AD
AD
AD
play

 

အနုပညာအလုပ်တွေနဲ့ အလှမ်းဝေးနေတဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာက သူမရဲ့ ပရိသတ်တွေနဲ့တော့ အဆက်အသွယ်မပြတ် သူတစ်ဦးဖြစ်ပါတယ်။ ဒီလကုန်မှာ အလုပ်တွေ ရှုပ်တော့မယ်ဆိုပြီးတော့ သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပရိသတ်တွေကို ပြောပြထားတာ တွေ့ရပါတယ်။ စိုးသူရဲ့ ရုပ်ရှင်မှာလည်း တော်တိုမယ်ရလေး လုပ်ပေးရဦးမယ်တဲ့။

play

 

"ဒီလကုန်ကနေစပြီး အလုပ်တွေ အတော်ရှုပ်တော့မှာ ...ကလေးတွေကျောင်းပိတ်မယ် , သူတို့ကို ခရီးပို့ ရမယ် , သူငယ်ချင်းတွေနဲ့ လဲ ခရီးရှည်သွားရမယ် , ဘစိုး ရုပ်ရှင်ရိုက်မှာကို တောက်တိုမယ်ရ လုပ်ပေးရမယ်  

ပြီးတော့ online မှာ စီးပွားရေးတစ်ခုကို fan group က မောင်တွေ ညီမ တွေနဲ့လုပ်ဖို့ရှိတယ် , နောက်ထပ် အလုပ်တစ်ခုကတော့ US က ပစ္စည်းတစ်ခုကို ယူလိုက်တာ.. ဘာလဲဆိုတာတော့နောက်မှ ကြော်ငြာဝင်တော့မယ်" ဆိုပြီးတော့ ရေးသားထားပါတယ်။

play

 

 မိသားစုကို အချိန်ပေးပြီး အနီးကပ် စောင့်ရှောက်ပေးနေသလို သူမဝါသနာပါရာ သင်တန်းလေးတွေတက်နေသူလည်း ဖြစ်ပါတယ်။ သူမတက်ထားသမျှ ပညာတွေကိုလည်း သင်တန်းကြေး မတတ်နိုင်တဲ့ မိခင်တွေကို ပြန်ပြီးတော့ ဝေမျှပေးမယ်လို့ ပြောထားပါသေးတယ်။

"အဲဒီ အလုပ်တွေနဲ့အပြိုင် အိမ်မှာပဲနေရင်းအလုပ်လုပ်ချင်တဲ့..သင်တန်းကြေးတွေလဲမတတ်နိုင်တဲ့ အမ တွေ ညီမ တွေကို ကိုယ်တတ်ထားတဲ့ ပညာလေးတွေ ( မုန့်လုပ်တာ , ပန်းထိုးတာ ) share ဖို့ရှိတယ်.. လူတော့နည်းနည်းရွေးမယ်နော် .( နောက်နှစ်ဆန်းလောက်ပေါ့နော်) " ဆိုပြီး ပြောထားပါတယ်။

ပညာဒါနလုပ်မယ်လို့ စိတ်ကူးထားတဲ့ သူမရဲ့ စိတ်ကူးလေးကိုလည်း ပရိသတ်တွေက ချီးကျူးထားပါသေးတယ်။

play

 

စိုးသူနဲ့ စိုးမြတ်သူဇာတို့ စုံတွဲဟာ အနုပညာလောကမှာ နေရာတစ်နေရာစီကို ခိုင်ခိုင်မာမာရရှိထားသူတွေလည်း ဖြစ်ပါတယ်။ သူတို့ကို ဝေဖန်တဲ့ ပရိသတ်တွေလည်းရှိသလို လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲဖြစ်တယ်ဆိုပြီး အားပေးထားတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။

စိုးမြတ်နန္ဒာကတော့ စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေတဲ့ စိုးမြတ်နန္ဒာက ပိုးထည်ဆိုင်လည်း ဖွင့်ထားပါတယ်။ ယခုလောလော ဆယ်မှာ တော့ သူမက စီးပွားရေးဘက်ကိုပဲ ဦးစားပေးဖြစ်နေပြီး သားဖြစ်သူကို ဂရုစိုက်ဖြစ်နေပါတယ်။သားဖြစ်သူရဲ့ ဝေယာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာ ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ နားထားတာကိုလည်း တွေ့ရပါတယ်။

 

Photo: စိုးမြတ်နန္ဒာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD