AD
AD
AD
play

 

ရခဲလှတဲ့ လူ့ဘဝကြီးမှာ အနုပညာရှင်ဖြစ်ခွင့်ရတာ ကျေနပ်မိတယ်လို့ စန္ဒီမြင့်လွင်က ဆိုပါတယ်။ ချစ်တဲ့ သီချင်းတွေနဲ့ ချစ်တဲ့ ပရိသတ်တွေနဲ့ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေပါတယ်တဲ့။သာယာတဲ့  အိမ်ထောင်ရေးလေးကို ပိုင်ဆိုင်ထားတဲ့ အဆိုတော် စန္ဒီမြင့်လွင်က ပရိသတ်တွေ အတွက် သီချင်းသစ်တွေ စုဖြစ်နေတယ်လို့ ဆိုပါတယ်။ အိမ်ထောင်ကျသွားပေမယ့်လည်း အနုပညာအလုပ်တွေ ပိုလုပ်ဖြစ်နေတဲ့ သူမက စိတ်တိုင်းကျ သီချင်းတွေ ရပြီဆိုတာနဲ့ ပရိသတ်တွေဆီကို အရောက်ပို့ပေးပါ့မယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ ရေးသားထားပါတယ်။

play

 

"အနုပညာသမားဖြစ်တော့ စိတ်ကြည်နေရင် သီချင်းတွေဖန်တီးရတာပိုကောင်းသလို မျက်နှာလည်း ကြည်လင်တယ်တဲ့ ။ ရခဲတဲ့လူ့ဘဝမှာ အနုပညာရှင် ဖြစ်ခွင့်ရတာ ကျေနပ်တယ် ။ ချစ်တဲ့သီချင်းတွေ ချစ်တဲ့ပရိတ်သတ်တွေနဲ့ ဘဝကို ပျော်ပျော်ကြီး ဖြတ်သန်းနေပါတယ် ။ အိမ်ထောင်ကျသွားပေမယ့် အနုပညာအလုပ်တွေ ပိုလုပ်ဖြစ်နေပါတယ် ။ သီချင်းသစ်တွေလည်း စုနေပါတယ် ။ စိတ်တိုင်းကျပီဆိုတာနဲ့ သီချင်းအသစ်တွေ ပရိတ်သတ်ရင်ဘတ်ထဲ အရောက်ပို့မယ် ။

ချစ်တဲ့ ဒီးဒီ" ဆိုပြီး ရေးသားထားတာပါတယ်။

play

 

ချစ်တဲ့သူနဲ့ အိမ်ထောင်တစ်ခုကို ထူထောင်ခွင့်ရထားတဲ့ စန္ဒီမြင့်လွင်က ပျော်လို့နေပါတယ်။ အိမ်ထောင်သည်တစ်ယောက် ဖြစ်လာတဲ့သူမက လက်ရှိမှာ ပျော်ရွှင်နေရသလို စိတ်ချမ်းသာနေရပါတယ်တဲ့။အိမ်ထောင်တစ်ခု မြဲဖို့အတွက် ဘာတွေလိုအပ်ဆိုတာကိုလည်း ယခုလို ပြောပြခဲ့ပါသေးတယ်။

" အိမ်ထောင်သည်တစ်ယောက်ရဲ့ ခံစားချက်လို့ပြောရင် အခုပျော်နေတယ်။ စိတ်ချမ်းသာနေရပါတယ်။ ကိုယ်ချစ်တဲ့သူနဲ့ အိမ်ထောင်ကျတဲ့ အတွက် ပျော်တာပေါ့။ သူပြောသမျှကို ဒီဒီကတော့ ကြွေနေတာပါ။ သူရှာသမျှကလည်း ဖက်တီးအတွက်ပဲလို့အမြဲတမ်းပြောတယ်။ အိမ်ထောင်တစ်ခုမြဲဖို့ဆိုတာက သေချာကြီး စီမံခန့်ခွဲနေတာတော့မဟုတ်ပါဘူး။ သူနဲ့ကိုယ်နဲ့ ဖူးစာပါလို့ ကံပါလို့ယူဖြစ်တယ်။ တစ်ယောက်နဲ့တစ်ယောက် နားလည်ပေးရမယ် သည်းခံပေးရမယ် သစ္စာရှိပေးမယ်။ တစ်ယောက်ပေါ်တစ်ယောက် လေးစားရမယ်။ အဲ့ဒါတွေကတော့ လိုအပ်တယ်လို့ ထင်ပါတယ်။" လို့ Duwun Media ကိုဖြေဆိုပေးခဲ့ပါတယ်။

သူမအတွက်ကတော့ ခင်ပွန်းသည် ကိုသီဟလွင်ဟာ သူမအပေါ် အရမ်းကောင်းတဲ့ ခင်ပွန်းသည်ဖြစ်တယ်လို့ ရင်ဖွင့်ခဲ့ပါသေးတယ်။ သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်ထားတဲ့သူမက ရင်သွေးလေးတွေကို နောက်နှစ်လောက်မှ ယူဖြစ်မယ်လို့ ဆိုပါတယ်။

play

 

စန္ဒီမြင့်လွင်ဟာ မင်္ဂလာပွဲပြီးနောက်ပိုင်းမှာလည်း ဖျော်ဖြေရေးပွဲတွေ ဆက်တိုက်သလို သွားနေရတာကိုလည်း တွေ့ရပါတယ်။ အားလပ်ချိန်တွေမှာလည်း ခင်ပွန်းဖြစ်သူ ကိုသီဟလွင် နဲ့ အတူ ကုသိုလ်ရေးတွေလည်း လုပ်ဖြစ်သလို ခရီးတွေလည်း ထွက်ဖြစ်နေ ပါတယ်။

စန္ဒီမြင့်လွင်နဲ့ ကိုသီဟလွင်တို့က မတ်လ ၄ ရက်နေ့က တော်ဝင်ဂါးဒင်းဟိုတယ်လ်မှာ လက်မှတ်ရေးထိုးပွဲကျင်းပပြုလုပ်ခဲ့ပြီး မတ်လ ၁၁ ရက်နေ့ က နိုဗိုတယ်လ်ဟိုတယ်မှာ မင်္ဂလာပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။ မင်္ဂလာညစာစားပွဲကိုတော့ မတ်လ ၁၂ ရက်နေ့ညက Lotte Hotel မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

 

Photo : စန္ဒီမြင့်လွင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD