AD
AD
AD
play

 

အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တော်တွင် ကျင်းပပြုလုပ်မယ့် အရှေ့တောင် အာရှရုပ်ရှင်ပွဲတော်မှာ ပြသဖို့အတွက် ထာဝရအမေ ရုပ်ရှင်ဇာတ် ကားကြီး ရွေးချယ်ခံရတယ်လို့ သိရပါတယ်။ အဲ့ပွဲကို စင်ရော်မောင်မောင်က တက်ရောက်မှာ ဖြစ်ပြီး မေလ(၂၄)ရက်နေ့ကနေ (၂၈) ရက်နေ့ အထိ အသံအကယ်ဒမီဆုရှင် ကိုသိန်းအောင်နဲ့အတူ သွားရောက်မှာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

"၁၉၉၄ခုနှစ်​တွင်​ကျင်းပ​သော ပ ထ မ အ ကြိမ် အ​ရှေ့​တောင်​အာရှ ရုပ်​ရှင်​ပွဲ​တော်​ကို က​မ္ဘောဒီးယားနိုင်​ငံ ဖနွမ်းပင်​တွင်​ တတ်​​ရောက်​ခဲ့ပါသည်​။ ယခုအခါ အိန္ဒိယ နိုင်​ငံ နယူ​ဒေလီ မြို့​တော်​တွင်​ ကျင်းပမည့်​ အ​ရှေ့​တောင်​အာရှပွဲ​ရုပ်​ရှင်​တာ်​သို့ Enternal Mother ထာဝရအ​မေဇာတ်​ကားဖြင့်​ ဒု တိ ယ အ ကြိမ် အ​ရွေးချယ်​ခံရပါသည်​။(၂၄).ရက်​​နေ့မှ (၂၈)ရက်​​နေ့အထိ အ သံ အ ကယ် ဒ မီ ဆုရှင် ကို သိန်း အောင် နဲ့ တတ်​​ရောက်​သွားမည်​ ဖြစ်​ပါသည်​။" ဆိုပြီး ပြောထားပါတယ်။

play

 

အိန္ဒိယနိုင်ငံ နယူးဒေလီမှာ ပြုလုပ်မယ့် အရှေ့တောင် အာရှရုပ်ရှင်ပွဲတော်ကို မေလ(၂၅) ရက်နေ့တွင် စတင်ကျင်းပမှာပါ။ ယင်းရုပ်ရှင်ပွဲတော် မှာ နိုင်ငံပေါင်း (၁၁)နိုင်ငံမှ ရုပ်ရှင်ဇာတ်ကားပေါင်း (၃၂)ကားခန့်ကို ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

အရှေ့တောင်အာရှ ရုပ်ရှင်ပွဲတော်ကို ၁၉၆၇ခုနှစ် သြဂုတ်(၈)ရက်နေ့က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ စတင်ကျင်းပခဲ့တာ ဖြစ်ပြီး မြန်မာနိုင်ငံ က ရုပ်ရှင်ဇာတ်ကားတွေကို ၁၉၉၇ ခုနှစ် ဇူလိုင်လ(၂၃)မှာ ဝင်ရောက်ပြသခဲ့တာ ဖြစ်ပါတယ်။

play

 

ဒါရိုက်တာ စင်ရော်မောင်မောင်က ထာဝရအမေရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၂၀၁၇ခုနှစ်အတွက် ကျင်းပပြုလုပ်တဲ့  မြန်မာ့ရုပ်ရှင်ထူးချွန်ဆုပေးပွဲမှာ အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့ပါတယ်။ ထာဝရအမေ မိခင်မေတ္တာဖွဲ့ ရုပ်ရှင်ဇာတ်ကားကြီးကို ပုံဖော်ရိုက်ကူးခဲ့တဲ့ စင်ရော်မောင်မောင်က သရုပ်ဆောင်တွေရဲ့ သရုပ်ဆောင်ပိုင်း သာမက အဘက်ဘက်က မလစ်ဟင်းအောင်ပြင်ဆင်ခဲ့ပြီး ရိုက်ကူးခဲ့တာလည်း ဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားကြီးမှာ နေတိုး၊ မေသန်းနု၊ ဝတ်မှုံရွှေရည်တို့က အဓိကပါဝင် သရုပ်ဆောင်ထားတာဖြစ်ပါတယ်။

 

Photo : စင်ရော်မောင်မောင်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD