AD
AD
AD
play

 

လူငယ်အဆိုတော် မိစန္ဒီက ပရိသတ်တွေအတွက် ကြိုးစားနေတာတွေ့ရပါတယ်။ အခုလတ်တလောမှာ ဖေ့စ်ဘွတ်ကို သိပ်မသုံးဖြစ်ပဲ ပရိသတ်တွေအတွက် သီချင်းတွေရေးနေပါတယ်လို့ သိရပါတယ်။ပရိသတ်တွေအတွက် အသဲကွဲခံ ကုန်ကြမ်းတွေ ရှာပြီး သီချင်းတွေ ရေးနေကြောင်းကို သူမရဲ့ ဖေ့စ်ဘွတ်ကနေ ပြောထားတာတွေ့ရပါတယ်။

"Facebook သိပ်မသုံးတာနဲ့ပဲ မေ့ပစ်လိုက်ကြတယ်ဆိုပါတော့ :p

ယူတို့အတွက် အသဲကွဲခံ ကုန်ကြမ်းတွေရှာပြီး သီချင်းတွေရေးနေတယ်ဆိုတာရော သိကြရဲ့လား???" ဆိုပြီး ရေးသားထားတာပါ။

play

 

ပရိသတ်တွေက သူမရဲ့ အပြောလေးကို သဘောကျနေကြပါတယ်။ မိစန္ဒီဟာ ဒီနှစ်(၂၀၁၈)အစပိုင်းမှာ ပရိသတ်တွေကို သီချင်းသစ်တစ်ပုဒ်နဲ့ မိတ်ဆက်ပေးခဲ့ပါသေးတယ်။ အဲ့ဒီသီချင်းနာမည်က"ဦးနှောက်မဲ့ငတုံး" ဖြစ်ပါတယ်။အဲ့ဒီသီချင်းသစ်ကလည်း ပရိသတ်တွေအကြိုက်နဲ့ ထပ်တူကျခဲ့တဲ့ သီချင်းသစ်ဖြစ်ပါတယ်။

"ဦးနှောက်မဲ့ငတုံး" လို့နာမည်ပေးထားတဲ့ သူမရဲ့ သီချင်းသစ်ကတော့ လုံးဝကို အမိုက်စားပါပဲ။ပရိသတ်တွေကြားထဲမှာ "စနှိုက်ကြော်မနဲ့ ခြံခုန်နွား နင်တို့အမြဲပျော်နိုင်မယ်ထင်လို့လား" ဆိုတဲ့စာသားကတော့ အပေါက်ဆုံးလို့ ပြောရမှာပါ။

play

 

လူငယ်တွေကြားထဲမှာ ရေပန်းစားအောင်မြင်နေတဲ့လူငယ်အဆိုတော်မလေး မိစန္ဒီဟာ  မိုလိုပိုလီ၊ ပစ်တိုင်းထောင်၊ အသဲလေး စတဲ့ စီးရီးတွေကို ထွက်ရှိထားသူ တစ်ဦးလည်း ဖြစ်ပါတယ်။သူမဟာ ဂီတပိုင်းမှာသာမက စီးပွားရေးအနေနဲ့လည်း  My Boo အမှတ်တံဆိပ် အဝတ်အထည်များကို အရေအတွက်အကန့်အသတ်နဲ့ ရောင်းချခဲ့ပါသေးတယ်။

မိစန္ဒီရဲ့ My Boo အမှတ်တံဆိပ် ထုတ်ကုန်တွေကို ၂၀၁၆ခုနှစ်အောက်တိုဘာ(၅)ရက်နေ့က စတင်ကာ ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး လေးလခန့်သာ ရှိသော် လည်းပရိသတ်နှစ်ခြိုက်သဘောကျမှုကို ရရှိထားတဲ့ ထုတ်ကုန်တစ်ခုလည်း ဖြစ်ပါတယ်။

 

Photo : မိစန္ဒီ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD