AD
AD
AD
play

 

ဒီနေ့ မေလ ၁၉ ရက်နေ့ဟာ သရုပ်ဆောင်ဝါဆိုမိုးဦးရဲ့ ညီမငယ်လေး သဉ္ဇာရဲ့ အသက် ၁၈ နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ ညီမငယ်လေးရဲ့ မွေးနေ့ပွဲမှာ ဝါဆိုမိုးဦး၊ ဖြိုးလေးတို့နဲ့ အတူ သူတို့ရဲ့သူငယ်ချင်းတွေ၊ မိတ်ဆွေတွေကလည်း အမှတ်တရ မွေးနေ့ပွဲလေး လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

''Happy birthday ပါ အချစ်ကလေး ၁၈နှစ်ပြည့်ပြီ အခုထိကလေးငပိန်းလေး'' ဆိုပြီးတော့ ချစ်စနိုးလေးနဲ့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကနေ မွေးနေ့ဆုတောင်းလေးပေးခဲ့ပါတယ်။ အဲ့ဒီနောက် မွေးနေ့ပွဲလေးမှာ အပျော်ကြီးပျော်နေတဲ့ သဉ္ဖာက '' သဥ္ဇာကိုbirthday surprise လုပ်ပေးတဲ့မမနဲ့အဘက်ဘက်ကsupportingလုပ်ပေးတဲ့အစ်ကိုဖြိုးလေး မမရဲ့သူငယ်ချင်းများအန်တီများညီမလေးတွေကိုလည်းthank you par'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ပြန်ရေးခဲ့ပါတယ်။

play

 

သဉ္ဇာက သူ့ရဲ့ မွေးနေ့ မေလ ၁၉ ရက်နေ့မနက်ပိုင်းက ပြည်သူ့ရင်ပြင်မှာ တွေ့ဆုံခဲ့ပါသေးတယ်။ ဒီလို ဖိတ်ခေါ်လိုက်တာကတော့ မေလ ၁၇ ရက်နေ့က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် မွေးနေ့ ဖိတ်ခဲ့တာပါ။

''Hello my fans ၁၉ရက်နေ့ပြည်သူ့ရင်ပြင်ကြိုးတံတားနားမှာ မနက်၉နာရီတွေ့ကြမယ်နော်လို့ I m waiting '' ဆိုပြီးတော့ ရေးသားခဲ့တာ ဖြစ်ပါတယ်။ အသက် ၁၈ နှစ်ပြည့်သွားပြီဖြစ်တဲ့ သဉ္ဇာ့မွေးနေ့အမှတ်တရလေးကို ဖေ့စ်ဘွတ်ပေါ်မှာရှိတဲ့ သူ့ရဲ့ ပရိသတ်တွေနဲ့ အတူမိတ်ဆွေ၊ သူငယ်ချင်းများစွာတို့က လည်း မွေးနေ့ဆုတောင်းပေးခဲ့ကြပါတယ်။

play

 

သဉ္ဇာက အခုဆိုရင် အနုပညာအလုပ်တွေကို စလုပ်နေပါပြီ။ အစ်မဖြစ်သူ ဝါဆိုမိုးဦးကလက်တွဲခေါ်ပေးတယ်လို့ သိရပါတယ်။ ဝါဆိုမိုးဦးနဲ့

သဉ္ဇာတို့ ညီအစ်မနှစ်ယောက်ပေါင်းပြီး ဇာတ်ကားတွေလည်း ရိုက်ကူးနေတယ်လို့ သိရပါတယ်။ သဉ္ဇာဟာ တီဗီကြော်ငြာတွေလည်း ရိုက်ကူးနေရသလို မဂ္ဂဇင်းကာဗာတွေမှာလည်း Star တစ်ယောက်အဖြစ် ရိုက်ကူးနေရပါတယ်။ သရုပ်ဆောင် ဝါဆိုမိုးဦးရဲ့ ညီမငယ်လေး သဉ္ဇာက အခုဆိုရင် ရန်ကုန်အရှေ့ပိုင်း တက္ကသိုလ် နိုင်ငံတကာဆက်ဆံရေး (ဒုတိယနှစ်) အဖြစ် ပညာသင်ကြားလျှက်ရှိတယ်လို့ သိရပါတယ်။

play

 

သဉ္ဇာ့ကို သူ့ရဲ့ ပရိသတ်တွေက ဝါဆိုမိုးဦးနဲ့အတူတွဲရိုက်ထားတဲ့ ငယ်ငယ်က ဓာတ်ပုံအမှတ်တရလေးတွေကနေ တဆင့် ပရိသတ် တွေသတိထားမိခဲ့တာဖြစ်ပါတယ်။ ရှေ့ဆက်အနုပညာအလုပ်တွေကို အစ်ဖြစ်သူနဲ့ အတူတူတွဲလုပ်ဖြစ်သွားမယ်လို့ Duwun Media ကနေပြောပြခဲ့ပါတယ်။ အားပေးတဲ့ ပရိသတ်တွေရှိလို့ အနုပညာအလုပ်တွေ လုပ်ခွင့်ရပြီလို့လည်း ပြောပြခဲ့ပါသေးတယ်။

 

Photo: သဉ္ဇာဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD