AD
AD
AD
play

 

ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ခပ်ဆိုးဆိုး ခပ်မိုက်မိုက် ကာရိုက်တာလေးနဲ့ ပရိသတ်တွေ ချစ်ခင်အားပေးခဲ့ကြတဲ့ အောင်မြင့် မြတ်တစ်ယောက် ဇာတ်ကားတွေ ထပ်မရိုက်တော့ဘူးလားဆိုတဲ့ ပရိသတ်တွေရဲ့ မေးခွန်းတွေကို သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကနေတဆင့် ဖြေကြားလိုက်ပါပြီ။

''ကျွန်တော့်ကို နောက်ကားတွေမရိုက်သေးဘူးလားဆိုပြီး မေးမေးနေကြလို့ပါ။ နောက်ထပ်ရုပ်ရှင်ကားကြီးတစ်ကားရိုက်ဖို့ ၇၀ရာခိုင်နှုန်း လောက် သေချာနေပြီဆိုတဲ့အကြောင်းအင်တာဗျူးတွေမှာလဲ ကျွန်တော်ဖြေခဲ့ပါတယ်။ အဲ့ Film အတွက် အစက Production ဘက်က ကှမ်းလှမ်းတုန်းက Character တစ်ခုပါ။ နောက်တစ်ပတ်လောက်ကြာတော့ အဲ့နေရာမဟုတ်ပဲ သူတို့ Character မှားပြောတာပါဆိုပြီး နောက်တစ်နေရာပြောင်းသွားပါတယ်။ ကျွန်တော်နဲ့အဆင်မပြေဘူးထင်လို့ ငြင်းခဲ့ပါတယ်။ ဒါပေမယ့်ကျွန်တော်နဲ့မှအဆင်ပြေမှာပါဆိုပြီး ထပ်ကမ်းလှမ်းလို့ ဒါရိုက်တာရော တာဝန်ရှိသူတွေနဲ့ပါတွေ့ပြီး ရိုက်ဖို့သဘောတူခဲ့တာပါ။ တစ်လလောက်တောင် ကျွန်တော် ဇာတ်တွေဖတ် ပြီးအဝတ်အစားကအစ သေချာစဉ်းစားခဲ့ပါတယ်။ ပြီးတော့ အဲ့ဇာတ်ကားကိုသေချာလုပ်ချင်လို့ Series တစ်ခု နဲ့ ရုပ်ရှင်ကားကြီးတစ်ခုတောင် မရိုက်ပဲ ဒီကားအတွက်ပဲ သေချာအချိန်ပေးဖို့လုပ်ခဲ့တာပါ'' လို့ ဆိုပါတယ်။

play

 

အောင်မြင့်မြတ်ဟာ ဇာတ်ကားတွေ အများကြီးရိုက်ဖြစ်ခဲ့ရင် ပရိသတ်ကို ပေးချင်တဲ့ အကြောင်းအရာတွေ အပြည့်အဝ မရောက်မှာ စိုးရိမ်မိတယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဘာအလုပ်ပဲ လုပ်လုပ် အလုပ်အပေါ်မှာ အပြည့်အဝတာဝန်ယူချင်တဲ့ စိတ်ကြောင့် ကာရိုက်တာတစ်ခုကို ပိုင်နိုင်အောင် ကြိုးစားနိုင်ပြီဆိုမှ လက်ခံဖြစ်တယ်လို့ ဆိုပါတယ်။ သူ လက်ခံလိုက်တဲ့ ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက်တာနဲ့ တိုင်ပင်ပြီး အဝတ်အစားတွေ အိုက်တင်အပိုင်းတွေကိုပါ သေသေချာချာ ဆွေးနွေးခဲ့ပြီးပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာပါ။

play

 

လက်ခံထားတဲ့ ဇာတ်ကားအတွက် အိုက်တင်အပိုင်းတွေရော၊ အဝတ်အစားပိုင်းတွေရော ပြင်ဆင်ပြီးမှ သူ့ရဲ့ ကာရိုက်တာနေရာမှာ ကမ်းလှမ်းထားတဲ့သူရှိတာကြောင့် မရိုက်ဖြစ်တော့ဘူးလို့ ဆိုပါတယ်။ ဒီကိစ္စအတွက်လည်း သူ့ကိုယ်သူပဲ စိတ်ဆိုးပါတယ်တဲ့။

(မေလ၂၃ရက်) ''မနေ့ကပဲ ဘုတ်အဖွဲ့က ကျွန်တော့်နေရာမှာတခြားလူတစ်ယောက်ကမ်းလှမ်းထားလို့ ကျွန်တော်နဲ့မရိုက်ဖြစ်တော့ကြောင်း ကြားလူက လှမ်းပြီးတောင်းပန်ပါတယ်။ ကျွန်တော်နဲ့မဟုတ်လဲအဆင်ပြေသွားပုံရပါတယ်။ စိတ်တော့မဆိုးတော့ပါဘူး။ ဒါပေမယ့် ကျွန်တော့်ရဲ့နောက်ထပ်ရုပ်ရှင်တွေကိုစောင့်နေကြတဲ့သူတွေအတွက် မရိုက်ဖြစ်တော့တဲ့အကြောင်းလေး လာပြောပြတာပါ။ ဘယ်သူ့ကိုမှ လည်း စိတ်မဆိုးပါဘူး။ ကိုယ့်ကိုယ်ကိုပဲ စိတ်ဆိုးပါတယ်။ ဟုတ်ကဲ့ ဒါပါပဲ။ ကျွန်တော့်ကို အချိန်တွေပေးပြီး ဇာတ်အတွက်သေချာ တိုင်တိုင် ပင်ပင်ရှိခဲ့တဲ့ Director နဲ့ တာဝန်ရှိသူတွေကိုလဲ ကျေးဇူးတင်ပါတယ်'' ဆိုပြီးတော့ ထပ်မံရေးသားထားပါသေးတယ်။

play

သရုပ်ဆောင်အောင်မြင့်မြတ်ကို ဥပါယ်တံမျဉ်ရုပ်ရှင်ဇာတ်ကားကြီးကနေတဆင့် ပရိသတ်တွေအားပေးခဲ့တာပါ။ မိဘမဲ့ကလေး တစ်ယောက်  ဂျစ်ကန်ကန်လူငယ်တစ်ယောက်ကာရိုက်တာနဲ့ သိန်းစိုး ဆိုတဲ့ ဇာတ်ကောင်နေရာက ပါဝင်ခဲ့တာဖြစ်ပါတယ်။ ဥပါတံမျဉ်ရုပ်ရှင်ဇာတ်ကား ရုံတင်ပြီးတဲ့နောက်မှာတော့ အောင်မြင့်မြတ်ကို ချစ်တဲ့ ပရိသတ်တွေ ပိုမိုများပြားလာတာကို တွေ့ရပါတယ်။

 

Photo: အောင်မြင့်မြတ်ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD

AD