဆံပင်အတိုလေး ညှပ်ပြီး လုံးဝကို လန်းနေပါတယ်။ ဆံပင်ညှပ်လိုက်တဲ့အကြောင်းကို လည်း သူမရဲ့ ဖေ့စ်ဘွတ်မှာ ယခုလိုရေးသားထားပါတယ်။

'သိဘူး ညှပ်လိုက်ပြီ ဆံပင်အတို ပထမဦးဆုံး ညှပ်ဖူးသွားပြီ''  ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ ရေးသားခဲ့ပြီး ချစ်စရာကောင်းတဲ့ ဆံပင်စတိုင်လ်လေးနဲ့ ဓာတ်ပုံကိုပါ တွဲတင်ခဲ့ပါသေးတယ်။ ဆံပင်အရှည်နဲ့တုန်းက သူမကို ကြည့်ရတာ လူကြီး ဆန်ပေမယ့် အခုလိုဆံပင် ညှပ်လိုက်တော့ ဆယ်ကျော်သက် ကောင်မလေး ပုံစံဖြစ်လို့နေပါတယ်။

play

သူမဆံပင်ညှပ်တာနဲ့ ပတ်သက်ပြီးတော့ ဆံပင်အရှည်လေးကို ကြိုက်တဲ့ ပရိသတ်တွေကလည်း  ဆံပင်အရှည်လေးနဲ့ လှကြောင်း အတိုလေးနဲ့ပုံလေးကို ပိုကြိုက်တဲ့ ပရိသတ်တွေကလည်း အတိုလေးနဲ့ ပိုလိုက်ကြောင်းလေးတွေကို ကောမန့်မှာ ပြောထားကြပါတယ်။

ဝါဆိုမိုးဦးကတော့ ငယ်စဉ်ကတည်းက ကလေးသရုပ်ဆောင်ဘဝနဲ့ အနုပညာလောကထဲကို ရောက်ရှိလာသူ တစ်ဦးဖြစ် ပါတယ်။ အခုချိန်မှာ လည်း ပရိသတ်အားပေးမှု ရရှိနေတဲ့ သူမဟာ ကိုယ်ပိုင်ထုတ်လုပ်ရေးနဲ့ ဇာတ်ကားတွေ ရိုက်ကူးနေတာသလို ညီမဖြစ်သူ သင်ဇာကိုလည်း အနုပညာအလုပ်လုပ်ဖို့ လက်တွဲခေါ်လျက်ရှိပါတယ်။

play

သရုပ်ဆောင်ပိုင်းမှာရော ဂီတပိုင်းမှာပါ ပရိသတ်အားပေးမှု ရရှိထားတဲ့ သူမက  "မိုက်လား ပြောကြည့်" စီးရီးခွေကို ထွက်ရှိထားသူ လည်း ဖြစ်ပါတယ်။ အနုပညာလောကမှာ အောင်မြင်မှု ရရှိနေတဲ့ သူမရဲ့ အချစ်ရေးကလည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုထဲက တစ်ခုပါ။ Snare အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဖြိုးလေးနဲ့မေတ္တာမျှနေတာဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ မေလ ၅ရက်နေ့က သူတို့နှစ်ယောက် သဘောထားချင်း မတိုက်ဆိုင်လို့ လမ်းခွဲလိုက်ပြီဆိုတဲ့ အကြောင်း ဝါဆိုမိုးဦးက သူမရဲ့ အကောင့်ကနေ ကြေညာခဲ့ပါတယ်။ အဲ့သတင်းနဲ့ ပတ်သက် သူတို့နှစ်ယောက်စလုံးရဲ့ ပရိသတ်တွေ စိတ်မကောင်းဖြစ်သွားခဲ့ပါသေးတယ်။

ဒါပေမယ့် မေလ(၇)ရက်နေ့မှာ ဖြိုးလေး အဖြူရောင်ပန်းစည်းလေးနဲ့ ဝါဆိုမိုးဦးကို ပြန်ချော့ခဲ့ပါတယ်။ အခုချိန်မှာတော့ ဖြိုးလေးနဲ့ ဝါဆိုတို့ရဲ့ အချစ်ရေးက ပုံမှန်အတိုင်း ပြန်ဖြစ်နေတာကို တွေ့ရပါတယ်။

 

Photo: ဝါဆိုမိုးဦးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD