AD
AD
AD
play

 

သရုပ်ဆောင် စိုးသူက သူ့ရဲ့ ဖေ့စ်ဘွတ်မှာ မေလ(၂၂)ရက်နေ့ ညပိုင်းက ပို့စ်တစ်ခု တင်ခဲ့ပါတယ်။အဲ့ဒီပို့စ်လေးက သရုပ်ဆောင် စိုးမြတ်နန္ဒာနဲ့ အတူ တွဲရိုက်ထားတဲ့ ပုံလေး ဖြစ်ပြီး ချစ်သူသက်တမ်း (၅)နှစ်ပြည့်ပြီလို့ ရေးသားထားတဲ့  ပို့စ်လေး ဖြစ်ပါတယ်။  စိုးသူရဲ့ ဖေ့စ်ဘွတ်ပေ့ခ်ျမှာ နှစ်ပတ်လည်အတွက် ဆုတောင်းစကားလေးကို ယခုလို ရေးသားထားတာပါ။

play

 

"Happy Anniversary for 60 months “ I Love You .." ဆိုပြီး ပြောထားတာပါ။ သူတို့နှစ်ယောက်ပုံလေးနဲ့ တင်ထားတဲ့ ပို့စ်အောက်မှာလည်း  ပရိသတ်တွေက ဝိုင်းပြီး ဆုတောင်းစကားလေးတွေကို ဆိုထားတဲ့ ကောမန့်လေးတွေကလည်း အများကြီးပါပဲ။

စိုးသူနဲ့ စိုးမြတ်နန္ဒာတို့ဟာ ခရီးတွေ အတူတူဆိုသလို သွားဖြစ်နေတာကို တွေ့ရပါတယ်။ သူတို့နှစ်ဦးဟာ အနုပညာလောကမှာ နေရာတစ်နေရာစီကို ခိုင်ခိုင်မာမာရရှိထားသူတွေလည်း ဖြစ်ပါတယ်။

play

 

သူတို့ကို ဝေဖန်တဲ့ ပရိသတ်တွေလည်းရှိသလို လိုက်ဖက်ညီတဲ့ စုံတွဲတစ်တွဲဖြစ်တယ်ဆိုပြီး အားပေးထားတဲ့ ပရိသတ်တွေလည်း ရှိပါတယ်။

စီးပွားရေးဘက်ကို ဦးစားပေးလုပ်ဖြစ်နေတဲ့ စိုးမြတ်နန္ဒာက ပိုးထည်ဆိုင်လည်း ဖွင့်ထားပါတယ်။ ယခုလောလော ဆယ်မှာ တော့ သူမက စီးပွားရေးဘက်ကိုပဲ ဦးစားပေးဖြစ်နေပြီး သားဖြစ်သူကို ဂရုစိုက်ဖြစ်နေပါတယ်။

play

 

သားဖြစ်သူရဲ့ ဝေယျာဝစ္စတွေကို လုပ်ပေးရင်း မိခင်တစ်ယောက်ရဲ့ တာဝန်ကို ထမ်းဆောင်နေတဲ့ သရုပ်ဆောင် စိုးမြတ်နန္ဒာ ကတော့ ဇာတ်ကားရိုက်ကူးမှုတွေ နားထားတာကိုလည်း တွေ့ရပါတယ်။

မကြာခင်မှာလည်း စိုးသူရိုက်မယ့် ရုပ်ရှင်ဇာတ်ကားမှာ စိုးမြတ်နန္ဒာက တော်တိုမယ်ရ ဝင်လုပ်ရဦးမယ်လို့ ပြောထားပါတယ်။

 

Photo : စိုးသူ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD