AD
AD
AD
play

 

သရုပ်ဆောင်ချောရတနာတစ်ယောက် ခန္ဓာကိုယ်ဝမှာကို အရမ်းကြောက်တတ်တဲ့သူပါလို့ ဆိုပါတယ်။ သမီးငယ်လေး မွေးထားတာ ၂ လပဲ ရှိသေးတာကြောင့် မိခင်နို့ သိပ်မထွက်တဲ့ အတွက် အာဟာရပြည့်ဝတဲ့ အစားအသောက်တွေ သင့်တင့်သလို စားနေရတယ်လို့ သူကပြောပါ တယ်။ အဲ့ဒီလို စားနေရတဲ့အတွက် ဝိတ်ချချင်ပေမယ့် မကျသေးဘူး ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အခုလိုရေးသားခဲ့ ပါတယ်။

'' ကျွန်မကိုယ်တိုင်ဝမှာ အသေကြောက်သောသူပါ ဒါပေမဲ့ အခု ဒုတိယကလေး သမီးလေးကိုမွေးပြီး ၂လ ပဲရှိပါသေးတယ်။ မိခင်နို့ လည်း သိပ်မထွက်ပေမဲ့ကြိုးစားပြီးတိုက်တယ်။ အဟာရပြည့်တဲ့နို့ ဖြစ်အောင်လည်း စားသင့်သလောက်စားရပါတယ်။ အဲ့ အတွက် ဝိတ်ကိုချချင်တယ် ထင်သလောက် ချလို့မရသေးပါ၊ ကိုယ့်ပုံကလည်း ဝရင် ကြည့်ရသိပ်မကောင်းပါသိပါတယ်တချို့ ဝပေမဲ့ သိပ်ချစ်စရာကောင်းပြီးလှတဲ့ သူတွေရှိပါတယ် ကလေးမွေးပြီးပြီးချင်းပိန် ပြီး လှနေတဲ့သူတွေလည်းရှိပါတယ်။ သူတို့ကတော့ ကံကောင်းသူလေးတွေ ပေါ့နော်။ ပြောချင် တာက အခုအလှပျက်ပြီးဝနေပေမဲ့လည်းသိပ်ချစ်စရာကောင်းတဲ့ သားနဲ့သမီးလေးတွေနဲ့ သာယာနေတယ်ဆိုတာ သူတို့သိအောင် ပြောပြတာပါ'' ဆိုပြီးတော့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

play

 

သရုပ်ဆောင်ချောရတနာဟာ သမီးငယ်လေးကို မေလ ၁၂ရက်နေ့က မွေးဖွားလိုက်တာဖြစ်ပါတယ်။သမီးလေးကို ဝိတိုရိယဆေးရုံမှာ မွေးဖွားခဲ့တာဖြစ်ပြီး ကလေးကော မိခင်ပါကျန်းကျန်းမာမာရှိခဲ့တယ်လို့ သိရပါတယ်။ ချောရတနာဟာ သမီးလေးကိုယ်ဝန်စရှိကတည်းက အင်္ကျီကြောငြာတွေ ရိုက်ကူးခဲ့ရသလို သမီးလေး မွေးပြီးရင်လည်း ကြော်ငြာတွေ ရိုက်ကူးဖို့ အတွက်ကို ကမ်းလှမ်းထားတာတွေ ရှိတယ်လို့ သိရပါတယ်။ ချောရတနာမှာ အကြီးဆုံးသားလေးတစ်ယောက်ရှိပါတယ်။သားလေးကတော့ လက်ရှိမှာ (၃)နှစ်ကျော် လေးနှစ်အရွယ်ကို ရောက်နေပြီဖြစ်ပါတယ်။

play

 

အသားဖြူဖြူ၊ အရပ်ရှည်ရှည် ဆံပင်ရှည်ရှည်နဲ့ ချစ်စရာကောင်းခဲ့တဲ့ ချောရတနာကို တီဗီကြော်ငြာတွေကနေတဆင့် ပရိသတ်တွေ အားပေးခဲ့ကြတာဖြစ်ပါတယ်။ အဲ့ဒီနောက် ဇာတ်ကားတွေ ဆက်တိုက်ရိုက်ကူးလာရတာ အိမ်ထောင်မကျခင်အထိပါပဲ။ ချောရတနာဟာ ၂၀၁၅ ခုနှစ်အကယ်ဒမီထူးချွန်ဆုပေးပွဲမှာ ဥ ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီးဇာတ်ပို့ဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

Photo: ချောရတနာဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD