AD
AD
AD
play

 

"ပေါက်တဲ့အိုး" သီချင်းခွေနဲ့ ပရိသတ်တွေရဲ့ အားပေးမှု အခိုင်အမာရရှိခဲ့တဲ့ အေသင်ချိုဆွေဟာ ဂီတလောကနဲ့အတူ ပရိသတ်တွေနဲ့ အဆက်အသွယ် ပြတ်နေခဲ့တာ တော်တော်ကို ကြာခဲ့ပါပြီ။ ပရိသတ်တွေနဲ့ ဝေးကွာနေခဲ့တဲ့အချိန်မှာ ကိုယ်ပိုင်စီးပွားရေးအနေနဲ့ စားသောက် ဆိုင်ဖွင့်ထားခဲ့တာပါ။

play

ကိုယ်ပိုင်စီးပွားရေး လုပ်နေတဲ့အချိန်မှာလည်း သူမဟာ ပရိသတ်တွေ မမှတ်မိနိုင်လောက်တဲ့ ခန္ဓာကိုယ်ကို ပိုင်ဆိုင်ခဲ့တယ်လို့ သိရပါတယ်။ အရင်ကထက် ပေါင်ချိန်များက ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားတဲ့ သူမဟာ အဲ့ဒီခန္ဓာကိုယ်ကြောင့်ပဲ ပရိသတ်တွေရှေ့ ထွက်မလာဖြစ်ခဲ့တာလို့ အင်တာဗျူး တော်တော်များများမှာ ဖြေဆိုခဲ့ဖူးပါတယ်။

အခုတော့ အေသင်ဟာ အများကြီးကို ပြောင်းလဲသွားခဲ့တာ တွေ့ရပါတယ်။  အနုပညာအလုပ်တွေ ပြန်လုပ်ချင်တဲ့ စိတ်ကြောင့် သူမဝိတ်ချခဲ့ တာ အခုဆိုရင် တော်တော့်ကို ပြောင်းလဲသွားခဲ့ပါပြီ။ ဒီနေ့(မေလ၂၁ရက်)မှာ သူမရဲ့ ပရိသတ်တွေကို ဝိတ်မချခင်က ပုံတစ်ပုံကို ထုတ်ပြခဲ့ တာပါ။ သူမရဲ့ ပုံအဟောင်းကို  ထုတ်ပြလိုက်ပေမယ့်လည်း သူမကို ချစ်တဲ့ အချစ်တွေက လျှော့မသွားဘူးဆိုပြီး ပြောထားကြတာတွေ တွေ့ရပါတယ်။

အခုဆိုရင် အရင်နဲ့ ကွာခြားတဲ့ခန္ဓာကိုယ်လေးကို ပြန်ရရှိလာတဲ့ အေသင်ဟာအ နုပညာအလုပ်တွေကို ပြန်လုပ်တော့မယ်လို့ သိရပါတယ်။ ဒီနှစ် သင်္ကြန်တွင်းကစပြီး သူမကို ပြောင်းလဲသွားတဲ့ ခန္ဓာကိုယ်နဲ့ စင်မြင့်ထက်မှာ ပြန်လည်တွေ့ရှိလာရလို့လည်း ပရိသတ်တွေ တော်တော့်ကို အံ့သြဝမ်းသာနေကြတာပါ။

play

 

ဇွဲရှိရှိနဲ့ ကြိုးစားဝိတ်ချခဲ့တဲ့ သူမကို ဒီးဒီးကလည်း ချီးကျူးထားတာတွေ့ရပါတယ်။ "ဇွဲရှိပြီးပိန်သွားတဲ့အေသင်နဲ့    ဇွဲလေးနည်းနည်းလောက် ပေးမလား" ဆိုပြီး စန္ဒီမြင့်လွင်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

သူမက လက်ရှိမှာ အဆိုတော် Ar-T ရဲ့ လက်တွဲခေါ်မှုကြောင့် POWER HOUSE FITNESS CLUB မှာ ခန္ဓာကိုယ်အတွက် လေ့ကျင့်ခန်းတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။ အခုဆိုရင် သူမဟာ Gym ကို မသွားရရင် မနေနိုင်တဲ့သူ တစ်ယောက်ဖြစ်လို့နေပါပြီတဲ့။ နောက်ဆို အေသင်တစ်ယောက် ဒီထက်လှလာတော့မှာ မြင်ယောင်မိပါတယ်။

play

 

အေသင်ချိုဆွေဟာ ပေါက်တဲ့အိုးဆိုတဲ့ စီးရီးခွေနဲ့ စတင်ကာ ပရိသတ်တွေကို ရင်းနှီးစေခဲ့တာ ဖြစ်ပြီး အနီးဆုံးလူ နမ်းမှာ လား၊ Play Boy  စတဲ့ တေးစီးရီးတွေသာမက အတွဲခွေများစွာပါ  ပါဝင်သီဆိုခဲ့ပြီး သရုပ်ဆောင်ဘက်မှာလည်း ပရိသတ်သတိထားမိတဲ့ အနုပညာရှင် တစ်ဦးဖြစ်ပါတယ်။

 

Photo : အေသင်ချိုဆွေ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD