AD
AD
AD
play

 

ဒီနေ့(မေလ၂၁ရက်)က လူမင်းရဲ့ ချစ်ဇနီး ခင်စံပယ်ဦးရဲ့ မွေးနေ့ဖြစ်ပါတယ်။ခင်စံပယ်ဦးက သူမရဲ့ မွေးနေ့မှာ မနက်အစောသံဃာတော်များ ကို အာရုံဆွမ်း ဆပ်ကပ်လှူဒါန်းခဲ့သလို မွေးနေ့အလှူအဖြစ် သွေးလှူဒါန်းခဲ့တာကိုလည်း တွေ့ရပါတယ်။ မနက်အစောမှာ မိသားစုလိုက် အာရုံဆွမ်းဆပ်ကပ်လှူဒါန်းခဲ့ကြတဲ့ ပုံလေးတွေကို ကြည့်ရတာလည်း ကြည်နူးဖို့ ကောင်းလှပါတယ်။

ခင်စံပယ်ဦးရဲ့ (၃၄)နှစ်ပြည့် မွေးနေ့အလှူမှာ လူမင်းက ပါရမီလိုက်ဖြည့်ပေးနေတာလည်း တွေ့ရပါတယ်။ ရှေ့သွားနောက်လိုက်ညီလွန်းလှတဲ့ သူတို့ရဲ့ ပုံလေးတွေကိုလည်း ပရိသတ်တွေအတွက် ဖော်ပြပေးလိုက်တယ်နော်။

play

 

လူမင်းနဲ့ ခင်စံပယ်ဦးတို့ ဇနီးမောင်နှံဟာ အိမ်ထောင်သက်တမ်း (၁၃)နှစ်ကြာ ရှိခဲ့ပါပြီ။အနုပညာလောကထဲမှာ အချိန်ကြာမြင့်စွာ ပရိသတ် အားပေးမှု ရရှိခဲ့တဲ့ သရုပ်ဆောင် လူမင်းဟာ ယခုဆိုရင် သားတစ်ယောက် သမီးတစ်ယောက်နဲ့ သာယာတဲ့ အိမ်ထောင်ရေး ကိုပိုင်ဆိုင်ထားသူ တစ်ယောက်လည်း ဖြစ်ပါတယ်။

လူမင်းဟာ၂၀၁၃ဇွန်လကစတင်ကာ ၂၀၁၇ခုနှစ်အထိ ဥက္ကဌသက်တမ်း နှစ်ဆက်ပေါင်း လေးနှစ်ကျော် ဥက္ကဌတာဝန်ကို ထမ်းဆောင်ခဲ့ သူတစ်ဦးဖြစ်ပါတယ်။

play

 

သူဥက္ကဌရာထူးကို ထမ်းဆောင်ခဲ့စဉ်မှာလည်း ရုပ်ရှင်လောကအတွင်း ပြင်းထန်စွာ ဝေဖန်ပြောဆိုမှုတွေဖြစ်ခဲ့ရပါတယ်။ လူမင်းဟာ ၂၀၀၂ခုနှစ်မှာ ရွှေမှုံကြဲတဲ့မိုးကောင်ကင် ရုပ်ရှင်ဇာတ်ကားမှာ အကောင်းဆုံး အမျိုးသားဇာတ်ဆောင်ဆု၊ ၂၀၀၅ခုနှစ်မှာတော့ ကျန်စစ်မင်းနဲ့ အကယ်ဒမီရရှိခဲ့ ပြီး ဥက္ကဌရာထူးကို ဆက်ခံပြီးနောက်ပိုင်း အကယ်ဒမီဆုများနဲ့ ဝေးကွာနေသူ သရုပ်ဆောင်တစ်ဦးလည်း ဖြစ်ပါတယ်။

၂၀၁၆ခုနှစ်မှာတော့ လူမင်းက ပရော်ဖက်ဆာဒေါက်တာဆိတ်ဖွားနှင့်မြိုင်ရာဇာတာတေ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသား ဇာတ်ပို့ ဆုကို ရရှိခဲ့ပါသေးတယ်။ယခုလက်ရှိမှာတော့ ဥက္ကဌတာဝန်ကနေ အနားယူခဲ့ပြီး သူဝါသနာပါရာအနုပညာအလုပ်တွေကို ပြန်လည် လုပ်ကိုင်လျက်ရှိပါတယ်။

 

Photo : လူမင်း FB

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD