AD
AD
AD
play

 

လူငယ်ပရိသတ်များရဲ့ အားပေးမှု အခိုင်အမာရရှိထားသူ တစ်ယောက်ဖြစ်တဲ့ လူငယ်အဆိုတော် ရဲရင့်အောင်က ငယ်စဉ်က စိတ်ကူးထားတဲ့ ပန်းတိုင်တွေ ရှိခဲ့ပေမယ့် ယခုလက်ရှိ အသက်အရွယ်မှာ သူသွားချင်တဲ့ ပန်းတိုင်တစ်ခုက သက်သက်ရှိလာခဲ့ပါပြီတဲ့။ ငယ်စဉ်က အဆိုတော် တစ်ယောက်ဖြစ်ချင်တယ် ပရိသတ်တွေအများကြီး ပိုင်ဆိုင်တယ်လို့ စိတ်ကူးထားပေမယ့် အခုလက်ရှိ စိတ်ကူးထားတဲ့ ပန်းတိုင် က အဲ့ဒါမဟုတ်တော့ဘူးလို့ ဆိုပါတယ်။

"အဆိုတော် ဖြစ်ချင်တာ။ ငယ်ငယ်တုန်းက စင်ပေါ်မှာအရမ်းသီချင်းဆိုချင်တယ်။ ကျွန်တော်ပရိသတ်တွေအများကြီး ပိုင်ချင်တယ်။ အဲ့ဒါကျွန်တော်ငယ်ငယ်တုန်းက ပန်းတိုင်ပါ။အခုပန်းတိုင်က အဲ့ဒါမဟုတ်တော့ဘူး။ ကျွန်တော်သီချင်းတွေ ဖန်တီးချင်တယ်။  သီချင်းတွေ လုပ်ချင်တယ်။ ပြီးရင် အဲ့သီချင်းတွေကို နားထောင်ချင်တဲ့သူတွေကို ပေးနားထောင်မယ်။ ကျွန်တော့်စိတ်ထဲမှာ သီချင်းနဲ့ ပတ်သက်ပြီး အများကြီး လုပ်ချင်တာတွေရှိတယ်။ အဲ့လောက်ထိကို သွားချင်တယ်။ ဒါအခုလက်ရှိ ကျွန်တော်စိတ်ထဲမှာ ရှိနေတဲ့ ပန်းတိုင်ပေါ့။ အဲ့ပန်းတိုင်ကိုတော့ မရောက်သေးပါဘူး။ သွားနေတုန်းပေါ့။ အခုချိန်မှာ ကျွန်တော်စဉ်းစားနေတာက ငါလုပ်စရာရှိတာတွေ ထပ်လုပ်ရမယ် ဆိုတဲ့ စိတ်ပါပဲ။ လုပ်နိုင်ခဲ့တာတွေကပြီးခဲ့ပြီ။ ထပ်လုပ်ရမှာတွေကို သေချာလေး လုပ်ဖို့ပဲ ရှိပါတယ်။ " လို့ အနုပညာနဲ့ ပတ်သက်လို့ သူ့ရဲ့ ခံစားချက်ကို Duwun Media သို့ ပြောပြခဲ့တာပါ။

play

 

 ရဲရင့်အောင်အနေနဲ့တစ်ချိန်က သူ့ကို အနုပညာနဲ့ ပတ်သက်လို့ လုပ်နိုင်လိမ့်မယ်လို့ မထင်တဲ့ သူတွေနဲ့လည်း ကြုံတွေ့ဖူးပါတယ်လို့ ဆိုပါတယ်။ အနုပညာကထဲမှာ သူ့ကို အဲ့လိုပြောဖူးခဲ့တဲ့ သူတွေရှိပေမယ့် အဲ့လူတွေနဲ့ မျက်နှာချင်းဆိုင် ပြန်တွေ့တဲ့အခါမှာ ခံစးချက်တွေကို မေ့ထားတတ်ပါတယ်တဲ့။ဒါပေမယ့် သူ့ဘဝမှာ သူ့ရဲ့ နေပုံထိုင်ပုံကို ကြည့်ပြီး ဝေဖန်ခဲ့တဲ့ လူတစ်ယောက် ရှိခဲ့ဖူးတယ်လို့ ဆိုပါတယ်။

" ကျွန်တော် မှတ်မှတ်ရရဆိုရင် ကျွန်တော့်ရဲ့ နေပုံထိုင်ပုံကိုကြည့်ပြီး ကျွန်တော့်လို နေပုံထိုင်ပုံမျိုးနဲ့ဆိုရင် ကျောပိုးအိတ်တစ် လုံးလွယ်ပြီး ဆံပင်အရောင်စုံဆိုးပြီး ဒဂုံတက္ကသိုလ်မှာ ကျောင်းသွားတက်ရတဲ့အဆင့်မျိုးပဲ ဖြစ်လိမ့်မယ်လို့ ကျွန်တော့်ကို ပြောဖူးတယ်။ ဆယ်တန်းတုန်း ကပေါ့။ အဲ့လိုအပြောခံရတာကို စိတ်နာမျိုးတော့မရှိပါဘူး။ ကလေးတုန်းက ဆိုတော့ ကျွန်တော်ကလည်း သီချင်းဆိုချင်တာပဲ သိတယ်လေ။ သီချင်းတွေဘာတွေဆိုပြီး ပရိသတ်သတိထားမိတဲ့အချိန်မှာ အဲ့လူပြောတာကို သတိရသွားပြီး ငါဒီအဆင့်ကိုတော့ ကျော်ခဲ့တာပဲ မဆိုးဖူးပေါ့။ အဲ့လိုတော့တွေးမိတယ်။အမှတ်အတေးထားပြီး မုန်းနေတာတော့မရှိပါဘူး။" လို့ သူက ဆက်လက်ပြောပြခဲ့ပါတယ်။

Postby

 

ရဲရင့်အောင်ဟာ သူ့ရဲ့ ဘဝမှာ မရရအောင် ကြိုးစားခဲ့ရတာ သီချင်းပဲ ရှိတယ်လို့ဆိုပါတယ်။ ယခုလက်ရှိမှာလည်း ဂီတနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အများကြီး ကြိုးစားနေပါတယ်တဲ့။ လူငယ်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ ရဲရင့်အောင်ရဲ့ အချစ်ရေးက လက်ရှိမှာ  ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိလျက်ရှိနေတာပါ။ သူငယ်ချင်းတွေ ဖြစ်ကြတဲ့ သူတို့နှစ်ဦးက ၂၀၁၇ ခုနှစ်သင်္ကြန်အပြီးမှာ ချစ်သူတွေ ဖြစ်ကြောင်း သတင်းတွေထွက်ပေါ်လို့ လာခဲ့ပါတယ်။

play

ပထမဆုံး ပိုင်းမှာတော့ သူတို့နှစ်ဦးတွဲနေကြတာနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေ တော်တော်များများမှာ ငြင်းခဲ့ကြပေမယ့် နောက်ပိုင်းမှာ သူတို့နှစ်ဦး ချစ်သူတွေ ဖြစ်ကြောင်း ပရိသတ်တွေကို အသိပေးခဲ့ကြပါတယ်။ရဲရင့်အောင်ဟာ သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနဲ့ ချစ်သူတွေ ဖြစ်ခဲ့ဖူးသလို သဉ္ဇာနွယ်ဝင်း မင်္ဂလာမဆောင်ခင်မှာလည်း "ဒီလောက်နဲ့ပဲ ကြေနပ်ပါတယ်" ဆိုတဲ့ သီချင်းကို အွန်လိုင်းမှာ ဖြန့်ခဲ့ပါတယ်။ အွန်လိုင်းပေါ် ဖြန့်ပြီး နာရီပိုင်းမှာ အဲ့ဒီသီချင်းဟာလည်း ပေါက်သွားခဲ့ပါတယ်။

အခုတော့ ရဲရင့်အောင်နဲ့ ဧငြိမ်းဖြူတို့ဟာ ချစ်သူတွေအဖြစ် တရားဝင်တွဲနေကြပြီးတစ်ယောက်နဲ့ တစ်ယောက် နားလည်မှုတွေနဲ့ အချစ်ကြိုးတွေ ပိုမိုခိုင်မြဲလို့လာခဲ့ပါပြီ။ အခုဆိုရင်တော့ သူတို့ရဲ့ ချစ်သူသက်တမ်းဟာ တစ်နှစ်ပြည့်တော့မှာ ဖြစ်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD