AD
AD
AD
play

 

လူရွှင်တော်ကြီး ဟာသသရုပ်ဆောင် ဦးဝင်နိုင်(အနုပညာ)ဟာ လက်ရှိမှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။ယနေ့ နံနက် (၁)နာရီလောက်က လေဖြတ်သွားခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ဆေးကုသမှု ခံယူနေရတဲ့ ဦးဝင်းနိုင်ဆီသို့ လူရွှင်တော်အသင်းကနေ သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။

play

 

"လူရွှင်တော်အသင်း(ရန်ကုန်)မှနာယကကြီးဖြစ်သူရုပ်ရှင်နှင့်ဗီဒီယိုဟာသရုပ် ဆောင် ဦးဝင်းနိုင်(အနုပညာ) သည် ယနေ့နံက်၁နာရီခန့်က လေဖြတ်၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ကုသဆောင်၂ခန်း၁၃/၁၄အဆောင်တွင်ဆေးဝါးကုသနေရ ကြောင်းကြားသိရပါ၍ လူရွှင်တော်အသင်း(ရန်ကုန်) ကိုယ်စား ဘဏ္ဌာရေးမှုး ကိုရေချမ်းမှ ထောက်ပံ့ကူညီငွေ၂သိန်းကျပ်တိတိ သွားရောက်ကူညီပေးခဲ့ပါသည်။" တယ်ဆိုပြီး လူရွှင်တော်အသင်းရဲ့ ပြန်ကြားရေးမှူးဦးကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားတာ တွေ့ရပါတယ်။

play

 

ဆေးကုမှု ခံယူနေရတဲ့ ဦးဝင်းနိုင်အတွက် ပရိသတ်တွေ စိတ်မကောင်းဖြစ်လို့နေကြပါတယ်။ အမြန်ဆုံးသက်သာပျောက် ကင်းဖို့အတွက်ကို လည်း ဆုတောင်းပေးနေကြပါတယ်။

ဟာသသရုပ်ဆောင် လူရွှင်တော် ဦးဝင်းနိုင်(အနုပညာ)ဟာ လွန်ခဲ့သော ၁၂နှစ်ကလည်း လေဖြန်းတဲ့ ရောဂါဝေဒနာကို ခံစားခဲ့ဖူးတယ်လို့ သိရပါတယ်။

Photo : ကောင်းကျော်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD