AD
AD
AD
play

 

မော်ဒယ် သရုပ်ဆောင် ဘေဘီမောင်က မေလ(၁၉)ရက်နေ့က ဖြစ်ပွားခဲ့တဲ့ မုဒိမ်းကျင့်ခံရပြီး သေဆုံးခဲ့တဲ့  မအေးအေးခိုင် မိသားစုကို သွားရောက်တွေ့ဆုံခဲ့ပါတယ်။ မအေးအေးခိုင်မိသားစု နေထိုင်ရာ ရန်ကုန်တိုင်း၊ ထန်းတပင်မြို့နယ် ဒိတ်ကုန်းကျေးရွာမှာသို့ ဘေဘီမောင်ကိုယ်တိုင် သွားရောက်ခဲ့ပြီး အလှူငွေ သုံးသိန်းကျပ် သွားရောက်လှူဒါန်းခဲ့တာပါ။

play

 

"ရန်ကုန်တိုင်း ထန်းတပင်မြို့နယ်ဒိတ်ကုန်းကျွေးရွာ အုပ်စုပေါက်တန်းကျေးရွာမှာ မေလ၁၉ရက်နေ့မှာဖြစ်ဖွားခဲ့တဲ့ မုဒိမ်းကျင့် လည်လှီး ခံရပြီး သေဆုံးခဲ့ရတဲ့ မအေးအေးခိုင်မိသားစုအား အလှူငွေသုံးသိန်းသွားရောက်လှူဒါန်းခဲ့ပါတယ်ရှင့် အဲဒီအိမ်လေး ရောက်မှဖြစ်စဉ် ကိုတိတိကျကျသိခဲ့ရတာပါ  သားလေး လေးယောက်ရှိပါတယ်  လည်အလှီးခံရတဲ့ခလေးက ဟယ်လ်ပင်ကလေးဆေးရုံမှာပါ အသက်အန္တရယ် မစိုးရိမ်ရတော့ ပါဘူးရှင့်  ကျန်ခဲ့တဲ့မိသားစုလေးအတွက်ဘေဘီနဲ့အတူ အလှူဒါနလေးပြုပေးဖို့ တောင်းဆိုပါတယ်ရှင်  ။ သနားစရာကောင်းပီးချို့တဲ့ တဲ့မိသားစုးလေးအတွက်အလှူရှင်များများပေါ်ပါစေလို့ဆုတောင်းပါတယ်ရှင်" ဆိုပြီး ရေးသားထားပါတယ်။

play

 

သနားစရာကောင်းပြီး ချို့တဲ့တဲ့ မိသားစုလေးအတွက် အလှူရှင်များများပေါ်ပေါက်စေဖို့ကိုလည်း ဆုတောင်းပေးလျက်ရှိပါတယ်။

ဘေဘီမောင်ဟာ ယခုနောက်ပိုင်းမှာ အလှူအတန်းတွေ တော်တော်များများ လုပ်ဖြစ်နေတာကို တွေ့ရပါတယ်။ ဝတ်စားဆင်ယင်မှုက အစပြောင်းလဲလာတဲ့ သူမက ပရိသတ်အားပေးမှု ရရှိထားသူလည်း ဖြစ်ပါတယ်။

play

 

ခန္ဓာကိုယ် အချိုးအစားလေးက ပြောစရာမလိုအောင် လှနေတဲ့ ဘေဘီမောင်အဖို့ မြန်မာဝတ်စုံလေးနဲ့လိုက်ဖက်လွန်းလှပါတယ်။ ယခင်က Sexy ဆန်ဆန် ဓာတ်ပုံတွေကို ဓာတ်ကူးခဲ့ဖူးတဲ့ ဘေဘီမောင်က ယခုနောက်ပိုင်းမှာ မြန်မာဆန် ဆန်လေးတွေကို ပိုအသားပေး ဝတ်ဆင်ကာ မြန်မာဆန်ဆန်ဓာတ်ပုံလေးတွေ ရိုက်ကူးဖြစ်နေသူလည်း ဖြစ်ပါတယ်။

 

Photo : ဘေဘီမောင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD