AD
AD
AD
play

 

ဒီနေ့(မေလ၁၈ရက်)က အဆိုတော် နိုင်းဝမ်းရဲ့ မွေးနေ့ဖြစ်ပါတယ်။ အသက်(၃၁)နှစ်ပြည့်မွေးနေ့မှာ နိုင်းဝမ်းဟာ သာသနာ့ဘောင်ထဲ ဝင်ရောက်ခဲ့ပြီး ရဟန်းခံဖြစ်ခဲ့တယ်လို့ သိရပါတယ်။သာသနာ့ဘောင်ထဲမှာ ပျော်သလောက်နေပြီးမှပဲ ပြန်လာတော့မယ်လို့ သိရပါတယ်။ မွေးနေ့မှာ သူ့ကို မွေးဖွားပြုစုပေးခဲ့တဲ့ မိဘတွေ ကုသိုလ်ရအောင် ဘယ်သူ့ကိုမှ အသိမပေးပဲသင်္ဃန်းဝတ်ဖို့ ဆုံးဖြတ်ခဲ့တာလို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာတွေ့ရပါတယ်။

play

 

"ဒီကနေ့ အသက် ၃၁နှစ်ပြည့် မွေးနေ့ဖြစ်တာကြောင့် ဘယ်နေရာမှာဘာလုပ်ရင်ကောင်းမလဲဆိုတာ တစ်ညလုံးစဉ်းစားကြည့်တယ်..အသက်လဲ သုံးဆယ်ကျော်လာပြီဖြစ်လို့ အရင်ကလိုမွေးနေ့ပွဲတွေလုပ်ပြီးတော့လဲမပျော်ပါးချင်တော့ဘူး ။ အဲဒါကြောင့် မွေးနေ့မှာ ကိုယ့်ကိုမွေးဖွားပြုစု ပေးခဲ့တဲ့မိဘကိုလဲကုသိုလ်ရအောင်လို့ ငါးကြိမ်မြောက်သင်္ဃန်းဝတ်ဖို့ဆုံးဖြတ်ခဲ့ပြီး ဘယ်သူမှမခေါ် ဘယ်သူ့ကိုမှမဖိတ် ဘယ်သူ့ကိုမှအသိမပေးပဲ တစ်ယောက်ထဲ ရန်ကုန်မြို့မှထွက်ခွာလာပြီး ဒီနေ့မွေးနေ့မှာ ရဟန်းခံဖြစ်ခဲ့ပါတယ်။ သာသနဘောင်ထဲမှာ ပျော်သလောက်နေပြီးမှပဲ ပြန်လာပါတော့မယ်ဗျာ မွေးနေ့ဆုတောင်းပေးခဲ့ကြပါသော ချစ်ပရိတ်သတ်များ၊ သူငယ်ချင်းများ ဒကာ ဒကာမတွေအားလုံးကိုလဲကျေးဇူးတင်ပါတယ်။ အားလုံး ကိုယ်ရောစိတ်ပါ ကျမ်းမာချမ်းသာကြပါစေ" ဆိုပြီးတော့ ပြောထားတာပါတယ်။

play

 

နိုင်းဝမ်းက လှိုင်သာယာမြို့နယ်မှာရှိတဲ့ သစ်တံခါးကျောင်းတိုက်မှာ သင်္ဃန်းဝတ်နေတာလို့ သိရပါတယ်။ နိုင်းဝမ်းဟာ သာသနာ့ဘောင်ထဲ ဝင်တာ အခုတစ်ကြိမ်နဲ့ဆိုရင် ငါးကြိမ်မြောက် ဖြစ်နေပြီလို့ သိရပါတယ်။ ပရိသတ်တွေက သူ့ရဲ့ မွေးနေ့မှာ ယခုလို သာသနာ့ဘောင်ထဲ ဝင်သွားတဲ့ အတွက် အရမ်းအံ့သြနေကြသလို သာဓုတွေလည်း ခေါ်နေကြပါတယ်။

လူငယ်တစ်ယောက်ဖြစ်တဲ့ နိုင်းဝမ်းဟာ အလှူအတန်းနဲ့ ပတ်သက်လာရင်လည်း လက်မနှေးသူဖြစ်ပြီး သူ့ရဲ့ မျက်ကြည်လွှာနဲ့ ကိုယ်ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အားလုံးကိုလည်း လှူဒါန်းထားသူ တစ်ယောက်ဖြစ်ပါတယ်။

play

 

နိုင်းဝမ်း(Nine One)ဟာ ဂီတလောကထဲသို့ ၂၀၀၂ ခုနှစ်လောက်က စတင်ဝင်ရောက်လာပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ အဆိုတော် တစ်ဦးဖြစ်ပြီး တစ်ချိန်က ယွန်းမှီမှီကျော်နဲ့ ချစ်သူဖြစ်ခဲ့သူတစ်ဦးလည်း ဖြစ်ပါတယ်။

နိုင်းဝမ်းဟာ နင်သာရှိရင် သီချင်းနဲ့လည်း ရွှေ FM ရဲ့ အကောင်းဆုံး ကိုယ်ပိုင် သံစဉ်တေးပြု စာဆိုဆုကိုလည်း ရရှိထားသူ တစ်ဦး ဖြစ်ပါတယ်။

Photo :  နိုင်းဝမ်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD