AD
AD
AD
play

 

ရန်ကုန်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတဲ့ ဟာသသရုပ်ဆောင် လူရွှင်တော် ဦးဝင်နိုင်(အနုပညာ)ဆီသို့ အင်ပါယာအဖွဲ့သားတွေ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်။အင်ပါယာအဖွဲ့သားတွေဟာ ဦးဝင်းနိုင်နဲ့တွေ့ဆုံချိန် စကားတွေ ပြောခဲ့ကြသလို ရတဲ့အချိန်လေးမှာ ပြုစုခဲ့ကြတာကိုလည်း တွေ့ရပါတယ်။

ဦးဝင်းနိုင်(အနုပညာ)အတွက်ကိုလည်း ဆေးဝါးကုသဖို့အတွက် ငွေကျပ် တစ်သိန်း တိတိကိုလည်း သွားရောက်ကန်တော့ခဲ့တယ်လို့ သိရပါတယ်။

play

 

"အင်ပါယာအဖွဲ့ ရန်ကုန်ပြည်သူ့ဆေးရုံကြီး တွင် လေဖြတ်ရောဂါ ဝေဒနာဖြင့် ဆေးဝါးကုသနေသော ဟာသလူရွှင်တော် ဦးဝင်းနိုင်(အနုပညာ) အား သွားရောက်ဂါရဝပြု အားပေးစကားများပြောကြားပြီး ဖခင်ဆရာ ဦးဝင်နိုင်အား ဆေးဝါးကုသရန်အတွက် ၁၀၀၀၀၀(တစ်သိန်းကျပ်တိတိ)အား သွားရောက် ကန်တော့ခဲ့ကြပါသည်ဗျာ။" ဆိုပြီး အင်ပါယာအဖွဲ့ဝင်တစ်ဦးလည်း ဖြစ်လူရွှင်တော်အသင်းရဲ့ ပြန်ကြားရေးမှူးလည်း ဖြစ်တဲ့ ဦးကောင်းကျော်ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

ဦးဝင်းနိုင်(အနုပညာ)ဟာ မေလ(၂၂)ရက်နေ့ နံနက် (၁)နာရီလောက်က လေဖြတ်သွားခဲ့တာ ဖြစ်ပြီး လက်ရှိမှာ ရန်ကုန်ပြည်သူ့ ဆေးရုံကြီး တွင် ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။

ဆေးကုသမှု ခံယူနေရတဲ့ ဦးဝင်းနိုင်ဆီသို့ လူရွှင်တော်အသင်းအဖွဲ့တွေသာမက သဘင်က အနုပညာမောင်နှမသ သားချင်းတွေက သွားရောက်လှူဒါန်းခဲ့တယ်လို့လည်း သိရပါတယ်။ ဆေးကုမှု ခံယူနေရတဲ့ ဦးဝင်းနိုင်အတွက် ပရိသတ်တွေ စိတ်မကောင်းဖြစ် လို့နေကြပါတယ်။ အမြန်ဆုံးသက်သာပျောက် ကင်းဖို့အတွက်ကို လည်း ဆုတောင်းပေးနေကြပါတယ်။

play

 

ဟာသသရုပ်ဆောင် လူရွှင်တော် ဦးဝင်းနိုင်(အနုပညာ)ဟာ လွန်ခဲ့သော ၁၂နှစ်ကလည်း လေဖြန်းတဲ့ ရောဂါဝေဒနာကို ခံစားခဲ့ဖူးတယ်လို့ သိရပါတယ်။

 

Photo : ကောင်းကျော်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD