AD
AD
AD
play

 

သရုပ်ဆောင် နိုင်းနိုင်းက ဇနီးသည်အတွက် အရမ်းကို ဂုဏ်ယူမိတယ်ဆိုပြီး သူ့ရဲ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားပါတယ်။ ဇနီးသည် ဘွဲ့ယူတဲ့အချိန်မှာ အနားမှာ မရှိပေးတာကို နာလည်ပေးတဲ့ ချစ်ဇနီးကိုလည်း ကျေးဇူးတင်တယ်လို့ နိုင်းနိုင်းက ပြောထားပါသေးတယ်။ နိုင်းနိုင်းရဲ့ ဇနီးစန္ဒီချိုဟာ ဒီနေ့(မေလ၁၈) ရက်နေ့က အမေရိကမှာ ဘွဲ့ယူခဲ့တာ ဖြစ်ပါတယ်။

"Congratulations my love ဘွဲ့ယူတဲ့ အချိန်​ အနားမှာမရှိ တာ နားလည်​​ပေးတဲ့အတွက်​ ​ကျေးဇူးတင်​ပါတယ်​။ ဘဝမှာ ပြန်​မရနိုင်​​တော့ တဲ့ အချိန်​​တွေအများကြီးရှိခဲ့ပါတယ်​။ မိသားစုအချိန်​​တွေနဲ့ က​လေး​တွေကြီးပြင်းတာ အပါအဝင်​​ပေါ့။ ဘာပဲဖြစ်​ဖြစ်​ အခက်​အခဲ​တွေ ကြားထဲက ဘွဲ့ရ​အောင်​ယူသွားတဲ့အတွက်​ ဂုဏ်​ယူပါတယ်​ Sandy, I am so proud of u my wife.❤ဆိုပြီး ရေးသားထားပါတယ်။

play

 

စန္ဒီချိုဟာလည်း နိုင်းနိုင်းရေးထားတဲ့ ပို့စ်လေးကို ပြန်ရှဲထားပြီး ခင်ပွန်းအတွက် ယခုလိုစာသားလေး ပြန်ရေးထားပါသေးတယ်။

"ဒီသတင်းကို ကြားပြီး မိသားစုနဲ့အတူ အောင်ပွဲခံနေမယ်လို့ ဆန္ဒပြုလိုက်ပါတယ်။ ။ဒါမေပယ့် မင်းရိုက်ကူးရေးတွေနဲ့ အလုပ်များနေ မယ်ဆိုတာ ငါသိပါတယ်။ မင်းလုပ်နေတဲ့ အရာအားလုံးဟာ မင်းမိသားစုအတွက်ဆိုတာ ငါနားလည်ပါတယ်" ဆိုပြီး ပြန်ပြောထားပါ တယ်။

play

 

နိုင်းနိုင်းရဲ့ဇနီးဖြစ်သူ စန္ဒီချိုနဲ့ သူတို့ရဲ့သားသမီး ၄ ဦးဟာ အမေရိကမှာရှိနေပြီး နိုင်းနိုင်းကတော့ ဇာတ်ကားတွေ ရိုက်စရာရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ရှိနေရတာပါ။ နိုင်းနိုင်းဟာ အနုပညာအလုပ်တစ်ဖက်နဲ့ ဖြစ်တဲ့အတွက် မိသားစုဆီကို တစ်နှစ်ကို နှစ်ခေါက်သာ ပြန်ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နိုင်းနိုင်းက ရောက်တဲ့နေရာကနေ မိသားစုကို အမြဲမပြတ်  ဆက်သွယ်နေတဲ့သူတစ်ယောက်ဖြစ်ပါတယ်။

play

 

၂၀၀၈ခုနှစ်ကတည်းက လက်တွဲခဲ့တဲ့ နိုင်းနိုင်းနဲ့ စန္ဒီချိုတို့ဟာ ယခုဆိုရင် သားသမီးလေးဦး ထွန်းကားလို့ နေပြီ ဖြစ်ပါတယ်။ နားလည်မှုတွေနဲ့ တည်ဆောက်ထားတဲ့ နိုင်းနိုင်းတို့ရဲ့ အိမ်ထောင်သက်တမ်းကတော့ (၁၀)နှစ်ရှိပြီဖြစ်ပြီး မြင်ရသူ ပရိသတ်တွေအတွက် ကြည်နူးဖို့ ကောင်းတဲ့ စုံတွဲလေးလည်း ဖြစ်ပါတယ်။

နိုင်းနိုင်း(Nine Nine) ဟာ ၁၉၉၆ခုနှစ်ကတည်းက တင်ဇော်လတ်နာမည်နဲ့ မော်ဒယ်လောကသို့ ဝင်ရောက်ခဲ့ကာ ၁၉၉၇ခုနှစ်မှာ စနိုးဝှိုက်ရုပ်ရှင်ထုတ်လုပ်ရေးကနေ နိုင်းနိုင်းဆိုတဲ့ နာမည်နဲ့အတူ သူ့ရဲ့ အနုပညာအလုပ်တွေကို အကောင်အထည်ဖော်ခွင့်ရခဲ့ပါတယ်။

 

Photos : စန္ဒီချိုဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD