AD
AD
AD
play

 

မေသက်ခိုင်က သူမရဲ့ မိသားစုလေး အကြောင်းကို ဖေ့စ်ဘွတ်ကနေ တစ်ဆင့် ပရိသတ်တွေကို ပြောပြလိုက်တာပါ။  အသက်(၁)နှစ်ခွဲထဲက နိုင်ငံခြားထွက်သွားခဲ့တဲ့ အဖေကို သူမဟာ ဘေးကဖြတ်သွားရင်တောင် မမှတ်မိနိုင်ခဲ့ဘူးတဲ့။

(၅)တန်းလောက်မှာ နောက်အိမ်ထောင်ထပ်ပြုတဲ့အဖေကို မမြင်ဖူးလို့ သူတို့မင်္ဂလာဆောင်မှာ (၄၅)မိနစ်လောက် သွားကြည့်ခဲ့ရတဲ့ အကြောင်းလေးတွေကို ယခုလို ရင်ဖွင့်ခဲ့တာပါ။

play

 

"အသက် ၁ နှစ်ခွဲထဲက နိုင်ငံခြားထွက်သွားတဲ့အဖေ ၅ တန်းနှစ်မှာ နောက်အိမ်ထောင်ထပ်ပြုတဲ့အဖေ အဖေကိုမမြင်ဖူးလို့ သူတို့မင်္ဂလာဆောင်မှာ ၄၅ မိနစ်လောက် သွားကြည့်ခဲ့ရတယ်။ ဘေးကဖြတ်သွားရင်တောင်မမှတ်မိနိုင်ဘူး။ အဲ့ဒီမင်္ဂလာဆောင်မှာပဲ အဖေကသူနဲ့လိုက်နေဖို့ခေါ်တယ်။ တစ်ခါမှမမြင်ဖူးတဲ့လူကြီးနဲ့လိုက်သွားဖို့မစဉ်းစားသလို။ သိတတ်တဲ့အရွယ် မရောက်သေးတဲ့ သမီးကိုမိထွေးနဲ့မထားနိုင်ဘူးဆိုတဲ့စကားနဲ့အမေကမပေးခဲ့ဘူး" တဲ့။

play

 

ဘဝတစ်လျှောက်လုံးကို သူမရဲ့ အမေကပဲ ပြုစုပျိုးထောင်ပေးခဲ့သလို အခုချိန်ထိ အလုပ်တွေ လုပ်ပြီး ကျောင်းတွေတက် ခရီးတွေ ထွက်နိုင်တာဟာလည်း အမေ့ရဲ့ ကျေးဇူးတွေကြောင့်လို့ ဆိုပါတယ်။ ငယ်စဉ်ကတည်းက အဖေ့ကို မုန်းခဲ့တဲ့သူမကို အဖေဟာ အဖေပဲ ဆိုတဲ့ အကောင်းမြင်စိတ်နဲ့ အေးချမ်းအောင်ပြောပေး ဆုံးမပေးခဲ့တဲ့ အမေ့ကို ကျေးဇူးတင်သလို အမေချစ်သမီး သမီးပဲ ဖြစ်ချင်တယ်လို့ ပြောထားပါတယ်။

"ဘဝတစ်လျှောက်လုံး အမေကပဲပြုစုပျိုးထောင်ပေးခဲ့တာအခုအချိန်အထိအသက်ရှင်နေထိုင်ပြီးအလုပ်တွေလုပ်နေနိုင်တာ ကျောင်းတွေ တက် ခရီးတွေထွက်နိုင်တာ အမေ့ကျေးဇူးတွေပဲ တစ်သက်လုံးမှာ အဆက်အသွယ်မလုပ်ခဲ့တဲ့အဖေက အသက် ၂၈ နှစ်ရောက်မှ လာဆက်သွယ်လို့ အခုအဖေနဲ့ခဏလာတွေ့တယ်။ အဖေခေါ်လို့လာတယ် အဖေကလည်းချစ်ပါတယ်။ ငယ်ငယ်က အဖေ့ကိုမုန်းတဲ့ကိုယ်က ဘုရားရှိခိုးအမျှဝေရင်တောင် အဖေနေရာကိုချန်ပြီးရွတ်ခဲ့တယ်။ အဲ့ဒီအမူအကျင့်ကို အမေကသိသွား တော့ပြန် ပြောင်း ပေးခဲ့တယ်။ အဖေဟာအဖေပဲ ဆိုပြီး အကောင်းမြင်စိတ်နဲ့ အေးချမ်းအောင်ပြောပေးဆုံးမပေးခဲ့တယ်

အခုအချိန်အထိအသက်ရှင်ရပ်တည်နိုင်တာ အမေဆိုတဲ့မိန်းမတစ်ယောက်ရဲ့အင်အားနဲ့ပါ ကိုယ့်လမ်းကိုယ်လျှောက်တာချင်းတူပေမဲ့ သမီးတစ်ယောက်ကိုကျောပိုးပြီးလျှောက်ပေးခဲ့လို့ မေကြီးကိုကျေးဇူးတင်ပါတယ်" လို့ သူမရဲ့ ဖေ့စ်ဘွတ်အကောင့်မှာ ရေးသားထားပါတယ်။

play

 

မေသက်ခိုင်ရဲ့ မိသားစု ဘဝလေးအကြောင်းကို ဖတ်ရတဲ့ပရိသတ်တွေလည်း စိတ်မကောင်းဖြစ်နေကြသလို သူမရဲ့ စိတ်ဓာတ်လေး ကိုလည်း လေးစားကြတာကို တွေ့ရပါတယ်။

သရုပ်ဆောင် မေသက်ခိုင်က ထိုင်းနိုင်ငံ ဘန်ကောက်မှာ အနုပညာနဲ့ ပတ်သက်တဲ့ ကျောင်းတက်နေတယ်လို့ သိရပါတယ်။ ဇာတ်ကား ရိုက်ကူးမှုတွေ မတွေ့ရတော့တဲ့ မေသက်ခိုင်ကို ပရိသတ်တွေက ဇာတ်ကားပြန်ရိုက်ဖို့ တောင်းဆိုထားတာ တွေလည်း ကောမန့်တော် တော်များများမှာ တွေ့ရပါတယ်။

play

 

ချစ်စရာကောင်းတဲ့ မျက်နှာလေးနဲ့ ချစ်စဖွယ်အသံလေးကို ပိုင်ဆိုင်ထားတဲ့ မေသက်ခိုင်ဟာ ပရိသတ်တွေချစ်တဲ့ အားပေးတဲ့ အနုပညာရှင်တစ်ဦးလည်း ဖြစ်ပါတယ်။

 

Photo : မေသက်ခိုင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD