AD
AD
AD
play

 

သရုပ်ဆောင် ဒေါင်းဟာ ဒီနေ့နံနက်ခင်းပိုင်းက သာသနာ့ဘောင်ထဲသို့ ဝင်ရောက်သွားပြီလို့ သိရပါတယ်။ ရန်ကုန်မြို့ ပုလဲမြို့သစ်မှာ ရှိတဲ့ ရွှေဥမင်ဓမ္မသုခတောရရိပ်သာနဲ့ ပရိယတ္တိစာသင်တိုက်ကျောင်းမှာ သာသနာ့ဘောင်ဝင်ရောက်ခဲ့တာ ဖြစ်ပြီး ရဟန်းဒကာ ဒကာမအဖြစ် ကျော်သူနဲ့ ဇနီးတို့က ခံယူခဲ့တယ်လို့ သိရပါတယ်။

လက်ရှိမှာ သရုပ်ဆောင်ဒေါင်းဟာ ဥူးသုမန ရဟန်းဘွဲ့အမည်နဲ့ တရားအားထုတ်လျက်ရှိကြောင်း ကျော်သူရဲ့ ဖေ့စ်ဘွတ်မှာ ရေးသား ထားတာတွေ့ရပါတယ်။

play

 

"ယနေ့နံနက် ပုလဲမြို့သစ်ရှိ ရွှေဥမင်ဓမ္မသုခတောရရိပ်သာနှင့်ပရိယတ္တိစာသင်တိုက်ကျောင်းတွင်နံနက်(၈:၀၀)နာရီအချိန်တွင်သရုပ်ဆောင်"ဒေါင်း"သည်ဆံချ၍သာသနာ့ဘောင်သို့ဝင်ရောက်သွားခဲ့ပါသည်။ဥူးသုမန ရဟန်းဘွဲ့အမည်ဖြင့်တရားအားထုတ်လျက်ရှိနေပြီဖြစ်သည်။

ရဟန်းဒကာ ဒကာမအဖြစ် ကျော်သူ+ရွှေဇီးကွက်တို့မှခံယူခဲ့ကာ သူငယ်ချင်းအစ်ကိုများဖြစ်သည့် ညီဂျော်၊မောင်မောင်သိန်း လှိုင်နှင့် နာရေးကူညီမှုအသင်းသူ/သားများမှဆံချခြင်း၊သိမ်ဆင်းလောင်းခြင်းတို့အားဝိုင်းဝန်းဆောင်ရွက်ကုသိုလ်ယူခဲ့ကြပါသည်။(ကျော်သူ)" ဆိုပြီး ရေးသားထားတာတွေ့ရပါတယ်။

play

 

ဒေါင်းရဲ့ ပရိသတ်တွေကလည်း ဒေါင်းအတွက် သာဓုခေါ် ကြည်နူးနေကြပါတယ်။ဒေါင်းဟာ ဒီနှစ်ထဲမှာ ပရဟိတအလုပ်တွေလည်း တော်တော်များများ ပြုလုပ်ဖြစ်ပြီး ကုသိုလ်ကောင်းမှုတွေလည်း ပိုမိုပြုလုပ်လာတာေ တွ့ရပါတယ်။ ဒေါင်းဟာ ပရိသတ်အားမှု ရရှိထားတဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ပါတယ်။ ချိုသာတဲ့အပြုံးလေးကို ပိုင်ဆိုင်ထားတဲ့ ဒေါင်းဟာ သူ့ရဲ့ ပရိသတ်တွေကိုလည်းအမှတ်တရလေးတွေ ဖန်တီးပေးလေ့ရှိပါတယ်။သူဟာ ပရိသတ်တွေကို သူ့ရဲ့ မိသားစုလို သဘောထားသလို သူတို့အတွက် အမှတ်တရလေးတွေ ဖန်တီးပေးရတာ ပျော်တယ်လို့ အင်တာဗျူးတွေမှာ ဖြေဆိုဖူးပါတယ်။

play

 

We Love တွေနဲ့လည်း အမြဲလိုလို အလှူအတန်းတွေလည်း လုပ်ဖြစ်တယ်တဲ့။

'' ကျွန်တော့်မှာရှိသမျှ ကျွန်တော့်ပိုင်ဆိုင်မှုနဲ့အမြဲတမ်းဖန်တီးပြီးတော့လုပ်ပေးနေကြပါ။ ဒါပေမယ့်အခု ကျွန်တော့်ဘေးမှာနားမှာ ကျွန်တော်ချစ်တဲ့သူတွေ ပိုများလာတော့ သူတို့တွေနဲ့ အမှတ်တရဖြစ် ကျွန်တော်တို့ရဲ့ Life တွေထဲက တစ်ခုအဖြစ်တစ်စိတ် တစ်ဒေသ ကို အတူပါဝင်ခွင့်ပေးတဲ့သဘောပါပဲ။ အဲ့ဒါက ကျွန်တော့်အတွက်လည်း အမှတ်တရဖြစ်စေတယ်။ သူတို့အတွက်လည်းအမှတ်တရ ဖြစ် စေတယ်။ အဲ့ဒါကိုက ဘဝမှာ တန်ဖိုးရှိတယ်'' လို့ သရုပ်ဆောင် ဒေါင်းက Duwun Media ကိုပြောပြခဲ့တာပါ။

play

 

သရုပ်ဆောင် ဒေါင်း ရဲ့အနုပညာလှုပ်ရှားမှုအနေနဲ့ ထီးကလေးပုံပြင် ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ရိုက်ကူးပြီးခဲ့တာဖြစ်ပါတယ်။ ဒီဇာတ်ကားလေးကို တော့ ဒါရိုက်တာပွင့်သိင်္ဂီဇော်က ရိုက်ကူးထားတာဖြစ်ပြီး သရုပ်ဆောင် ကျော်ကျော်၊ ပိုင်ဖြိုးသု တို့နဲ့အတူတူ ပါဝင်ထားတာဖြစ်ပြီး ကောင်မလေးကို တစ်ဖက်သတ်ချစ်နေရတဲ့ ကောင်လေးတစ်ယောက် ကာရိုက်တာအဖြစ် သရုပ်ဆောင် ထား တယ် လို့သိရပါတယ်။

 

Photo : ကျော်သူ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD